တော်မူလော့။ မယှံ၊ အကျွန်ုပ်၏။ နလာဋေ၊ နဖူးပြင်၌။
သုဝဏ္ဏဥဇုဒဏ္ဍံ၊ ရွှေမှန်တိုင်ကို။ ပဿထ၊ ရှုတော်မူလော့
ဟူ၍ ဆုံးမပေးခြင်း နိမိတ်ပြုသောကြောင့် တုရင်ဗိမာန်
တွင် သိကြားရုပ်၏ နဖူးနှင့်အမျှ ရှေ့က မှန်တိုင်စိုက်ထား
လေသည်။ ကုသိနာရုံ၌ သဗ္ဗညုဘုရားသခင်အား သာ
သာနာတော်ကို သိကြားနတ် စောင့်ထိန်းလို၍ လျှောက်ချက်
အတိုင်း အပ်တော်မူသည်ဖြစ်၍ ရှေးစာဟောင်းများတွင်
ရှင်တော်ပွဲဝယ် လွန်ကဲကြံစည် လျှောက်ဖူးသည်နှင့်
ကျင့်ရည်တခြား မိုးသိကြားသည် စကားမညီ မရှိလော
ဟူ၍၎င်း၊ ကောင်းချီးပေးတင့် နတ်ဘုန်းမြင့်လည်း
ငါနှင့်တူရည် ဖြစ်ပြီးသည်ကို လူ့ပြည်ရပ်မှာ သာသနာ
လျှင် ရောင်ဝါရွှန်းရွှန်း လနှယ်ဆန်းလိမ့် ဟူ၍၎င်း၊
ထင်ရှားသာသနာ ယခုခါဝယ် သမ္မာနတ်မွန် စောင့်သည်
မှန်မူ ဟူ၍၎င်း၊ ဘုန်းလျှံကုသိန် စံပယ်ချိန်ဝယ် မုနိန်ဗျာ
ဒိတ် မိန့်နိမိတ်ကြောင့် ဒေဝိဿရာ တေဇာပထင် မြင်း
မိုရ်ရှင်လျှင် လူ့ခွင်မျှော်ကြည့် စောင့်ဆောင်ပြည့်ဟု
ဟူ၍၎င်း စပ်ဆိုလေသည်။ သာသနာတော်ကို သိကြား
စောင်မသည်ကို ရည်၍ နေ့ရက်လနှစ် စွဲမှတ်သည့်
အရာများတွင် သက္ကရာဇဟူ၍ ရေးသားလေသည်။ သက္က
ရာဇာပင် ဖြစ်သည်။
(၄) တုရင်ဝမ်းတွင် နဝရတ်ကိုးပါး နှံထားသည်
မှာ ပုလဲသန္တာ နီလာစိန်ကြောင် ဂေါ်မိတ်ဥဿဖ
ယား ပတ္တမြားမြ ကျောက်ကိုးပါးသည် ဘေးအန္တရာယ်