ဤစာမျက်နှာကို ပရုဖ်ဖတ်ပြီးပါပြီ
( ၃ )
သို့သော်လည်းယခုအက်ဥပဒေပါ မည်သည့်အချက်မှာမျှ၊ မြန်မာနိုင်ငံတော်ဥပဒေပြု
အဖွဲ့အား၊ လက်အောက်ခံ အာဏာပိုင်တို့သို့ အလုပ်ဝတ်တရာများပေးအပ်ခြင်းမှ
တားမြစ်ခြင်းမရှိစေရ။ သို့မဟုတ် တရားရုံးတော်တစုံတရာ၊ တရားသူကြီး တဦးတ
ယောက်၊ သို့မဟုတ်အရာရှိတဦးတယောက်အားဖြစ်စေ၊ရပ်ကွက်ဆိုင်ရာအာဏာပိုင်၊
သို့မဟုတ်အခြားအာဏာပိုင်တစုံတရာအားဖြစ်စေ၊ အိန္ဒိယနိုင်ငံတော်၊ သို့မဟုတ်မြန်
မာနိုင်ငံတော်ဆိုင်ရာတည်ဆဲတရားဥပဒေတစုံတရာအရပေးအပ်ထားသည့်အလုပ်ဝတ်
တရားများကို၊ဘုရင်ခံမင်းကြီးသို့လွှဲပြောင်းပေးအပ်သည်ဟူ၍မှတ်ယူခြင်းမရှိစေရ။
- (၂) မြန်မာနိုင်ငံတော် အမှုဆောင် အစိုးရအခွင့်အာဏာတွင်၊ ဆိုလတ္တံသည့်
အမူအရာများကိုပြုလုပ်ပိုင်ခွင့်ပါဝင်သည်။
- (က) မြန်မာနိုင်ငံတော်တွင်၊ ရေတပ်၊ ကြည်းတပ်နှင့် လေတပ် များကို၊
- အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်၏ကိုယ်စားဖွဲ့စည်းခြင်းနှင့်၊ မြန်မာ
- နိုင်ငံတော်ဆိုင်ရာစစ်အဖွဲ့တွင်ပါဝင်သည့် အသျှင်ဧကရာဇ်ဘုရင်
- မင်းမြတ်၏တပ်တော်များကိုစီရင်အုပ်ချုပ်ခြင်း။
- (ခ) မြန်မာနိုင်ငံတော်အတွင်း၊ အသျှင်ဧကရာဇ် ဘုရင်မင်းမြတ် ပိုင်နယ်
- ပယ်များ၏ အစိတ်အပိုင်းမဟုတ်သော ရပ်ကွက်များတွင်ဖြစ်စေ၊
- ၎င်းရပ်ကွက်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အသျှင် ဧကရာဇ်ဘုရင်
- မင်းမြတ်က၊ သဘောတူစာချုပ်အရသော်၎င်း၊ ပေးအပ်ခြင်းအရ
- သော်၎င်း၊ ထုံးစံဓလေ့ အရသော်၎င်း၊ဝန်ခံချက်အရသော်၎င်း၊
- အခြားနည်းသော်၎င်း၊ ဆောင်ရွက်တော်မူပိုင်သည့် ဆိုင်ရာဆိုင်
- ခွင့်၊ အခွင့်အာဏာနှင့် စီရင်ပိုင်ခွင့်အာဏာများကို ဆောင်ရွက်
- ခြင်း။
- သို့သော်လည်း။—―
- (i) ဆိုခဲ့သည့်အခွင့်အာဏာမှာ၊ လူတဦးတယောက်သည်၊ အသျှင်
- ဧကရာဇ်ဘုရင်မင်းမြတ်၏တိုင်းသူပြည်သားသော်၎င်း၊ မြန်မာ
- နိုင်ငံတော်၊ သို့မဟုတ် အိန္ဒိယနိုင်ငံတော်တွင်ဖြစ်စေ၊ မြန်မာ
- နိုင်ငံတော်၊သို့မဟုတ်အိန္ဒိယနိုင်ငံတော်နှင့် နီးစပ်လျက်ရှိသော
- နယ်ပယ်များတွင်ဖြစ်စေ၊ နေထိုင်သည့် တိုင်းရင်းသားသော်
- ၎င်း၊မဟုတ်လျှင်၊၎င်းသူကိုမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းသည့်
- တပ်များတွင်ဝင်ရောက်အမှုတော်ထမ်းရွက်စေခွင့်၊ သို့မဟုတ်
- စာရင်းသွင်းစေခွင့်အာဏာမပါမဝင်ချေ၊၎င်းပြင်
- (ii)ယင်းသို့သော တပ်တစုံတရာတွင် အမှုတော် ထမ်းရွက်စေရန်
- ကော်မီရှင်အမိန့်တော်များပေးအပ်ပိုင်ခွင့်အာဏာကို၊ အသျှင်
- ဧကရာဇ် ဘုရင်မင်းမြတ်က၊ အထက်တွင် နောက်ဆုံးပါရှိ
- သည့် ပုဒ်မအပိုဒ် (၁) ပါ ပြဋ္ဌာန်းချက်များ အရသော်၎င်း၊
- အခြားနည်းသော်၎င်း၊ လွှဲအပ်တော် မူသမျှတွင်မှတပါး၊ ထို
- ကော်မီရှင်အမိန့်တော်များကို အသျှင်ဧကရာဇ်ဘုရင်မင်းမြတ်
- ကပေးအပ်ရမည်။