မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ပူရဏ်ကျမ်း.pdf/76

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်ဖတ်ပြီးပါပြီ

ဓမ္မဂန်ဘတ်စာ


နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဟံသာဝတီ ရန်ကုန်မြို့ အစိုးရလွှတ်တော်က ကြော်ငြာ

ဆင့်ဆိုအပ်သော အမိန့်တော်အတိုင်း အမျိုးလေးပါး လူအ

များတို့ မှတ်သားလေ့လာရန် ဓမ္မဂန်ဘတ်စာကို ကောင်း

စွာ စီရင်ပေအံ့။

အရပ်ရပ်အမျိုးတို့ဘာသာ လိုက်နာကျင့်ယူအပ်သော

သတိသမ္ပဇညတရားမှစ၍ သီလသမာဓိတရားများ၏ အ

ကြောင်း။

လောကသုံးပါးတို့၏ ဦးညွတ်ရာ ဆရာဖြစ်တော်မူသော

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းနှိုက် သီတင်းသုံးနေ

သောအခါ ငါးရာကုန်သော ဒါယကာတို့သည် ဥပုသ်ဆောံ

တည်ခြင်းငှာ ကျောင်းတော်သို့လာကုန်၍ အင်္ဂါရှစ်ပါးနှင့်

ပြည့်စုံသော ဥပုသ်သီလကို ခံယူဆောက်တည်ကြသည်တွင်

ဘုရားသခင်က "ဒါယကာတို့ ယနေ့ ဥပုသ်ဆောက်တည်ခြင်း

ကို ပြုကြကုန်သလော" ဟု မေးတော်မူ၏။ ဆောက်တည်

ပါကြောင်းကို လျှောက်လျှင် "ဒါယကာတို့ သင်တို့သည် အလွန်

ကောင်းမြတ်သောအမှုကို ပြုကြပေကုန်၏။ ဤဥပုသ်ဆောက်

တည်ခြင်းသည်ကား ပညာရှိလှကုန်သော ရှေးသူဟောင်းတို့

၏ ကောင်းမြတ်သော ကျင့်ရိုးကျင့်စဉ်ပေတည်း။ ရှေးပညာ

ရှိတို့သည် မိမိကိုယ်၌ ရာဂသည်၎်း၊ ဒေါသသည်၎်း မာန အစ

ရှိသော ကိလေသာတို့သည်၎်း ဖြစ်လာကုံလတ်သော် ထို

ကိလေသာတို့ကို နှိပ်နင်းခြင်းငှါ ဥပုသ်သုံးခြင်းကို ပြုကြကုန်