မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:Weekly thunderer 0101.pdf/23

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုမဖတ်ရသေးပါ

ရွှေမော်ဓေါစေတီတော်ကို ဖူးမျှော်ကြရတော့မည်လော

ရွှေမော်ဓောစေတီတော်ကြီး ငလျင်ခ၍ ပြိုကျပျက်စီးနေသည်မှာ နှစ်ကာလအတန်ကြာမြင့်ခဲ့လေပြီ။ အသစ်ပြန်လည်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ လက်ရှိဘဏ္ဍာလူကြီးများ၏ အပြုအမူကို မကျေနပ်သဖြင့် တိုင်းပြည်၌ အတော်ပင် ဆူပူစိတ်ဝင်စားခဲ့ကြ၏။ ယခုအခါ ဘဏ္ဍာထိန်းလူကြီးများက တိုင်းပြည်၏အလိုသို့ စည်းကမ်းချက်ဖြင့် လိုက်လျောရန် သဘောတူကြလေပြီ။ ရွှေမော်ဓောစေတီတော်ကြီးကို ဖူးမျှော်ကြရတော့မည်လော

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီးကို အသစ်တဖန် ပြန်လည်တည် ဆောက်ရေးကိစ္စမှာ နှစ်ပေါင်းအတန်ကြာမြင့် ခဲ့ပြီဖြစ်ရာ ယခုအခါ ဆုံးခန်းတိုင်ရောက် အောင်မြင်ထမြောက်ဘို့ နီးကပ်လာပြီဟု ဆိုရ ပေတော့မည်။

၁၃၀၁ ခုနှစ်၊ ကဆုန်လဆုတ် ၁၂ ရက် နေ့က ပဲခူးနယ်သူနယ်သားတို့ လွှဲအပ်ထား သော ၁၈ ဦးကော်မတီသည် ရွှေမော်ဓော ဘဏ္ဍာတော်ထိန်းလူကြီးများထံ ရွှေမော်ဓော စေတီတော်ကြီးကို အုဌ်ဖြင့် ၁၂၇၉ ခုနှစ် မပြို ပျက်မီက ပုံတော်အတိုင်း အခိုင်ဆုံးနည်းစနစ် နှင့် ပြင်ဆင်တည်ထားမည်ဟု ဆုံးဖြတ်ခဲ့သော် လည်း ယခု ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် လူ ကြီးများ ထောံခံထားပြီးဖြစ်သော ပုံတော်အ တွက် ကုန်ကျပြီးသည့်စရိတ်ငွေများနှင့် စပ် လျဉ်း၍သော်၎င်း၊ နောံထပ်ပုံသစ် ရှာဖွေစုံစမ်း ရာ၌ ကုန်ကျလတံ့သော စရိတ်ငွေများအ တွက်သော်၎င်း၊ တာဝန်မထါးသည့်အပြင် အ ထက်ပါအတိုင်း အုဌ်ဖြင့် တည်ထားခဲ့သော် တ စုံတရာ ကန့်ကွက်မည်မဟုတ်ကြောင်းဖြင့် ရေး သားပေးပို့လိုက်ကြောင်း။

ဘဏ္ဍာတော်ထိန်းလူကြီးများက ထိုစာ ကို စဉ်းစားပြီးလျှင် (၁) အုဌ်၊ ထုံး၊ သရွတ်နှင့် မြန်မာမင်းများ ပုဂံမြို့တွင် တည်ဆောက်သော နည်းစံနစ်အရ တည်ဆောက်ပြုပြင်ရန် ပုံတော် ကို ၁၉၃၃ ခုနှစ်က ၃ လတိုင်တိုင် အင်္ဂ လိပ်မြန်မာသတင်းစာများတွင် ကြော်ငြာရှာ ဖွေပြီးဖြစ်သောကြောင့် ယခုတဖန် ထပ်မံရှာ ဖွေရန် မလိုဟု ထင်မြင်ကြောင်း။ (၂) သို့သော် ရ ဟန်းရှင်လူတို့၏ ဆန္ဒအတိုင်း လိုက်လျော၍ ၁၈ ဦးအဖွဲ့ဝင်များက အုဌ်နှင့် အခိုင်ဆုံးပုံ တော်ကို ထပ်မံရှာဖွေလိုသေးလျှင် ထပ်မံရှာ ဖွေရန် ဘဏ္ဍာတော်ထိန်းအဖွဲ့က အောက်ပါ စည်းကမ်းချက်များနှင့်ညီညွတ်သော ပုံတော် ကို ရှာဖွေပေးသွင်းဘို့ အခွင့်ပြုရန် ရှာကြံပေး သွင်းနိုင်က ဝမ်းမြောက်စွာနှင့်လက်ခံရန် ဆုံး ဖြတ်ကြကြောင်း။

စည်းကမ်းချက်များ

(က) ၎င်းပုံတော်အရ စေတီတော်ကြီး

ကို ပြုပြင်ရာ၌ ခန့်မှန်းချေ တန်ဘိုးအရပ်ရပ် မှာ လက်ရှိဘဏ္ဍာတော်ငွေ ကိုးသိန်းခန့် သာ ရှိသဖြင့် ထိုငွေထက်မပိုသော လေဒဏ် နှင့်မြေငလျင်ဒဏ်ခံနိုင်သော ပုံတော် ဖြစ်စေ ရမည်။

(ခ) ပေးသွင်းသော ပုံတော်သည်

၁၉၃၀ ပြည့်နှစ် မြေငလျင်ဘေးကြောင့် ကွဲအက်လျက်ရှိကြောင်းနှင့် တတ်ကျွမ်းနား လည်သည့် အင်ဂျင်နီယာပုဂ္ဂိုလ်ကြီးများက သတိပေးထားချက် ရှိနေပါသောကြောင့် ထို ဘေးမှ ကာကွယ်သော စီစဉ်ချက်ပါရှိသည့် ပုံတော် ဖြစ်စေရမည်။

(ဂ) ဗြိတိသျှနိုင်ငံတော်အတွင်း အသိ

အမှတ်ပြုထားသော အင်ဂျင်နီယာအဖွဲ့ဝင် တဦးဖြစ်စေ၊ ပိုမို၍ဖြစ်စေတို့က ၎င်းပုံတော် အတိုင်း ပြုပြင်က ခိုင်လုံသည့်အပြင် ယခုရှိနေ သော ကုန်းတော်အခြေအနေနှင့်လည်း သင့် လျော်သည်ဟု ဝန်ခံချက်များ ပါရှိစေရမည်။

(ဃ) ၎င်းပုံတော်ရှာဖွေရန် ၃ လ

အချိန်ပေးမည်။ ၎င်းအချိန်ထက် မကျော်လွန် စေရ။

(၃) အထက်ပါစည်းကမ်းချက်များနှင့် ညီညွတ်သော ပုံတော်ကို ၁၈ ဦးအဖွဲ့ဝင် များက ရှာဖွေပေးသွင်းနိုင်ပါလျှင် ၎င်းပုံတော် နှင့်စပ်လျဉ်း၍ တရားသဖြင့် ကုန်ကျသော စ ရိတ်များအတွက် ဘဏ္ဍာတော်ထိန်းအဖွဲ့က လုံးဝ တာဝန်ယူလိမ့်မည်။

(၄) အထက်ပါစည်းကမ်းချက်များအ တိုင်း ဆောင်ရွက်ရန် ၁၈ ဦးအဖွဲ့ဝင်တို့က တာဝန်ယူသည့်နေ့မှစ၍ ၃ လအတွင်း မ ပေးသွင်းနိုင် ပျက်ကွက်ခဲ့ပါလျှင် စေတီတော် ကြီးကို အုတ်ဖြင့်တည်ဆောက်ပြုပြန်ရန် မ ဖြစ်နိုင်တော့ပြီဟူ၍ ယူဆခါ ဘဏ္ဍာတော် ထိန်းအဖွဲ့မှ အကောင်းဆုံး အခိုင်ဆုံးဟူ၍ ယူ ဆပြီးလျှင် မူလက ရှာဖွေလက္ခံပြီးဖြစ်သော ပုံတော်နှင့်ပင် စေတီတော်ကြီးကို ရဟန်း ရှင်လူ ပြည်သူပြည်သားအပေါင်းတို့က အမြန် ဖူးမျှော်လိုသောဆန္ဒအတိုင်း ထပ်မံ၍ အချိန် မကုန်လွန်စေဘဲ ဆက်လက်ပြုပြင် မွမ်းမံပြင် ဆင်ရန်အတွက် စီမံဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် ဆုံးဖြတ်ပြီး အစည်းအဝေး ရုပ် သိမ်းလိုက်ကြောင်း။

ဦးဝိစာရကျောက်ရုပ်

ဆရာတော်ဦးဝိစာရကျောက်ရုပ်ကို ရန် ကုန်မြို့၊ ဗွိုင်လမ်းနှင့် အလုံလမ်းဆုံရာ စက် ဝိုင်းကြီး၏အလယ်ဗဟိုရ်၌ တည်ထားကိုး ကွယ်ရန် ဆုံးဖြတ်အတည်ပြုလိုက်ပြီ ဖြစ် ကြောင်း။

စာရေးများ စည်းဝေးမည်

မြန်မာတပြည်လုံး စာရေးစာချီများ၏ အ ခွင့်အရေးများ ရရှိရန် စည်းလုံးညီညွတ်ကြဘို့ အတွက် အသင်းဖွဲ့စည်းရန် ရည်ရွယ်ချက်ဖြင့် ယနေ့ မေလ ၂၇ ရက်၊ စနေနေ့ညနေ ၃ နာရီ အချိန်တွင် ရန်ကုန်မြို့၊ ၃၅ လမ်း၊ တိုက်နံပါတ် ၆၀-၆၄ တွင် အစည်းအဝေးတခု ကျင်းပ လိမ့်မည် ဖြစ်ကြောင်း။ ထိုစာရေးများသည် ကျွန်ုပ်တို့ဂျာနယ်ကျော် စာမျက်နှာ ၅ ၌ ဖေါ် ပြပါရှိသော အချက်တို့ကို ဘတ်ရှု၍ တပါ တည်းစဉ်းစားရန် ကောင်းလှပေကြောင်း။

ဘာသာပြန် ၂ ဦး ခန့်ပြီ

အသက် ၇၀ ကျော် သတို့သားကြီး