မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:UN Charter (Burmese translation).djvu/28

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုမဖတ်ရသေးပါ
အပိုဒ် ၆၉။

စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် မည်သည့်နိုင်ငံနှင့်မဆို အထူးသက်ဆိုင်သော အကြောင်းကိစ္စ တစ်ရပ်ရပ်ကို စဉ်းစားဆွေးနွေးသည်အခါ ထိုနိုင်ငံအား မဲပေးပိုင်ခွင့် မရှိစေဘဲပါဝင်ဆွေးနွေးရန် ဖိတ်ကြားရမည်။

အပိုဒ် ၇၀။

စီးပွားရေးနှင့် လူမှုရေးကောင်စီသည် မိမိ၏ အစည်းအဝေးများနှင့် မိမိဖွဲ့စည်းထားသော ကော်မရှင်အဖွဲ့များ၏ အစည်းအဝေးများတွင် အထူးကိုယ်စားလှယ်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ မဲပေးပိုင်ခွင့်မပြုဘဲ ပါဝင်ရေးအတွက်လည်းကောင်း၊ အထူးကိုယ်စားလှယ် အဖွဲ့အစည်းများ၏ အစည်းအဝေးများတွင် မိမိ၏ကိုယ်စားလှယ်များ ပါဝင်ရေးအတွက်လည်းကောင်း အစီအစဉ်များပြုလုပ် နိုင်သည်။

အပိုဒ် ၇၁။

စီးပွားရေးနှင့် လူမှုရေးကောင်စီသည် မိမိဆောင်ရွက် နိုင်ခွင့်အာဏာရှိသော ကိစ္စများနှင့် သက်ဆိုင်သည့် အစိုးရ မဟုတ် သော အဖွဲ့အစည်းများနှင့် တိုင်ပင်နှီးနှောရန် သင့်လျော်သော အစီအစဉ်များကို ပြုလုပ်နိုင်သည်။ အဆိုပါ အစီအစဉ်များကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြုလုပ်နိုင်သည့်အပြင် သင့်လျော်သောကိစ္စတွင် သက်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံနှင့် တိုင်ပင် ဆွေးနွေးပြီးနောက် ထိုနိုင်ငံဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပြုလုပ်နိုင်သည်။

အပိုဒ် ၇၂။

၁။ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် မိမိ၏ ဥက္ကဋ္ဌ ရွေးချယ်နည်း အပါအ၀င် မိမိ၏ လုပ်ငန်းစဉ်နည်းဥပဒေများကို မိမိကပင် ပြဋ္ဌာန်းရမည်။

၂။ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် မိမိ၏ လုပ်ငန်းစဉ် နည်းဥပဒေများနှင့် အညီ လိုအပ်သလို အစည်းအဝေးများကျင်းပရမည်။ ထိုနည်းဥပဒေများတွင် ကောင်စီဝင်နိုင်ငံအများစု၏ တောင်းဆိုချက်အရ အစည်းအဝေးများ ဖိတ်ခေါ်ကျင်းပရေးအတွက် ပြဋ္ဌာန်းချက်လည်း ပါဝင်ရမည်။