လျက်၊ ရှိန်ငွေ့အာဏာ၊ တည်စိမ့်ငှာလျှင်၊ ဆိုင်ရာ ဆို့,ဆီး၊ အသီးသီး လျှင်၊ အကြီး,အချုပ်၊ မအုပ်နိုင်ပြီ၊ ကစီ,ကလျဉ်၊ ကစဉ်,ကမျော၊ ကရော,ကပါး၊ ပြေးထွက်သွားသော်၊ မြင်းသား ဆင်သည်၊ အတည်တည်လျှင်၊ လှည့်လည် တန့်ရပ်[၁]၊ ဝန်း၍ ကြပ်မှ၊ နောက်တပ် စူးစူး၊ ခံ,ရပ် ပူးလျက်၊ ရှေးဦး တတန့်၊ သေနတ် ကန့်၍၊ မလန့်ကြောက်ဟန်၊ ဆီးကြိုပြန်မှ၊ အတန်တန် တား[၂]၊ သေနတ်များတွင်၊ ရှေ့ဖျား အလယ်၊ နောက်ဆွယ် ရိပ်ကြည့်၊ ဆေး,ခဲ ထည့်၍၊ တလှည့်စီ ခံ၊ တပ်ပေါင်း ထံလည်း[၃]၊ တပ်ရံ လက်နက်၊ ကွာ,မပျက်တည့်၊ စစ်မက် မပြိုင်၊ စစ်ဦးယိုင်ဟု၊ စစ်နိုင် ပီပီ၊ သောင်းသောင်း ညီမျှ၊ ကိုယ်စီ,ကိုယ်င၊ ခံမှ,ခံစေ၊ ရှောင်လေ ဆုတ်ဖိ၊ ပါဋလိသား၊ တွေ့တိုင်း ဝါးချိမ့်၊ တရား ဖုန်းဝှန်၊ နတ်သျှင့်ကျွန်ဟု၊ တံခွန် စိုက်ထောင်၊ အောင်လံ မရုံး[၄]၊ သံပ,ကြုံးသည်၊၊ မိုးလုံး,တပြင် ခြိမ့်ခြိမ့်တည်း။။
၈၇။။ မြို့ပါဋလိ၊ တပ်က ဖိလျက်၊ ခုတ်မိမျှ ခုတ်၊ ဓား, ဒုတ် ရှက်ထိုး၊ မြားမိုး ဖြိုင်ဖြိုင်၊ စစ်နိုင်တို့ ထုံး၊ စုရုံး လှည့်ပတ်၊ သေနတ်,မီး ပေါက်၊ မီးတောက်, မီးလျှံ၊ တက်ပျံ ထိန်ထိန်၊ လက်နက်ရှိန်ကြောင့်၊ ကလိင်္ဂသား၊ စစ်သည်များမူ၊ မသွားသာအောင်၊ ဦးလည်စောင်လျက်၊ ထိုတောင်, ထိုကမ်း၊ ထိုလမ်း တကြော၊ ထိုတော, ထိုခြုံ၊ စုထားပုံသို့၊ မှောက်ခုံ တုံးလုံး၊ မြေ ခေါင်းအုံးလျက်၊ ရှက်ဖုံး အောက်,ထက်၊ ပရွက်,ပလူ၊ ဖြီးထူ နန္တ၊ ဆုံးရှုံးကြ၏။ ကလိင်္ဂမင်း၊ မျက်တော်ပြင်း၍၊ မြို့တွင်းက ထွက်၊ အားတက် အကြံ၊ စီးချင်း ခံလည်း[၅]၊ နောက်ရံ နံတောင်း၊ လက်စောင်း,လက်နား၊ အပါးတော် လူ၊ ဆင်ကူ,မြင်းကူ၊ မည်သူကားငဲ့၊ မရှက်ခဲ့၍[၆]၊ ဘေးမဲ့စိမ့်ငှာ[၇]၊ ဖွေရှာ ဝမ်းတွင်း၊ အကြံသွင်း၍၊ မင်းလည်း လွတ်ရာ၊ ဗိုလ်ပါ လွတ်ကြောင်း၊ နှင်လိုက်,မောင်း သို့၊ တပ်ပေါင်း အခြံ၊ ရှေးနည်း ရံ၍၊ မခံကြနိုင်၊ ပြို,ယိုင် ပျက်စီး၊ သူ့ရန်နီးသည်၊၊ ကြက်သီး,မွေးညင်း စိမ့်စိမ့်တည်း[၈]။။