ပြည်အစို့စို့၊ မြို့အခန်းခန်း၊ နန်းအဆူဆူ ဖြစ်အောင်လည်း တတ်နိုင်ကြသည်။ အစဉ် ချိုပြုံးနေသော အဝိညာဏက အရုပ်ကလေးတွေကိုပင် မဲ့၍လာအောင် စွမ်းဆောင်သည်မှာ သာမည ပညာမဟုတ်ဟု တင်မောင်က မှတ်ချက်ချသည်။
မင်္ဂလာရယ်မှ မဏ္ဍိုင်လေ၊
ရောင်ဆိုင်ငယ်မှ လေးလီ၊
သာမောငယ်စည်၊ နတ်ပြည်ထိလု၊
ပျော်ဖွယ်ကောင်း နတ်ပေါင်းစု၏။
မေရုဗဟို မြင့်မိုထိပ်ပန်၊
ဝေဇယန္တာက သူဇာ၊ နန္ဒ၊
စိတြနှင့် စိတ္တဓမ္မာ၊
ကြင်ယာအများ မိဖုရားပေါင်း၊
ထက်ဖျားငယ်စံ၊ ငန်းရံခ၏။
နတ်များအမှူး၊ လူတို့ပြည်တွင်၊
ပျော်ရွှင်မြူးမည်၊ လာသည်တကား၊
မင်္ဂလာစံခင်း၊ ဂုဏ်ရောင် လင်းပါတဲ့၊
မင်းအများတို့…………… ။
သဘင်ပညာ၏ အစမှာ နတ်သံကပင်ဖြစ်သည်။ နတ်သံကို ဌာန်ကရိုဏ်းကျအောင် မဆိုတတ်ပါက သဘင်ပညာသည်ကောင်း တယောက်ဖြစ်နိုင်ရန် လမ်းမရှိချေ။ သို့ကြောင့်ပင် “သဘင်အစ နတ်သံက” ဟု ဥဒါန်းပြုထားခြင်းဖြစ်သည်။ ဦးငွေသည် တင်မောင်ကို နတ်သံကစ၍ သင်ပေးသည်။ တင်မောင်၏ အသံမှာ