မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ရွှေဘုံနိဒါန်း.pdf/35

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ

ဝဲလက်ျာ ပြော့သားတုရင်သားတို့ကို တဘက်လေး

ယောက်စီ ကြိမ်လုံးစွဲလျက် ပေါင်းထုပ်ရွက်ချွန်း ကျော့

ကွင်းတပ်ပေါင်း၍ စောင့်နေရသည့် အကြောင်းမှာ

ဖြူစောထီးလက်ထက် မယ်တော် နတ်နဂါးက သားတော်

အား အစောင့်အရှောက် နဂါးအမတ် ရှစ်ယောက်ထား

သည်ကို အစွဲပြု၍ ဂဠုန်အန္တရာယ်ကြောင့် ကျော့ကွင်း

ထိပ်၌ စိုက်သည့်သဏ္ဌာန် ပေါင်းထုပ်ရလေသည်။

(၂၆) တံခါးတွင် စောင့်ရသောကြောင့် တုရင်

ဆိုသည်။ တုရင်္ဂဒွါရသည် မာဂဓစကားဖြစ်သည်။ မြန်မာ

ပြန်လျှင် တံခါး ဆိုသည်။ ဘွဲ့ပုံများတွင်လည်း တံခါးမှူး၊ တံ

ခါးစောင့် တို့ကို တုရင်အမည် ဒွါရအမည် ပေးလေသည်။

ပြော့ ဆိုသည်မှာ မြန်မာရှေးစကားဟောင်း ဖြစ်သည်။ တ

ဘက်က နေရသည် ဆိုလိုသည်။ အစဉ်စကားဟောင်းမှာ

ပြော့တဘက်၊ ပြော့လက်တီး ပြော့တဘက်ကယ် ဆို

သည်များကို ထောက်သဖြင့် ပြော့ဆိုသည့် စကားသည်

တဘက်ဆိုကြောင်းကို သိရသည်။ သည်ကိုရည်၍ ရှေး

စာဟောင်းများတွင် "နေရာချနှင့် ရောင်ပြခစား မတ်

နဂါးတို့ ပြော့သားတုရင် နန်းသဘင်ဝယ် စည်ပင်စံပ ခ

စားရ၏" ဟူ၍ စပ်ဆိုလေသည်။

(၂၇) နေရာငါးသွယ်၏ အကြောင်းမှာ မဇ္ဈိမ

ဒေသ တိုင်းကြီးပြည်ကြီးတို့၌ အမတ်ခြောက်သောင်း

တွင် ရွေးချယ်၍ ခြောက်ထောင်၊ ခြောက်ထောင်တွင် ရွေး

ချယ်ပြန်၍ ခြောက်ရာ၊ ခြောက်ရာတွင် ရွေးချယ်ပြန်၍