၍ အဘိသိက်ခံခြင်း၊ မြေရေကို အစိုးရခြင်း၊ အာဒိကပ္ပ အ
စ၏နိမိတ် ထင်ရှားစေလိုသည်ဖြစ်၍ နန်းတွင်းနန်းဦး
ဖြစ်သောကြောင့် မြေနန်းဆောက်လုပ်ခြင်း၊ ရန်သူဖြစ်သော
ကျားကို နိုင်လေလျှင် ဝက်အပေါင်းတို့သည် မြေကို စုပုံ
သဖြင့် ရေသဖန်းထက် တစ္ဆသူကရဝက်မင်းကို နေစေ
လျက် ဝက်အပေါင်းတို့ ကောင်းချီးပေး၍ ရေသွန်းခြင်း၊
တစ္ဆသူကရဝက်မင်းဇာတ်ကို ထောက်၍ မြေနန်းဦး
ဆောက်လုပ်ခြင်း၊ မြေနန်းဟု ခေါ်ဝေါ်သမုတ်ခြင်း ဖြစ်
လေသည်။ မြေအစ ပေါ်ထွန်းကြောင်းကိုလည်း ရှေးစာ
ဟောင်းများတွင် စပ်ဆိုသည်မှာ "အာဒိကပ္ပ ကမ္ဘာ
စ၍ ကျုံးချကုဋေ တသိန်းနေလျှင် ပျက်ကြေစကြဝဠာ
ပေါ်ထွန်းခါဝယ် လဟာပိတ်သန်း ရေကြည်ဝန်းထက်
လေးကျွန်းတည်ခင်း မြေခပင်းတွင် မှန်ကင်းရှေးဖျား
ဖြစ်ထွန်းငြား၍ မြေများအစ်ကိုယ် မြေဗဟိုဟု မဂ်ဖိုလ်
ဆွတ်ချွေ သုံးလူဆွေတို့ ငါးထွေမာရ်လှည်း အောင်မြေ
ဇည်းငယ် ဥဒည်းပြုဗ္ဗာ ရှေ့မျက်နှာက မြေချာ
ပလ္လင် ဗောဓိပင်သို့" ဟူ၍ စပ်ဆိုလေသည်။ "ပုဏ္ဏား
ရှစ်စုံ ညွန့်ငုံဝေဆာ နေဇာမြက်နု ဇယတုဟု ခရု
သင်းစစ် လင်္ကျာရစ်နှင့် နတ်မြစ်မန္ဒာ မင်္ဂလာရွတ်ဖျန်း
ရေသဖန်းထက် မြှောက်သွန်းကျံကျံ ဘိသိက်ခံရှင့်"
ဟူ၍ စပ်ဆိုသည်ကို ထောက်၍ ရဇ္ဇာဘိသေက မုဒ္ဓါဘိ
သေက သီရိပဝေသနာဘိသေက ခံခြင်းတို့၌ အလျားသုံး
တောင်တမိုက်၊ အနံသုံးတောင်ရှိသော ရေသဖန်းပျဉ်ကို