မာတိကာသို့ ခုန်သွားရန်

ခင်မွန်တောကျောင်းစေတီ ကျောက်စာ

ဝီကီရင်းမြစ် မှ
ခင်မွန်တောကျောင်းစေတီ ကျောက်စာ (သက္ကရာဇ် ၆၉၄)
by ကုသိုလ်ရှင်အမည်မသိသာ
935ခင်မွန်တောကျောင်းစေတီ ကျောက်စာသက္ကရာဇ် ၆၉၄ကုသိုလ်ရှင်အမည်မသိသာ

၂၊၁၊၃၃၊၁။

[ပြင်ဆင်ရန်]
  • ...“ဤငအလှူ
  • ကိုဝ် မိုဝ်နှောင်သံထင် ဖုန်တန်ခိုဝ်ကြိသော သတ္ထာအန်အာနှင်ပ္လည်
  • စုံသော သု၎္တသုမ္လတ်တိုဝ်သည်လေည်ကောင် ငဆွိယ် ငမ္လိုဝ်တိုဝ်သည် ..
  • င် အရိယ်အရံယူရစ်ပိယ်သော သု၎္တတိုဝ်သည်ကာ ဤလူတွင်လေ အနာမ
  • ၁၀ ယ်ဖ္လစ်ရုယ် ဖိယ်အန်တရယ်စသော သတရုခပ်သိမ် ပျောက်ရုယ် နှလုံချံ
  • ၁၁ သာ ကိုဝ်ချံသာဖ္လစ်ရုယ် စည်စိမ်ချံသာနှင်အကွလျှင် ဖ္လစ်စိယ်လျှင်တေ
  • ၁၂ အတည်မယ်သောတြျာ ဖ္လစ်ခသောလေ လူစည်စိမ် နတ်စည်စိမ်
  • ၁၃ ခံစပြီသော အဆုံစွန်ကာ နိယ်ရပန်ဆုအာ ရောက်ရစိယ်ကုန်သ
  • ၁၄ တေ။”

[ဤငါ့အလှူကို မိုးနှောင်းသံထင် ဘုန်းတန်ခိုးကြီးသော သဒ္ဓါအန်အားနှင့် ပြည့်စုံသော သူတော်သူမြတ်တို့သည် လည်းကောင်း၊ ငါ့ဆွေငါ့မျိုးတို့သည်(လည်းကောင်း) အရေးအရံယူရစ်ပေသော သူတော်တို့သည်ကား ဤလူ တွင်လည်း အနာမဲ့ဖြစ်၍ ဘေးအန္တရာယ်စသော သတ္တရု ခပ်သိမ်းပျောက်၍ နှလုံးချမ်းသာ ကိုယ်ချမ်းသာ ဖြစ်၍ စည်းစိမ်ချမ်းသာနှင့်အကွလျှင် ဖြစ်စေလျှင်းတည်း။ အတည်မဲ့သောတရား ဖြစ်ခသောလည်း လူ့စည်းစိမ် နတ်စည်းစိမ်ခံစားပြီးသော အဆုံးစွန်ကား နေရပန်ဆုအား ရောက်ရစေကုန်သတည်း။]

၂၊၁၊၃၃၊၂။

[ပြင်ဆင်ရန်]
  • ၁၄“ဤငာလှူခသောအလှူကိုဝ် ဖျက်ဆိလုယက်စသော သူတိုဝ်သည်ကာ
  • ၁၅ ဤလူတွင်လေ အနာမျာသော ဆင်ငြယ်ကြီသောအသက်တိုဝ်သော ဖိယ်အန်တ
  • ၁၆ ရယ်စသော သတြုခပ်သိမ်ရောက်စိယ်သတေ သိယ် သောလေ ခင်မွန်စသော ကွံမ
  • ၁၇ စာတိုင်ေဩာင်သော မ္လိယ်ပုံအလုံအတိုင် အကံဖာဖာလျှင် ပုရှာပ္လစ်သော တေဝတတ်
  • ၁၈ ခံခြင်ထက် အဆတြျာ အဆတထောင် အဆတသောင် ကိုဝ်မစောင်မပ္လန်ရမူရုယ်
  • ၁၉ အဝစိယ်အထယ်လျှင် ကျက်စိယ်သတေ။”

[ဤငါလှူခသောအလှူကို ဖျက်ဆီးလုယက် စားသော သူတို့သည်ကား ဤလူတွင်လည်း အနာများသော၊ ဆင်းရဲကြီးသော၊ အသက်တိုသော ဘေးအန္တရာယ် သတ္တရု ခပ်သိမ်းရောက်စေသတည်း။ သေသောလည်း ခင်မွန်စသော ကွမ်းမစားတိုင်အောင်သော မြေပုံအလုံး အတိုင်း အကမ္ဘာဘာလျှင် ဘုရားပြစ်သော ဒေဝဒတ် ခံခြင်းထက် အဆတစ်ရာ၊ အဆတစ်ထောင်၊ အဆ တစ်သောင်း ကိုယ်မစောင်းမပြန်ရမူ၍ အဝီစိအထဲ လျှင် ကျက်စေသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.