မာတိကာသို့ ခုန်သွားရန်

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၇၅၈

ဝီကီရင်းမြစ် မှ
ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၇၅၈ (1971)
ကုလသမဂ္ဂ အထွေထွေညီလာခံ
854ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၇၅၈1971ကုလသမဂ္ဂ အထွေထွေညီလာခံ
အမှတ် ၂၇၅၈ (၂၄)။ ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်အခွင့်အရေးများ ပြန်လည်ဖော်ဆောင်ခြင်း

ကုလသမဂ္ဂ အထွေထွေညီလာခံသည်-

ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခြေခံမူများကို ပြန်လည်အမှတ်ရ၍

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားဝင်အခွင့်အရေးများ ပြန်လည်ဖော်ဆောင်ရေးကို ထည့်သွင်းစဉ်းစားခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ကာကွယ်စောင့်ရှောက်ရေးနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းအောက်တွင် တာဝန်ထမ်းဆောင်ရသည့် အကြောင်းနှစ်ရပ်လုံးတို့အတွက် မရှိမဖြစ်လိုအပ်ကြောင်းဟုစဉ်းစားလျက်၊

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်များဖြစ်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံမှ အဖွဲ့ဝင်တစ်နိုင်ငံဖြစ်ကြောင်းတို့ကို အသိအမှတ်ပြုလျက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ၎င်း၏အခွင့်အရေးအားလုံးကို ပြန်လည်ပေးအပ်ရန်၊ ၎င်း၏အစိုးရကိုယ်စားလှယ်များကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုရန်နှင့် ကုလသမဂ္ဂနှင့် ၎င်းနှင့်သက်ဆိုင်သော အဖွဲ့အစည်းများအားလုံးကို တရားမဝင်သိမ်းပိုက်ထားသည့် ချန်ကေရှိတ်၏ ကိုယ်စားလှယ်များကို နှင်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။

၁၉၇၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၊
၂၅ အောက်တိုဘာ ၁၉၇၁။