မာတိကာသို့ ခုန်သွားရန်

ချိုပေစွဟင်းချို

ဝီကီရင်းမြစ် မှ
ချိုပေစွဟင်းချို
by ဦးကြီး
981ချိုပေစွဟင်းချိုဦးကြီး

တောင်ခါးပန်း[] ရယ်နှင့်၊
ခင်တန်း[] ငယ် ကုန်းမြောင်[]
ကျော့ကွင်း[] ကို ထောင်သည်၊
ခွေးညီနောင် တခင်ခင်[] နှင့်၊
ယုန်ရှင်ကို ဖမ်းခဲ့ပါ့၊
လေးထမ်းတဲ့သည်ဖေကိုယ်၊
တဲအိမ်နေ ကြင်သူက၊
တအူအူ[] ဟစ်ခေါ်လို့၊
အမှာတော်ပါးလိုက်ရှာတယ်လေး။

အိမ်ကိုပြန်လျှင်၊ အကျွန်ကျွန်ုပ်၊
ယုန်တစ်တုတ်[] ကို၊ ခွာဆုတ်ရေလှန်၊
ကျပ်ခိုးခံ[] လို့၊ ပရန္နဝါ[]
ရွက်နုညှာကို၊ ဝါးပြာ[၁၀] ထည့်ကျို၊
အိုးနားတိုနှင့်၊ ခပ်ချို[၁၁] ညစ်တေ၊
ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊
ချိုပေစွဟင်းချိုကို၊
စလောင်း[၁၂] တို အခြေပဲ့နှင့်၊
အာခေါင်မှာ ပူအောင်ထည့်လို့၊
မျိုလှည့်ကွဲ့လေး။

ခက်ဆစ်

[ပြင်ဆင်ရန်]

တမ်းပလိတ်:Reflist

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. တောင်ခါးပန်း = တောင်ထိပ်နှင့် တောင်ခြေအကြားရှိ တောင်စောင်းအရပ်။
  2. ခင်တန်း = ကုန်းမြင့်တောင်တန်း။
  3. ကုန်းမြောင် = ကုန်းမြင့်နှစ်ခုကြား အလျားရှည်၍ အနံကျဉ်းသော ချိုင့်ဝှမ်း။
  4. ကျော့ကွင်း = ယုန်စသည်တို့ကို ကျော့ပစ်ရန် ကြိုးကွင်း၊ ညွတ်ကွင်း။
  5. တခင်ခင် = ကိန်ကိန်၊ အိုင်အိုင် အသံမျိုးပြုလျက်။
  6. တအူအူ = ဆွဲဆွဲငင်ငင် အော်မြည်သည်။
  7. ယုန်တစ်တုတ် = ယုန်တစ်ကောင်။
  8. ကျပ်ခိုးခံ = မီးဖိုအထက်တွင်လုပ်ထားသော စင်(ကျပ်စင်)တွင် သားကောင်များကို အခြောက်ခံသည်။
  9. ပရန္နဝါ = မြေတွင် တွား၍ပေါက်သော အခက်အလက်အရိုးကြွပ်ဆတ်သည့် ဆေးဖက်ဝင်သည့် အပင်တစ်မျိုး။
  10. ဝါးပြာ = ဆားအဖြစ်အသုံးပြုရန် ဝါးကို မီးရှို့၍ရသောပြာ။
  11. ခပ်ချို = ယောက်ချို၊ ဟင်းခပ်ဇွန်းကြီး။
  12. စလောင်း = မြေအိုးအဖုံး စလောင်းဖုံး။