ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂/၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၆
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်)
၁။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၁/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဆက်လက်အပ်နှင်းလိုက်သည်။
၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ