မာတိကာသို့ ခုန်သွားရန်

စည်းခုံဘုရားကြီး ကျောက်စာ

ဝီကီရင်းမြစ် မှ
စည်းခုံဘုရားကြီး ကျောက်စာ (သက္ကရာဇ် ၇၁၄)
by ဆင်ဖြူသခင်တရားမင်းကြီး
1070စည်းခုံဘုရားကြီး ကျောက်စာသက္ကရာဇ် ၇၁၄ဆင်ဖြူသခင်တရားမင်းကြီး

(မျက်နှာဘက်)

[ပြင်ဆင်ရန်]
  • “၄ အသင်္ဃေ ကမ္ဘာတသိန် ပါရမီဖ္လည်ရုယ် မိမိလျှင် သစ္စာ ၄ပါကိုဝ် ပွင်စင်ပြိေ
  • သာ ဖုရှာသ္ခိင်သည် ခ္လွတ်အပ်သောဗြုံဟ္မာ စသော လူ နတ်ခပ်သိမ်ကိုဝ် ခ္လွတ်ခပြီရုယ် နိပ္ပန်လွန်သနှစ် ၁၈၄၄နှစ်
  • သောအခာနှိုက် တမ္ဗရဒိပ်တိုင်နှိုက်ရောက်သော ခန်မင်ကြီ၏ ၉သိန်မျှလေါက်သော စစ်သည်ကိုဝ် ဩာ
  • င်လိုက်ပြိရုယ် သြိတြိဘဝနာဒိတ္တျာပဝရဓမ္မရာဇာသီဟ သူရမည်သော ဆင်ဖ္လူသ္ခိင်တြျာမင်ကြီ၏ မ္လယ်တမူ
  • ၄ ဖ္လစ်ထသော ရယ်ခြင် တန်ခိုဝ်လုံမ်လ ပြည်ာ သဒ္ဓါအာနှင် ၄ ပ္လည်စိုမ်ထသော လေမျက်နှာသ အရပ်နှိုက် (နေ)လ
  • ကဲသိုဝ် ထင်ရှာစွာထသော သီဟပတိမည်၆ ဆင်ဖ္လူသ္ခိင် တြျာမင်ကြီသည် ဇေယျပူရမည်သော စစ်ကိုင်ပြည်နှိုက်
  • ၄ မျက်နှာမှလါသ ရန်သူတိုဝ်ကိုဝ် နှိပ်စက်လျက် မျောက်သာမျာမိဖုရာနှင်အကွ သကရစ် ၇၁၃ခု တပေါင်လ္ဆန် ၉ ရျ
  • က် ၅ နိယ်နှိုက် နန်တက်တဝ်မူ၏ နန်တက်၎္တမူပြီ သမှ သကရစ် ၇၁၄ ခု အာသတ်နှစ် တပေါင်လ္ဆန်တဆဲတရျက်
  • ၅ နိယ်အာ မိဖုရာနှင်အကွ ဆင်ဖ္လူသ္ခိင်တြျာမင်ကြီသည် ဒုဋ္ဌကာမဏိမင်၏ ရတနစာတီနှင်တူထသော စည်ခုံ ရတနစာတီ
  • ၁၀ မ်တဝ်ကိုဝ် ပ္လူတဝ်မူရုယ် ရှုယ်ကြုတ်ကိုဝ်ကာ ငွယ်ကြုတ် တွင်ထည်၏ ငွယ်ကြုတ်ကိုဝ်ကာ ဆင်ဖ္လူစွဲကြုတ်
  • ၁၁ တွင်ထည်၏ ဆင်ဖ္လူစွဲကြုတ်ကိုဝ်ကာ က္လောက်ကွံကပ်တွင်ထည်၏ က္လောက်ကွံကပ်ကိုဝ်ကာ ေ
  • ၁၂ က္လာက်အတိပ္လူသော ဓမ္မာရာတိုက်တွင်ထည်ရုယ် အသောင်မျှလေါက်မ္လောက်သော အရျာသင်္ဃာ အေ
  • ၁၃ ထာင်မကသော စစ်သူကြီအမတ် အသိန်မကသော ပိုဝ်ပါမိမ ယောက်ျာ မိဖုရာ အစမူသော အရျာ
  • ၁၄ မကသော မိသင်မောင်မတိုဝ်နှင်အကွ တကွန်စာမျှ လေါက်သော သရိရဓတ် အရျာမကသော(ငွယ်)
  • ၁၅ ဖုရှာဆင်ပူတဝ် က္လံဦ၃က္လံ ပိဋကတ်ထည်ရုယ် ဆင်ပူ ထာမနာရုယ် အပြီလေည်တိုင်၏။”

[၄ အသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်၍ မိမိလျှင် သစ္စာ၄ပါးကို ပွင့်စင်ပြီးသော ဘုရားသခင်သည် ချွတ် အပ်သောဗြဟ္မာစသော လူနတ်ခပ်သိမ်းကို ချွတ်ခပြီး၍ နိဗ္ဗာန်လွန်သောနှစ် ၁၈၄၄ နှစ်သောအခါ၌ တမ္ပဒိပ်တိုင်း၌ ရောက်သော ခန်းမင်းကြီး၏ ၉သိန်းမျှလောက်သော စစ်သည်ကို အောင်လိုက်ပြီး၍ သီတြိဘဝနာဒိတျပဝရ ဓမ္မရာဇာသီဟသူရမည်သော ဆင်ဖြူသခင် တရားမင်းကြီး ၏မြေးတစ်မူလည်း ဖြစ်ထသော၊ ရဲခြင်း၊ တန်ခိုး၊ လုံ့လ၊ ပညာ၊ သဒ္ဓါအားနှင့်လည်း ပြည့်စုံထသော၊ လေးမျက်နှာသောအရပ်၌ နေလကဲ့သို့ ထင်ရှားစွာ ထသော သီဟပတေ့မည်သော ဆင်ဖြူသခင် တရား မင်းကြီးသည် ဇေယျပူရမည်သော စစ်ကိုင်းပြည်၌ ၄ မျက်နှာမှလာသော ရန်သူတို့ကို နှိပ်စက်လျက် မျောက်သားမယားမိဖုရားနှင့်အကွ သက္ကရာဇ် ၇၁၃ ခု၊ တပေါင်းလဆန်း ၉ရက်၊ ၅နေ့၌ နန်းတက်တော် မူ၏။ နန်းတက်တော်မူပြီးသောမှ သက္ကရာဇ် ၇၁၄ ခု အာသန္နီနှစ်၊ တပေါင်းလဆန်း တစ်ဆယ့်တစ်ရက်၊ ၅နေ့ အား မိဖုရားနှင့်အကွ ဆင်ဖြူသခင်တရားမင်းကြီး သည် ဒုဋ္ဌဂါမဏိမင်း၏ ရတနာစေတီနှင့်တူထသော စည်းခုံတော်ကို ပြုတော်မူ၍ ရွှေကြုတ်ကိုကား ငွေကြုတ်တွင်ထည့်၏။ ငွေကြုတ်ကိုကား ဆင်ဖြူ စွယ်ကြုတ်တွင်ထည့်၏။ ဆင်ဖြူစွယ်ကြုတ်ကိုကား ကျောက်ကွမ်းကပ်တွင် ထည့်၏။ ကျောက်ကွမ်းကပ်ကို ကား ကျောက်အတိပြုသော ဓမ္မာရာတိုက် တွင် ထည့်၍ အသောင်းမျှလောက် မြောက်သော အရိယာသံဃာ၊ အထောင်မကသော စစ်သူကြီး အမတ်၊ အသိန်းမက သော ဗိုလ်ပါ၊ မိန်းမ၊ ယောက်ျား၊ မိဖုရားအစမူသော အရာမကသော မိဿံမောင်းမတို့နှင့်အကွ တစ်ကွန်းစား မျှလောက်သော သရီရဓာတ်၊ အရာမကသော ငွေဘုရား ဆင်းပုတော်၊ ကျမ်းဦး၃ကျမ်း ပိဋကတ်ထည့်၍ ဌာပနာ၍ အပြီးလည်းတိုင်၏။]

  • *ဌာပနာတိုက်/ဓာတ်တော်တိုက် (?)


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.