စောမင်းလတ်ဘုရား ကျောက်စာ
(မျက်နှာဘက်)
၁၊၂၊၇၅၊၁။
၁“။ နမော ဗုဒ္ဓါယ။ သကရစ် ၅၉၃ခု။
၂ စိတ်ဿနှစ် ၎္တသ္လင်လ္ဆန် ၁၁ ၆ကြာနေအာ ဖုရာ တြျာ သင်္ဃာ
၃ ရတ္တနာသုံပါနှိုက် ရိုဝ်သိယ်မ္လတ်နိုဝ်စွာထသော စŸမင်လတ်သည် သာသနာ
၄ နှိုက် ကောင်တေ ယုံကြည်စွာရုယ် သတ္ထာကြည်ညိုဝ်စွာသဖ္လင် ဆင်ရဲခပ်သိမ် ငြိမ်ရာဖ္လစ်သော နေ
၅ ရပန်ချံသာကိုဝ် လိုဝ်ခ္လျင်သောကြောင် ရှေု ငေဲုစသော ဥစ္စာရတ္တနာမျာစွာစွန်ရုယ်”
[နမော ဗုဒ္ဓါယ။ သက္ကရာဇ် ၅၉၃ခု ဇေဋ္ဌနှစ်၊ တော်သလင်း လဆန်း ၁၁၊ ၆ ကြာနေ့အား ဘုရား တရား သံဃာ ရတနာသုံးပါး၌ ရိုသေမြတ်နိုးစွာထသော စောမင်းလတ် သည် သာသနာ၌ ကောင်းတေယုံကြည်စွာ၍ သဒ္ဓါကြည်ညိုစွာသဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နေရပန်ချမ်းသာကို လိုချင်သောကြောင့် ရွှေ၊ ငွေ စသော ဥစ္စာရတနာများစွာစွန့်၍။]
၁၊၂၊၇၅၊၂။
၁၈“တေဝတတ်ခံသောထက် အဆအရျာ အဆအထောင် အဆ္အသောင် အဆအသိန် တပ္လေါင်ပ္လန် ၂၂
၁၉ ခံစေသတေ”
[ဒေဝဒတ်ခံသောထက် အဆအရာ၊ အဆအထောင်၊ အဆအသောင်း၊ အဆအသိန်း တပြောင်းပြန်ပြန် တပြောင်းပြန်ပြန် ခံစေသတည်း။]
၁၊၂၊၇၅၊၃။
၁၉ ...“အ
၂၀ ထူလေ အရျက် ၆ဝသွာ အလျာအနံ အရျက် ၆၀ ဆဲ သွာသောက္လောက်ဖျာကြီတွင် ခာရု
၂၁ ယ်နှစ်လျက်လျက် ရေလေမရ အစာလေမရ လျှာငာလံ ထွက်လျက် ခံစေသတေ”
[အထုလည်း အရက် ၆၀သွား၊ အလျားအနံ အရက် ၆ဝဆယ်သွားသောကျောက်ဖျာကြီးတွင် ခါးရွေ့နှစ် လျက်လျက်၊ ရေလည်းမရ အစာလည်းမရ လျှာငါးလံ ထွက်လျက် ခံစေသတည်း။]
၁၊၂၊၇၅၊၄။
၂၂“ဤငာပ္လုသောကောင်မှုကိုဝ် ခီပင်ပါသော ရေမ္လေစိုဝ်သော မင်လေကောင်
၂၃ ကြီ ၂စွာသော အမတ်လေေည္ကာင် သူဆင်ရဲလေေည္ကာင် လုဖ္လစ်သောကာ လု
၂၄ မ္လတ် နတ်ဖ္လစ်သောလေ နတ်မ္လတ် ဖ္လစ်စေသတေ”
[ဤငါပြုသောကောင်းမှုကို ချီးပင့်ပါသော ရေမြေစိုး သော မင်းလည်းကောင်း၊ ကြီးကြီးစွာသော အမတ်လည်းကောင်း၊ သူဆင်းရဲလည်းကောင်း လူဖြစ်သော ကား လူမြတ်၊ နတ်ဖြစ်သောလည်း နတ်မြတ် ဖြစ်စေ သတည်း။]
၁၊၂၊၇၅၊၅။
၂၄“စတူမဟာရစ် တာဝတိန်သာ
၂၅ ယာမာ တုဿိတာ နိမာနရတိ ပရနိမ္မိတဝဿွတိ ဤနတ်၏အသက်အတိုင် နေခရုယ်
၂၆ လု၏ည္ဇိုမ် နတ်၏ည္ဇိုမ် ခံစပြိသော အဆုံစွန်ကာ အသိမြတ်သော သု၎္တတိုဝ်
၂၇ တောင်တစွာသော အဖ္လစ်အိုဝ်မင် သေခြင်ကွာသော ရုံနံ ခ္လုပ်ရာ သာယာစွာသော
၂၈ နိဗ္ဗန်ချံသာအာ ရောက်စေလျှင်တေ၊ ၊”
[စတုမဟာရာဇ်၊ တာဝတိံ’သာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ ဤနတ်၏ အသက် အတိုင်းနေခ၍ လူ၏စည်းစိမ်၊ နတ်၏စည်းစိမ် ခံစား ပြီးသော အဆုံးစွန်ကား အသိမြတ်သော သူတော်တို့ တောင့်တစွာသော၊ အဖြစ် အိုမင်းသေခြင်း ကွာသော၊ ရုပ်နာမ်ချုပ်ရာ သာယာစွာသော နိဗ္ဗာန်ချမ်းသာအား ရောက်စေလျှင်တည်း။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |