မာတိကာသို့ ခုန်သွားရန်

ကျွဲလိုက်မောင်ထွေး

ဝီကီရင်းမြစ် မှ
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၂၄။ ကျွဲလိုက်မောင်ထွေး
916မောင်ခွေးဖို့ ကဗျာများ — ၂၄။ ကျွဲလိုက်မောင်ထွေးမင်းသုဝဏ်

ကျွဲညိုက ရွှံ့လူးလို့
ကန်ဦးက ဗျိုင်းသူတော်
ငါးမျှော်လို့ ငေး။
လုံကွင်း အနံငယ်နှင့်
ကန်လယ်မှာ ကြာစွယ်နှိုက်တယ်
ကျွဲလိုက် မောင်ထွေး။
မောင်ထွေးရေ နေ့စောင်းပေါ့
ကျွဲမောင်းလို့ ရွာကိုဝင်
ပြင်ပါတော့လား။
ခေါ်သံ အော်သံနှင့်
ချိုပုံမှာ ကြာစွယ်ချိတ်လို့
ရွာထိပ်ဆီ ညောင်ပင်ကြီးကို
ကျွဲ စီးလို့သွား။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။