ဓမ္မဂန်ဘတ်စာ
သည်သားတို့ မသွားနေ့တိုင်း ကျောင်းကန်ရိုင်းသော် နေ့
တိုင်းနားရင်းတုပ်။ နားရင်းတုပ်လျက် ဆိုနှိုင်ခက်သော်
လက်နှင့်ပျင်းပိုးထုပ်။ ဇီဝကပင် ဖြစ်လျှင်ကစား မခေါ်ငြား
သော် သွား၍လွတ်အောင် မကုနှင့်။ နတ်သ္မီးပင် ဖြစ်လျှင်
ကစား သူမျောက်သားကု ဖြောင်းဖျားပြောဆို မလုနှင့်။
သူဋ္ဌေးသားပင် ဖြစ်လျှင်ကစား မင်းဝတ်စားကို မတုနှင့်။
တအိမ်ထွက်ဝင် လင်လည်းမနေ မိန်းမလေကား ရင်၌သား
ကို မချစ်ပါ။ တကျောင်းထွက်ဝင် ကျောင်းစဉ်လည်လှည့်
တပည့်မည်ကာ လူ့ဗာလာကား ဆရာမြတ်ကို မချစ်ရာ။
နံနက်ညခါ သေစာစောင်းညှင်း သီချင်းတလိုက် ကြက်တိုက်
အန်ခတ် လည်ပတ်သွားများ ထိုယောက်ျားကား ဥစ္စာများ
ကို မချစ်ရာ။ ကျောင်းကန်မတဲ လူထဲမလာ တောမှာပျော်
ပိုက် ခွေးတိုက်လေ့လား ချက်စားပြုတ်ကင် လူ့ငဖင်ကား
သူ့အသတ်ကို မချစ်ရာ။ ကောင်းရာလားစု ကောင်းမှုဟူ
သည် မဖြစ်ရာ။ သမီးကညာ ရွယ်ရောက်လာ အခါမရင့်
ပါစေနှင့်။ အခါလင့်က အသင့်မရ ယုတ်သောသူနှင့် ညား
တတ်စွ။ ကိုယ်တွင်ရောဂါ ကပ်ခဲ့လာ အနာမရင့်ပါစေ
နှင့်။ အနာရင့်က သက်နှင့်တမျှ ရှိတတ်စွ။ သားငါး
ရဲရာ သွားလာအတင့်မရဲနှင့်။ ကိုယ်နှင့်ခန္ဓာ ကင်းလွှတ်ကွာ
မကြာခဏ ပျက်တတ်စွ။ မြစ်ကြီးဂင်္ဂါ ကူးသောခါ ဝန်
ပါမလေးပါစေနှင့်။ ဝန်ပါလေးက လှေလေးပေါက်လျက်
မြစ်လယ်ချက်ဝယ် ယက်ယက်ခဏ နစ်တတ်စွ။ ပညာရှိ
လည်း သတိမလျော့ပါစေနှင့်။ သတိလျော့လျက် အကြံပျက်
သော် ကိုယ်ခဏယုတ်တတ်စွ။ လက်မှုနှုတ်မှု စုစုအတတ်
အရပ်ရပ်ကို မှတ်လေလူများ အမျိုးသားတို့ မှတ်သားနိုင်
က ချမ်းသာရလိမ့် ဆုံးမပေရာ လူလိမ္မာတို့ နည်းနာစကား