ချဉ်ပေါင်ရွက်ဘွဲ့ လေးချိုး
ပုံပန်းသွင်ပြင်
ရာသီ သူမလင့်၊
လွန်မမြင့် ပင့်နဂို။
ဖူးပွင့်ရယ် စီရရီနှင့်၊
ရိုးအနီ သန္တာနွဲ့၊
ဆူးလှည့်လို့ခို။
ပြည်ရွှေဘို မူလရင်းပေမို့၊
စားတော်သွင်း မြရွက်ညို
စာဆိုလို့မဆုံး။
အောင်တိုးငယ် ခေါ်၊
ဝက်သားကြော် ဆယ်ပြန်လိုက်တော့၊
မထိုက်တယ်ဆိုလျှင် ခံရမည်၊
နရကန်[၁] ချဉ်ပေါင်ရွက်ကယ်နှင့်ကွယ်
လဲလျက်မသုံး။ ။
မှတ်ချက်
[ပြင်ဆင်ရန်]- ↑ နရကန် = မန္တလေးတောင်ဘက် တံခွန်တိုင်ရွာအနီးရှိ နရကန်ရွာ
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |