မာတိကာသို့ ခုန်သွားရန်

ကျောင်းသည်ငပြည့်ညီလင်မယား ကျောက်စာ

ဝီကီရင်းမြစ် မှ
ကျောင်းသည်ငပြည့်ညီလင်မယား ကျောက်စာ (သက္ကရာဇ် ၆၇၇)
by ကျောင်းသည်ငပြည့်ညီလင်မယား
914ကျောင်းသည်ငပြည့်ညီလင်မယား ကျောက်စာသက္ကရာဇ် ၆၇၇ကျောင်းသည်ငပြည့်ညီလင်မယား
  • “။နမော ဗုဒ္ဓာယ သိဓံ။ သကရစ် ၆ရရခု စိဿနှစ် ကဆုန်လ္ဆန် ၁၄
  • ရျက် ၅ နိယ် က္လောင်သည်ငပ္လည်ငိလင်မျာ စတုရင်္ကပိုလ် ကိုဝ် မ္လိယ်စိမ်
  • ကိုဝ်ပန်ရကာ စတုရင်္ကပိုလ် အနုမောတနာခŸရုယ် လှုသော ပေါက္ကုန်တွင် မ္လိ
  • ယ်စိမ်၃+၊ စခိကန်တိုင်တာစွဲတိုဝ်ကိုဝ် ဝတ်စာပိယ်သကာခွက်ရပိသာ ဖျ
  • င်မွန် ၅ထည်။ က္လောင်သည်ငပ္လည်ငိ(။)လင်မျာ နိယ်ရပန်ဆုကိုဝ်လိုဝ်
  • ရကာ ဖုရှာသာသနာတွင် ဓမ္မသာပ္လု၏ ဓမ္မသာကိုဝ်သိံပ္လုတုံ၏ သိ
  • မ်ကိုဝ်လှုသောလဲ ၃+ အိုထုယ်မည်သော ကျွန်တယောက်လဲ၃+
  • လဲကာ သိမ်နှိုက်ဥပိုတ်ပြဝာမူသော သ္ခိင်တိုဝ်ဆွံ ဖ္လစ်စေ သတေ
  • ဤကောင်္မှုကိုဝ်ဖျက်သသူတိုဝ်ကာ ပည္စာနန်တရိတ်ငရဲ ခံစေ
  • ၁၀ သတေ ခိပင်ပါသသူတိုဝ်သကာ ငာနှင်အတု ရစပါစေ သ ေ
  • ၁၁ တ သဗ္ဗသတ္တဝာ လုနတ်တကာအလုံ ရစပါစေသတေ။”

[နမော ဗုဒ္ဓါယ သိဒ္ဓံ။ သက္ကရာဇ် ၆၇၇ ခု ဇေဋ္ဌနှစ်၊ ကဆုန်လဆန်း ၁၄ရက်၊ ၅နေ့ ကျောင်းသည်ငပြည့်ညီ လင်မယား စတုရင်္ဂဗိုလ်ကို မြေစိမ်းကိုပန်ရကား စတုရင်္ဂဗိုလ် အနုမောဒနာခေါ်၍လှူသော ပေါက်ကုန်း တွင် မြေစိမ်း ၃ ၁/၄၊ စာချီကန်တိုင်းတာစွဲတို့ကို ဝတ်စားပေးသကား ခွက်၇ပိဿာ၊ ဖျင်မွန် ၅ထည်၊ ကျောင်းသည် ငပြည့်ညီလင်မယား နေရပန်ဆုကိုလိုရကား ဘုရား သာသနာတွင် ဓမ္မသာပြု၏။ ဓမ္မသာကို သိမ်ပြုတုံ ၏။ သိမ်ကိုလှူသောလယ် ၃ ၁/၄။ အိုထွေးမည်သော ကျွန်တစ်ယောက်။ လယ် ၃ ၁/၄လယ်ကား သိမ်၌ဥပုသ် ပဝါရဏာမူသော သခင်တို့ဆွမ်းဖြစ်စေသတည်း။ ဤ ကောင်းမှုကို ဖျက်သသူတို့ကား ပဉ္စာနန္တရိက်ငရဲ ခံစေ သတည်း။ ချီးပင့်ပါသသူတို့သည်ကား ငါနှင့်အတူ ရစ ပါစေသတည်း။ သဗ္ဗသတ္တဝါ လူနတ်တကာအလုံး ရစ ပါစေသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.