မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:Weekly thunderer 0101.pdf/2

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ

ဂျာနယ်ကျော်နှင့် မြန်မာပြည်ဇာတ်ခုံကြီးဘွဲ့ လေးချိုးကြီး

ဂိုဏ်း,အလီလီအလာလာ ကြခတ်ရုံမရှင်းသလိုပ။ တိုင်းပြည်

မှာ နှပ်ပုံအခင်းတို့ကိုဖြင့်။ ဒလစပ်အကုန်လင်းအောင်ပ ထုတ်လို့

မညှာတကယ်ဆော်။ (မိတ်ဆွေတို့ရယ်) ဇာတ်ခုံရှင်းရပေလိမ့်

ကျွန်ုပ်တို့ဂျာနယ်ကျော်။ ဪ ကိုးဆယ်တစ်ရယ်ကြောင့်။

မျိုးချစ်တွေ မကြည်တုန်းတွင်မှ။ ပြည်ဖုံးကို အသာမ,လိုက်တော့။

ဌာနရယ်ဆိုင်ရာရာ၌။ စတိုင်ပါဝါတံခွန်ထီးလိုပ။ ဝန်ကြီးတွင်

အချုပ်ပိုလို့နှင်းရပါတဲ့။ ပုဂ္ဂိုလ်တသင်းဆိုတာမှာ နဂိုရ်ဝါသနာ

အကျင့်ပေထင့်။ အပေါင်းမြန်မာကောင်းရာအခွင့်ကိုတော့။

ထုတ်ဖွင့်ကာအတိုက်အခံမလုပ်တဲ့ပြင်။ လက်အုပ်ကယ်တပြင်ပြင်

ဟန်နှင့်။ ဘုရင်ခံကိုတင်ဆလံထားရာမှ။ မှန်ပဘုရားအပြင် ကျန်သမျှ

စကားအစဉ်ကို မမြွက်ဝံ့တာကြောင့်။ သက်သက်ပင် ပိုသလောက်ပါ

ဘဲ။ ထိုနောက် မှန်ရာလင်းရမှာဖြင့်။ ကတိအညွှန်မှာ ပြည့်ဝန်နှင့်

မကင်းကြပါတဲ့။ ပစပ်ကျယ်ကျယ် အမတ်ငယ်တသင်းတို့မှာတော့။

ပျော်ခင်းကိုပျော်ဘွယ်ဆင်၍၊ ဟော်တယ်တွင်မြာအချောင်နှင့်

ပလူးတဲ့ပြင်။ ဝီစကီပါ ဘီယာမူးရာမှ။ မြူးထူးကာတရွှင်ရွှင်မေ့

ပါလို့။ တွေ့ရမလျော်အောင်နော်ကွယ်။ ကလေ့းတမျှ တဆွေ့

ဆွေ့ထပါလို့ မွေ့ကြသနော်။ ရက်စက်စွာဓနရှင်တသင်းမှာ

တော့။ သက်သက်မညှာ ရလျှင်ညှဉ်းမည်ဟု။ ဒမြအသွင် တင်းပါ

လို့ မြှိုက်စရာမြှော်။ နှိုက်ခါကလော်တာကြောင့် ချို့ကြရရှာပြီ

တကား။ (အိုဗျာ) အလိုဘာသာမပျော်နိုင်ရှာလေဘူး တို့ဗမာ

ဌာနီတလွှား။ ထို့အပြင် တချို့ကွယ်လူငယ်လွင်တို့က။

ယူမယ်တမင်စေတနာစောပါလို့။ ဆွေတရာလေဝါယောရယ်နှင့်

အပြောမှာ ဉာဏ်စုံပွေလျက်။ ရံပုံငွေလို့ ဤစာရင်းတွေနှင့်။

တိုင်းပြည်ကို အလှိုင်းအပလီနှင့်ညှဉ်းရှာကြ။ ဘယ်သင်းရယ်

ဘယ်အရာမှ။ တွယ်အတာကိုးစားတို့ဝေးတာကြောင့်။ အမျိုးသား

ရေးဆိုတာ ဒါတွေလားရယ်လို့။ ခရိုင်အတန်တန် နိုင်ငံကကြား

အောင်ပ။ စကားရယ်ပေါ်လွင်စွာနှင့် ကြော်ငြာသလို အော်ကာ

သာမေးလိုက်ချင်တော့။ ရှုပ်ထွေးပုံ သည်စနစ်တို့ကိုဖြင့်။ ထုတ်လှစ်

ကာ မတာမတွယ်ဆော်ဘို့။ ဂျာနယ်ကျော်အသုံးခံထွက်ရပါပေါ့။

(အိုဗျာ) တက်ကပ်ကာလကဲ့သို့ ဗမာ့ဘဝဇာတ်အလာပွားရန်ဘို့။

(မိတ်ဆွေတို့ရယ်) ရက်သတ္တာအကျအကျတွင်ဖြင့်။ အဆက်မပြတ်

ထာဝရ မရမကဖတ်ပါအများ။