မာတိကာသို့ ခုန်သွားရန်

စောင်းတော်ပိုက် နွယ်သာကီသံဖြတ်

ဝီကီရင်းမြစ် မှ
စောင်းတော်ပိုက်
by ပုဇွန်တောင် ဆရာခ
1160စောင်းတော်ပိုက်ပုဇွန်တောင် ဆရာခ

ပေါင်းဖော်ထိုက်သကို့ ညာမဲ့ဌာနေ၊ စောင်းတော်ပိုက်လို့ လာခဲ့ပါလေ။
ပေါင်းဖော်မွေ့ဘို့ ညာမဲ့ဌာန၊ စောင်းတော်ပွေ့လို့ လာခဲ့ပါဖေ။

ထန်ပုံမာန်ပုံ ရန်ကုန်ထဲက၊ သံစုံဆွဲတို့ ထလှတယ်လေ။
တယောပုလွေ မိချောင်းများနှင့်၊ မာန်ဂုဏ်ပျော်ကာ မရပ်မနား၊
ပတ္တလားတို့ ထလှတယ်လေ။
လောင်းကျော်ကြောင်းမြော် သောင်းမော်ခရီးက၊ စောင်းတော်ကြီးနှင့် ကြိုလှည့်ပါဖေ။

ညံညံကျွတ်ကျွတ် တတဲ့ခါတွင်၊ မြန်မြန်ထက်ထက် ကြွခဲ့ပါရှင်။
ရုန်းထွက်ထွင်းဖောက် မှန်းတဲ့ခါတွင်၊ သုံးရက်တွင်းရောက် လှမ်းခဲ့ပါရှင်။

သုံးရက်ကိုသာ မလာအားလို့၊ ကိစ္စများစွာ ထွေးရှက်ခြင်းကြောင့်၊
မိတ်လှတပါးမှာ အေးကွက်နင်း၊ လေးရက်တွင်းရောက် ကြွခဲ့ပါရှင်။

လေးရက်ကျလို့ မကြွလာလျှင်၊ ခဏမကြာ ကြားဖျက်ခြင်းကြောင့်၊
နှမကလျာ အားပျက်ယွင်းပေါ့၊ ငါးရက်တွင်းရောက် ကြွခဲ့ပါရှင်။

ငါးရက်ကိုသာ မလာကြွ၊ အခါသမယ ရှောင်ထွက်ခြင်းကြောင့်၊
မကြာခဏ အောက်သက်လင်း၊ ခြောက်ရက်တွင်းရောက် ကြွခဲ့ပါရှင်။

သည်ကပိုအောင် မစောင့်စားဘူး၊ သက်ဝေရက်ရှေ ရက်ရှေလျားလို့၊
ကံထားရာ ကျွန်တော်မမှာ၊ ဖူးစာလက်စ အကြောင်းမိုက်လို့၊
လောင်းမော်ဆိုက်ခဲ့ နှစ်ရှေအောင်သွယ်၊ စောင်းတော်ပိုက်တဲ့ ရစ်ရွှေရောင်ရယ်။
ဆွေညာမဒီ တာရှည်ချစ်၊ သာကီစစ်တဲ့ ရစ်ရွှေရောင်ရယ်။

တဖေမောင် သွေရှောင်လို့ မဝိုက်ပါနှင့်၊ ရည်ဆောင်ကာ ပြည်ထောင်လုံးမကိုဋ်ကယ်က၊
လောင်းပေါ်မှာ အောင်လံစိုက်ပါလို့ ကြောင်းဝိုက်မချို့၊
သောင်းထိုက်အစို့ကိုဖြင့် စောင်းပိုက်လို့ ကြွတော်မူခဲ့ပါတော့ရှင်လေး...။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.