မာတိကာသို့ ခုန်သွားရန်

လက်ပွတ်ကန်ဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
လက်ပွတ်ကန်ဘုရားကျောက်စာ (သက္ကရာဇ် ၆၀၃)
by သခင်ဖွားကြီးမြေးစိုးမင်း
3067လက်ပွတ်ကန်ဘုရားကျောက်စာသက္ကရာဇ် ၆၀၃သခင်ဖွားကြီးမြေးစိုးမင်း

(မျက်နှာဘက်)
၂၁“ပုစု ၁။ အမှုရ ၁၃။ မြက်ရ ၈။ စတတ် ၁၄။”
[ပုစု ၁၊ အမှုရ ၁၃၊ မြက်ရ ၈၊ စတတ် ၁၄။]

 [သက္ကရာဇ် ၆၀၄]
 (ကျောဘက်)
“။ ။ သကရစ် ၆၀၄ခု ပီသျက်နှစ် ပ္လသိုဝ်လဆန် ၁၃ ရျက်၊ အတိုဝ်သ္ခိင်ဖွာကြီမ္လိ
(ယ်)စိုဝ်မင် မိန်တဝ်မူသော ငာတေ အတည်မယ်သော တြျာဖ္လစ်မူကာ ငာစီသော
သန်ရျင်သည် ကုဟာသည် ထီသည် ယန်သ ခန္တီပေါင် လေါင်လယ် ၅၀ ကုခန်နွယ်နီလယ် ၅၀ ဤ
ယ်မျှသော ကျွန်လယ်ခပင်သကာ ပုရှာ တြျာ သင်္ဃာ ရတနာသုံပါကိုဝ်လျှင် ငာလှူခသတေ။”

[သက္ကရာဇ် ၆ဝ၄ ခု ဝိသာခါနှစ်၊ ပြာသိုလဆန်း၁၃ရက်၊ အတို့သခင်ဖွားကြီးမြေး စိုးမင်းမိန့်တော်မူသော “ငါတည်း အတည်မဲ့သောတရားဖြစ်မူကား ငါစီးသော သန်လျင်း သည်၊ ခဝါသည်၊ ထီးသည်၊ ယဉ်သည်၊ ခန္တီး ပေါင်လောင်လယ် ၅ဝ၊ ကုခန်းနွယ်နီလယ် ၅ဝ ဤမျှ သော ကျွန်၊ လယ်ခပင်းသကား ဘုရား တရား သံဃာ ရတနာသုံးပါးကိုလျှင် ငါလှူခသတည်း။”]


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။