အသင်္ခယာမင်းမတ်မယား ကျောက်စာ
(မျက်နှာဘက်)
၁၊၂၊၆၆၊၁။
၁ “။ ။ သကရစ် ၅၈၆ခု ဖဿနှစ် ကုဆုန်လပ္လည် ဗုတ္တဟူနိယ်။ သ္ခိင်ဝိနယထေရ်က္လောင်အာ။ အသ
၂ င်္ချာမင်မတ်မိယာ သဒ္ဓာပညာကြီစွာသော ဖုန်ဟိယ်သော မိယ္မ ရတနာသုံပါ သာသနာအဆုံရောက်ဩင် ချံ
၃ သာစိယ်ခ္လျင်ရကာ မိမီကိုဝ်စာ လုပ်က္လွည်စိမ်သောငှာ။”
[သက္ကရာဇ် ၅၈၆ ခု ဘဒြနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ သခင်ဝိနယထေရ်ကျောင်းအား အသင်္ခယာမင်းမတ် မယား သဒ္ဓါပညာကြီးစွာသော၊ ဘုန်းရှိသောမိန်းမ ရတနာသုံးပါး သာသနာအဆုံးရောက်အောင် ချမ်းသာ စေချင်ရကား မိမိကိုယ်စား လုပ်ကျွေးစိမ့်သောငှာ။]
၁၊၂၊၆၆၊၂။
၁၊၂၊၄၆၊၄။
၁၂ ...“သ္ခိင်ဥ
၁၃ စ္စနာ ရှုယ်တောင်တာက်သောအာ။ အသင်္ချာ အနန္တသူ အသဝတ်ဓမ္မာ ရာဇသင်ကြံ စတုရင်္ဂသူ ဤ
၁၄ ယ်အမတ် ၅ယောက်သတိုဝ်ကိုဝ် ရာယ်ဆုဟူ ပိယ်တာဝ်မူသော တစ်ယောက်သောလယ် ၇၀၀
၁၅ ။ ၇၀၀ ။ ရစာဧအ်။”
[သခင်ဥစ္စနာ ရွှေတောင်တက်သောအား အသင်္ခယာ၊ အနန္တသူ၊ အသဝတ်ဓမ္မာ၊ ရာဇသင်္ကြံ၊ စတုရင်္ဂသူ ဤ အမတ် ၅ယောက်သောတို့ကို ရဲဆုဟု ပေးတော်မူသော တစ်ယောက်သော လယ် ၇၀၀၊ ၇၀၀ ရစား၏။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |