မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:ရွှေမန်းတင်မောင်.pdf/63

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖ်ဖတ်ပြီးပါပြီ

နှီး စကားများနေခြင်း မရှိကြချေ။ သူတို့သည် အချိန်ကျမှ ရှေ့စဉ်နောက်ဆက် စီတန်းပြီး ထွက်လာကြသည်။ အသီးသီး နေရာယူပြီးလျှင် တပြိုင်နက်တည်း တီးမှုတ်ကြတော့သည်။ ပရိသတ် နားမချမ်းသာအောင် တူရိယာကို ဘယ်သူမျှ လက်တဲ့ စမ်းမနေကြချေ။ ပရိသတ်များ မရောက်မီကပင် ပြင်ဆင်ပြီး အသင့် ရှိနေသည်။ ရွှေမန်းသည် သူတို့ကို ဖိတ်ဖိတ်တောက် ဆင်ယင်၍ မထားပါ။ သိမ်မွေ့သော ဣန္ဒြေ သိက္ခာနှင့်ပင် ကြည့်၍ ယဉ်နေပေသည်။

ရွှေမန်းတင်မောင်၏ ဇာတ်အဖွဲ့တွင် ဇာတ်တဖွဲ့လုံး အတွက် ကိုယ်ပိုင် ဆရာဝန်နှင့် ဆေးခန်းရှိသည်။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာပြ ကိုယ်ပိုင်ဆရာ ရှိသည်။ ကိုယ်ပိုင် စာကြည့် ပိဋကတ်တိုက် ရှိသည်။ သူ၏အသက်မှာ ဉာဏ်ထက်မြက်သော ၄၀- ကျော် အရွယ်ဖြစ်၍ ၁၉၅၃ ခုနှစ်က အလင်္ကာကျော်စွာ ဘွဲ့ကို ရရှိခဲ့သည်။ ဇာတ်သဘင် လောကတွင် အလင်္ကာကျော်စွာ ဘွဲ့ကို သူတဦးတည်းသာ ရရှိသေးသည်။

ဇာတ်မင်းသားထဲမှ စာရေး တတ်သူကို ညွှန်ပြပါဆိုလျှင် ရွှေမန်းတင်မောင်ကိုဘဲ ပဌမ ပြရပါလိမ့်မယ်။ သူသည် သဘင်နှင့်ပတ်သက်သော ဆောင်းပါးများကို ရေးနေသူဖြစ်သည်။

ဇာတ်သဘင်သည်တို့သည် ပညာပြန့်ပွါးမှာကို လွန်စွာ စိုးရွံ့ကြသည်။မိမိတို့လက်ဝယ်ရရှိထားသော ပညာကို အခြားတပါးသို့ ပြန့်ပွါးမသွားစေလိုကြပေ။ “ဟင်းစားသာပေးမည်။ ကွန်ချက်ကိုမပြ” ဆိုသော တံငါ စကားပုံကဲ့သို့ပင် ဆရာစား လက်ကိုင်ကိုမူ


၆၂