ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ
ရွှေမန်းတင်မောင်
ရွှေက ရွှေမဖြစ်၊ မြေကြီးထဲက ရွှေထွက်သည်။
“အကြော်ဗျာ့ အကြော်”
“လာဦးဟေ့- အကြော်”
“လာပါပြီဗျ အကြော်”
“ဘာကြော်တွေ ပါလဲဟေ့”
“ပဲကြော်၊ ဘူးသီးကြော်၊ ရိုးမှားကြော်၊ ဇမ္ဗူပဒီရွက်ကြော်၊
အောင်ဗလကြော်”
“အမယ် အကြော်သယ်ကလေးက အသံ တယ်ကောင်းပါ
လား။ အပြင်းပြေ သီချင်း အဆိုခိုင်းရအောင်”
“ဘာသီချင်းဆိုရမလဲ မမ”
“မင်းဆိုတတ်တဲ့ သီချင်းကို ဆိုပေါ့ကွယ်”
“ဆိုတတ်တဲ့ သီချင်းတွေကတော့ အများသား၊ မမတို့ နား
ထောင်ချင်တဲ့ သီချင်းကို ဆိုမယ်လေ”
“ဒါဖြင့် ဟိုသီချင်းဆိုကွာ.... အောင်ပင်လယ် တောထဲက ရွှေ
ကျီးညို ဆိုတဲ့ သီချင်း၊ ဆိုတတ်တယ် မှုတ်လား”
ထိုစဉ် အခါက မန္တလေးမြို့ပေါ်တွင် မြခြေချင်း မငွေမြိုင် အငြိမ့်မှာ တော်တော် ခေတ်စားနေသည်။ သူ၏ လူကြိုက်များလှသော သီချင်း တပုဒ်မှာ နန်းတော်ရှေ့ ဆရာတင် ရေးသော “အောင်ပင်လယ် တောထဲက ရွှေကျီးညို” အစချီသော သီချင်းပင် ဖြစ်သည်။