မာတိကာသို့ ခုန်သွားရန်

စစ်ချီ လွမ်းချင်း

ဝီကီရင်းမြစ် မှ
စစ်ချီ လွမ်းချင်း
by ဦးကြင်ဥ
1057စစ်ချီ လွမ်းချင်းဦးကြင်ဥ

ဘာမရွံ့ပါဘု၊ သက်စွန့်ငယ်ကြိုးနွံ၊
အဆိုးငယ်လွန်သည်၊ ရဲဖော်ကျွန်ရန်နှိမ်နှင့်၊
အောင်ချိန်သင့်သည့်ရက်ကိုလေး။

ဖူးငုံငယ်ခိုင်လန်း၊ မြိုင်စခန်းမှာ၊
ညချမ်းငယ်နေညို၊ တိုက်စည်မောင်းငယ်နှင့်၊
ရိုက်ငြောင်းသံချိုလှတယ်၊
နှင်ဖြိုလွင့်မြူတိမ်လို၊
ဇေယျသိန် နောင်ရန်ဖက်မို့၊
တိုက်ဖျက်မယ်လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။