ဂလိယုဂ်ဘွဲ့ လေးချိုးကြီး
ပုံပန်းသွင်ပြင်
အမှန်သာ မှားတော့တယ်၊
အခါးချိုကြတဲ့ ကာလဉာဏ်။
မြွေမူကား ပျောက်၊ ဖားကားမောက်လို့၊
ထက်အောက်ကယ် ပြောင်းပြန်၊
လူမတရားတို့၊ ငွေစများမှ၊
စကားသာ မှန်တော့တယ်၊
ကျန်းဂန်က ပေစာကို၊
လူတကာ ကဗျာရေးလို့ တေးဆိုကြပြန်။
ငွေဖြင့် ခဲမ၊ တန်ခိုးပြ၍၊
ဌာနကပ်ပါး၊ ကျားနှင့်နွားလည်း၊
ဆားနှင့်ဆပ်ပြာ၊ ဤအရာ၊
ပမာပုံဆောင်၊ သူတော်ညှိုးလို့၊
လူဆိုးသာ အောင်တော့တယ်၊ တဘောင်သံမှာ၊ ပြောင်းပြန်ကာလ၊ ခေတ်ပေပ။
လူပဏ္ဍိတ၊ နောက်ဆုံးကျလို့၊
ဗာလရှေ့သွား၊ ငွေစများ၍၊
တရားမညီ၊ တဘိန်းသာ အီတော့တယ်၊
ရွှေနီနှင့် ခပ်ပြာလို၊
ပြိုင်လာလျှင် ပဏ္ဏာမဲ့သူက၊ ရှုံးတဲ့ကာလ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |