မာတိကာသို့ ခုန်သွားရန်

စစ်သူကြီးလောကနတ် ကျောက်စာ

ဝီကီရင်းမြစ် မှ
စစ်သူကြီးလောကနတ် ကျောက်စာ (သက္ကရာဇ် ၇၁၃)
by စစ်သူကြီးလောကနတ်
1062စစ်သူကြီးလောကနတ် ကျောက်စာသက္ကရာဇ် ၇၁၃စစ်သူကြီးလောကနတ်

၂၊၁၊၆၀၊၁။

[ပြင်ဆင်ရန်]
  • “။ သကရစ် ၇၁၃ မင်သီဟမင်ရယ်လက်ထက် စစ်သူကြီလေါကနတ် ခင်မွန်လယ်
  • ရသောခာလျှင် ကောတမဖုရာသ္ခိင်၏ သာသနာ ၅၀၀၀ မကုန်သရှုယ် ရပွေ(တောင်ဥိ)ဖုရာ
  • သ္ခိင်ကိုဝ် သင်ပုတ်ဝတ် ဖ္လစ်စေသတေဟု လေါကနတ်နှင် အသည်ငာကြာ (လဲမ္လေကိုဝ်)
  • အစါရသောလဲဟု နံယုန်လ္ဆန် ၁၀ ရျက် ၅ နိယ်တွင်လေ ဖုရာဆောက်လျှင်ရုယ်
  • အသည်အလါ မ္မိ ယောက်ျာ စါသောက်သည်ကာ နွာတခု ဝက်တခု သောက်စါပါဟု ဤ
  • မျှပုဆိုဝ် ၃ထည် လင်ပန်သုမ်ခ္လပ် ဤမ္လေဖိုဝ်ဟုပေလျှင် ထိုဝ်ခာကာ လေါကနတ်နှင်ငာ
  • ကြာ စါသည်ငုယ်(၃၀) စလောင်(သုမ်)ခ္လပ် (ဤကာ) လေါကနတ်လက်ထက်ပြိ၏”

[သက္ကရာဇ် ၇၁၃၊ မင်းသီဟမင်းရဲလက်ထက် စစ်သူကြီး လောကနတ် ခင်မွန်လယ်ရသောခါလျှင် ဂေါတမ ဘုရားသခင်၏ သာသနာ ၅ဝဝဝ မကုန်သရွေ့ ရပေ (တောင်ဦး)ဘုရားသခင်ကို သင်ပုတ်ဝတ် ဖြစ်စေသတည်း ဟု လောကနတ်နှင့် အသည်ငကြာ လယ်မြေကို အစားရ သောလယ်ဟု နယုန်လဆန်း ၁ဝ ရက်၊ ၅ နေ့တွင်လည်း ဘုရားဆောက်လျှင်း၍ အသည်အလာ မိန်းမယောက်ျား စားသောက်သည်ကား နွားတစ်ခု၊ ဝက်တစ်ခု သောက်စားပါဟု ဤမျှ ပုဆိုး ၃ထည်၊ လင်ပန်း သုံးချပ်၊ ဤမြေဖိုးဟုပေးလျှင် ထိုခါကား လောကနတ် နှင့် ငကြာ စားသည့်ငွေ ၃၀၊ စလောင်း သုံးချပ် ဤကား လောကနတ်လက်ထက်ပြီး၏။]

၂၊၁၊၆၀၊၂။

[ပြင်ဆင်ရန်]
  • ၁၄“အတိုဝ်ပ္လုသော ငကောင်မှုကိုဝ် ခိပင်ပါသသူကာ ငာနှင် ထပ်တူ ရစပါစေသတေ (ဖျက်ဆိသ)
  • ၁၅ (သူကာ) မ္လေပုံလုံမျှမက လါသဖုရာခ္လွတ်ရုယ် မက္လွတ်စေသတေ ငြယ်ကြီ၈ထပ် ငြယ်ငယ်တြျာနှစ်ဆယ်
  • ၁၆ ၈ထပ်အရပ် ဆင်ရယ်တလဲလဲလျှင် ခံစေသတေ လူဟူ သည်လေ နှစ်ဆစ်မဖ္လစ် ကံဖါသစ်ငုတ် ငြ
  • ၁၇ ယ်ဥခြိုဝ် ဖ္လစ်စေသတေ”

[အတို့ပြုသော ငါ့ကောင်းမှုကို ချီးပင့်ပါသသူကား ငါနှင့် ထပ်တူ ရစပါစေသတည်း။ ဖျက်ဆီးသသူကား မြေပုံလုံး မျှမက လာသောဘုရားချွတ်၍ မကျွတ်စေသတည်း။ ငရဲကြီး ၈ထပ်၊ ငရဲငယ် တစ်ရာနှစ်ဆယ့်၈ထပ်အရပ် ဆင်းရဲတလဲလဲလျှင် ခံစေသတည်း။ လူဟူသည်လည်း နှစ်ဆစ်မဖြစ် ကမ္ဘာသစ်ငုတ် ငရဲဥချိုး ဖြစ်စေ သတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.