ကဝိလက္ခဏသတ်ပုံ/အယ်
ပုံပန်းသွင်ပြင်
- ရောင်ခြည်ခြောက်သွယ် ဘဝဂ်ကယ် အံ့ဘွယ်ဆဲ့ရှစ်ဖြာ
- ပရိသတ်လယ် ပျော်စံပယ် ဘုန်းကြွယ်လူ့ထွတ်ချာ
- ရနံ့မပြယ် ပန်းစပယ် ခက်သွယ်နှာမောင်းဖြာ
- မုရင်းတံစယ် ကောက်သန်လယ် ကတွယ်မစိုက်ရာ
- ပျိုပျိုရွယ်ရွယ် နောင့်ဆွေမယ် ချစ်ဘွယ်များသည်သာ
- မင်းဆက်ငါးသွယ် ရှင်ဘို့မယ် နန်းလယ်တင်သည်သာ
- လဟာပြင်ကျယ် မိုးမှာကြယ် ပြိုင်ဆွယ်မနှုန်းရာ
- ပိန်းကောလှေငယ် မြစ်ပင်လယ် အလွယ်မကူးသာ
- အရိပ်နည်းငယ် မကုံကယ် ကုန်စယ်သွားလေပါ
- ဖေါင်းစိမ်းသက်ငယ် ကိုင်းစက်စယ် ပိတ်ကွယ်မိုးရှက်ကာ
- တုံ့ပယ်တုံ့ပယ် ယက်ကန်းရှယ် သွယ်လှယ်ပြန်လူးလာ
- သပ်သပ်ပါယ်ပါယ် ပျိုနုနယ် ထက်ဝယ်ဘွဲ့ခွေကာ
- မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ
- ပြက်ပြက်ပြယ်ပြယ် ငရဲလွယ် မျိုးနွယ်မြတ်ဆန်းသာ
- ရတုချဘွယ် အသွယ်သွယ် ခြောက်ဆယ်ကိရိယာ
- ဆန်းဆန်းကြယ်ကြယ် ပညာကျယ် တဆယ်ဥပစာ
- စင်စင်ကြယ်ကြယ် မျက်စုံချယ် လည်ဝယ်ဆွဲစရာ
- မနှိပ်မနယ် အလမ္ပာယ် ကယ်ဆယ်မစပါ
- ငပြေငဖယ် စက်ဆုပ်ဘွယ် မဝယ်မခြမ်းရာ
- ရေကိုဖလှယ် အိုးသစ်စယ် သံဒယ်မဖြစ်ရာ
- အခြင်ရနယ် မြဲအောင်တွယ် မျှော့မယ်နနှင့်သာ
- ဒီပဲရင်းဝယ် ကိုးသန်းပယ် ထိုနယ်လေးမျက်နှာ
- လက်ဖြင့်ဆုပ်နယ် ကြာပွင့်နှယ် ညှိုးငယ်မဲ့မျက်နှာ
- ပြုံးပြုံးရယ်ရယ် အကယ်ကယ် ကျိန်တွယ်မဲ့သစ္စာ
- ချီချီသယ်သယ် ထုပ်ပိုးလွယ် လဲလှယ်သူ့ဥစ္စာ
- နွမ်းလည်းနွမ်းနယ် ဟင်းနုနယ် သိပ်နယ်မချက်ရာ
- လ္လက်ချောင်းဝယ် မှတ်သောနှယ် ချိန်တွယ်ကိုးဗိဿာ
- ပတ်မှာတံရှယ် ကြိုးဖြင့်သွယ် ညာဘယ်တီးဘို့သာ
- ကိုးကိုးကွယ်ကွယ် ပုဗ္ဗကြယ် ရည်ရွယ်ပတ္ထနာ
- သမင်ဒရယ် ဖြင်ပေါပယ် နကျယ်သတ္တဝါ
- သံတအယ်အယ် သုရကာယ် အပါယ်လေးဘုံမှာ
- ကလနားဝယ် အဖျားသွယ် သံနယ်ဆူးကန့်ကာ
- ယွန်းပြည်ဇင်းမယ် ကျိုင်းကိုးသွယ် မိုင်းကယ်ရှမ်းတို့ရွာ
- မော်တုံမော်ကယ် ရွာမိုင်းအွယ် သုံးဆယ်သီပေါမှာ
- ပြည်အန္တရာယ် ဖြစ်စဘွယ် ပြည်စွယ်မချိုးရာ
- တလိုင်းသဘွယ် လူသူငယ် နောက်ဖယ်မရိတ်သာ
- ကြေးနီတဆယ် ငွေတဆယ် သည်ဖွယ်သုံးဗိဿာ
- သစ်ကြားသစ်အယ် စားချင်ဘွယ် ဓါးဝယ်မြို့ကျေးမှာ
- သလေးကောက်သွယ် နွားနှင့်နယ် ရွှေနွယ်တုသိတာ
- အချင်းအိုဟယ် အာလုပ်သွယ် အဘယ်ခေါ်ဝေါဟာ
- နံနွင်းကသယ် လိမ်းဆီနယ် မီးမယ်ဖျူးပါးမှာ
- မြင်းကျော်ဗွေဝယ် ပြက်သချယ် လယ်ပယ်ဘွဲ့ချင့်စာ
- ရွှေဝမြို့ဝယ် တံခါးငယ် မလွယ်ရှစ်ပေါက်သာ
- ပဲကူးမြို့ဝယ် မွေသောက်သွယ် သပ္ပါယ်ရှုစရာ
- အသွယ်အသွယ် နတ်ပွဲပွယ် နာဘွယ်သူ့နှုတ်လျှာ
- မြက်သီးခပ်ခွယ် အဝကျယ် ညာဘယ်ယမ်းတိုင်းပါ