မာတိကာသို့ ခုန်သွားရန်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅

ဝီကီရင်းမြစ် မှ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅ (1948)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
853ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅1948ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

လုံခြုံရေးကောင်စီ၏ ၂၇၉ ကြိမ်မြောက် အစည်းအဝေးတွင် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၁ မဲ (အာဂျင်တီးနား) တို့ဖြင့် ၁၉၄၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်-

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် အဖွဲ့ဝင်သစ်များတင်သွင်းခွင့်ဆိုင်ရာကော်မတီက တင်ပြသည့်အစီရင်ခံစာကို လက်ခံစဉ်းစားလျက်၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ကုလသမဂ္ဂ၏အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တညီတညွတ်တည်း လက်ခံသဘောတူချက်ကိုအသိအမှတ်ပြုလျက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အထွေထွေညီလာခံသို့ အဆိုပြုသည်။


ဤဖန်တီးမှုသည် ကုလသမဂ္ဂ၏ တရားဝင်စာရွက်စာတမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤအဖွဲ့အစည်း၏မူဝါဒသည် ကုလသမဂ္ဂထုတ်ဝေမှုများတွင်ပါရှိသည်တို့ကို အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားစေနိုင်ရန်အတွက် ၎င်း၏စာရွက်စာတမ်းအများစုကို အများပြည်သူပိုင်အဖြစ် ရည်ရွယ်ထားရန်ဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားထားသော UN Administrative Instruction ST/AI/189/Add.9/Rev.2 အရ အောက်ဖော်ပြစာရွက်စာတမ်းများသည် ကမ္ဘာတစ်ဝှမ်း အများပြည်သူပိုင်ဖြစ်သည်။

  1. တရားဝင်မှတ်တမ်းများ (ကွန်ဖရင့်အစည်းအဝေးများဆိုင်ရာစာတမ်းများ၊ အကျဉ်းချုပ်မှတ်တမ်းများ စသည်)
  2. ကုလသမဂ္ဂအမှတ်တံဆိပ်ဖြင့် ထုတ်ပြန်ထားသော ကုလသမဂ္ဂဆိုင်ရာစာရွက်စာတမ်းများ
  3. ကုလသမဂ္ဂ၏ လှုပ်ရှားမှုများအကြောင်း အများပြည်သူကိုအသိပေးရန် အဓိကရည်ရွယ်ထားသော အများဆိုင်ရာ သတင်းအချက်အလက်များ (ရောင်းချရန်ကမ်းလှမ်းထားသည့် အများပြည်သူပိုင် သတင်းအချက်အလက်များ မပါဝင်)