မာတိကာသို့ ခုန်သွားရန်

စည်းစိမ်ရှင် လွမ်းချင်း

ဝီကီရင်းမြစ် မှ
စည်းစိမ်ရှင်
by သာဝတ္ထိဦးကြီး
1071စည်းစိမ်ရှင်သာဝတ္ထိဦးကြီး

စည်းစိမ်ကြီးပါဘိ၊ ရုတ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်၊ ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့်၊ ဖွယ်သစ်မြေအင်ရံလို့၊ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်၊ ကြွက်နဖား ပုန်းရည်ကျိုသည်၊ အလိုဗျာ စားပုံတင့်ပါဘိ၊ ခေါင်းမင်း ဆယ်အိမ်ပေမို့၊ အခြေကြီးလှတောင်းကိုလေ။

စားသောက်ဖွယ်ရာ ပြီးသောခါဝယ်၊ ချမ်းသာရိပ်ငြိမ် အခြင်မြေသက်၊ ပင်ထန်းရွက်နှင့်၊ ခေါင်ပျက်အိမ်တွင်၊ စည်းစိမ်ကြီးရှင် ခြေလိမ်တင်လို့၊ ခုတင်ကြမ်းပေါက်၊ သုံးချောင်းထောက်မှာ၊ မှောက်ချည် လှန်ချည်၊ အဆီရယ်ဖိန်း၊ မှိန်းတဲ့ချည်နှင့်၊ မကြည်သန်းဝေ၊ ထည်မင်းပုံနေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ၊ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ၊ သူအိပ်တယ်လေး။


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။