မာတိကာသို့ ခုန်သွားရန်

စောလှဝန်းဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
စောလှဝန်းဘုရားကျောက်စာ (သက္ကရာဇ် ၆၅၃)
by ရာဇသူဖွားစော
1164စောလှဝန်းဘုရားကျောက်စာသက္ကရာဇ် ၆၅၃ရာဇသူဖွားစော

(မြောက်ဘက်၊ မျက်နှာဘက်)
၁၊၂၊၁၇၂၊၁။
၂၂“မိုဝ်နှောင်သံထင်အခာ အကြင်လိုဝ်သဆု မရောက်သိယ် သရှုယ်ကာ အရွယ်မ
၂၃ ရောက်တယ် အနာညျှန်ဆယ်ခြင် သိယ်ခြင် အန်တရဲကာအဖ္လစ်ရစိယ်ဟု ရတနာသုံပါနှိုက် အမိမင်နှ
၂၄ င် အသက်အလှူဟုရုယ် ရိယ်သွန်ကြသော”

[မိုးနှောင်းသံထင်အခါ အကြင်လိုသောဆု မရောက်သေး သရွေ့ကား အရွယ်မရောက်တဲ့ အနာညှဉ်းဆဲခြင်း၊ သေခြင်းအန္တရာယ်ကား အဖြစ်ရစေဟု ရတနာသုံးပါး ၌ အမိမင်းနှင့် အသက်အလှူဟူ၍ ရေသွန်းကြသော။]

၁၊၂၊၁၇၂၊၂။
၂၅“ဤမ္လိယ်ကာ ငာငဲကလျှင် ထမင်ရည်လဲဟု အစဝ်ပိယ်၎္တ မုသတေ၊”
[ဤမြေကား ငါငယ်ကလျှင် ထမင်းရည်လယ်ဟု အစောပေးတော်မူသတည်း။]

၁၊၂၊၁၇၂၊၃။
၂၇“ဤမ္လိယ်ကာ ကြပိုဝ်မ္လိယ်တွင် က္လသမဟုတ်၊ ကြပိုဝ်မဖ္လစ်မီက
၂၈ ကျွန် ၃၀ မ္လိယ် ၃ဝကာ အမိဖုရှာ မရကန်သည်မ္လိယ်တေ၊ ဤသိုဝ်ဟုရုယ် အလော
၂၉ င်နံတောင်မျာလက်ထက်ကသ အမှုလေ တြျာမဟိစိယ် အစဝ်ကျွ
၃၀ န်စုတ်လေ တြျာမဟိစိယ်ဟု မိန်၎္တမု၏၊”

[ဤမြေကား ကြပိုမြေတွင် ကျသောမဟုတ်၊ ကြပို မဖြစ်မီက ကျွန် ၃ဝ၊ မြေ ၃၀ကား အမိဖုရားမြကန် သည် မြေတည်း။ ဤသို့ဟူ၍ အလောင်းနားတောင်းများ လက်ထက်ကသော အမှုလည်း တရားမရှိစေ၊ ကျွန်စုတ်လည်း တရားမရှိစေဟု မိန့်တော်မူ၏။]

၁၊၂၊၁၇၂၊၄။
၃၁ ... “သကရစ် ၆၅၃ ခု နယုန်လ္ဆ
၃၂ န် ၁၁ရျက် ၅နိယ် အစဝ်ရစသူ စေတီတည်သော သ္ခိင်ရစသူမိ နှလုံထိတ်လန်လတ်ရကာ၊ င၏မိဖ ဖိ
၃၃ ယ်ဖိုဝ်တိုဝ်လေ အမုယ်ဥတ်စာတိုဝ်ကိုဝ် စွန်ခရုယ် သွာခ ဥတ်စာကုန်၏၊ ချတ်စွာသော ငာသာလှလေ အမု
၃၄ ယ်ဥစ္စာနှင်အကွ ငာမိရင်ကိုဝ်စွန်ခပြီကာ၊ ငာလေ သူမယူနိုင်ရုယ်ထာခသော အမုယ်ဥစ္စာကိုဝ် ငာ
၃၅ လေ ထိုဝ်သိုဝ်လည်ကောင် မပါတတ်သအကြောင်ကိုဝ်သိရကာ၊ ငာမိ ငာဖ ငာသာ အမ္လျိုဝ်ခပ်သိ
၃၆ မ်ကိုဝ် နိယ်ရပန်၏ ပစ်စည်အထောက်အပင်ဖ္လစ်စိမ်သောငှာ လှူတုံသောမ္လိယ်”

[သက္ကရာဇ် ၆၅၃ ခု၊ နယုန်လဆန်း ၁၁ရက်၊ ၅နေ့ အစောရာဇသူ စေတီတည်သော သခင်ရာဇသူမိ နှလုံး ထိတ်လန့်လတ်ရကား ငါ၏မိဘ ဘေးဘိုးတို့လည်း အမွေဥစ္စာတို့ကို စွန့်ခ၍သွားခကုန်၏။ ချစ်စွာသော ငါ့သားလှလည်း အမွေဥစ္စာနှင့်အကွ ငါမိရင်းကို စွန့်ခပြီးကား ငါလည်း သူမယူနိုင်၍ထားခသော အမွေဥစ္စာကို ငါလည်း ထိုသို့လည်းကောင်း မပါ တတ်သောအကြောင်းကိုသိရကား ငါ့မိ ငါ့ဖ ငါ့သား အမျိုးခပ်သိမ်းကို နေရပန်၏ ပစ္စည်းအထောက်အပင့် ဖြစ်စိမ့်သောငှာ လှူတုံသောမြေ။]

 (မြောက်ဘက်၊ ကျောဘက်)
၁၊၂၊၁၇၃၊၁။
၁၃“အတိကျွန်ဖလေမဟိ အတိကျွန်မိလေမဟိ
၁၄ အတိကျွန်သာလေမဟိ၊ အတိကျွန်ဖကျွန် အတိကျွန် မိကျွန် အတိကျွန် ကျွန် ခပ်သိမ်သကျွန်ကာ၊ အတိကျွန်
၁၅ မိက္လောင် အတိကျွန်ဖက္လောင် အတိကျွန်သာစေတိ ဤသုံပါကိုဝ် အတိကျွန်လှူရကာ လှူ၎္တမုပါစိယ်ခ္လင်ဟု
၁၆ ဆိုဝ်သောတေ၊”

[“အတို့ကျွန်ဖလည်းမရှိ၊ အတို့ကျွန်မိလည်းမရှိ၊ အတို့ကျွန်သားလည်းမရှိ။ အတို့ကျွန်ဖ ကျွန်၊ အတို့ကျွန်မိ ကျွန်၊ အတို့ကျွန် ကျွန် ခပ်သိမ်း သောကျွန်ကား အတို့ကျွန်မိကျောင်း၊ အတို့ကျွန် ဖကျောင်း၊ အတို့ကျွန်သားစေတီ ဤသုံးပါးကို အတို့ကျွန်လှူရကား လှူတော်မူပါစေချင်” ဟု ဆိုသတည်း။]

၁၊၂၊၁၇၃၊၂။
၁၆“ဤလှူသကျွန်ကာ စတ်ရုယ် မိန်ဖွဲဟိသောသု မိန်လိုက် စိယ်ဟု အသင်္ခယာ ရစသင်ကြံနှင် သိင်္ကသု
၁၇ ကိုဝ် မိန်၎္တမု၏၊ စစ်သော ဤကျွန်ကိုဝ်ကာ မိန်ဖွဲမဟိဟု အမတ်သုံယောက် နာ၎္တလျှောက်ပိယ်ရကာ၊
၁၈ မိန်ဖွဲမဟိပြီကာ ငာလေလှူပါ၏ဟု ရိယ်စင်၎္တသွန်၏၊”

[“ဤလှူသောကျွန်ကား စစ်၍ မိန့်ဖွယ်ရှိသောသူ မိန့် လိုက်စေ”ဟု အသင်္ခယာ၊ ရာဇသင်္ကြံနှင့် သိင်္ဃသူကို မိန့်တော်မူ၏။ စစ်သော် “ဤကျွန်ကိုကား မိန့်ဖွယ်မရှိ” ဟု အမတ်သုံးယောက် နားတော်လျှောက်ပေရကား “မိန့်ဖွယ်မရှိပြီးကား ငါလည်းလှူပါ၏”ဟု ရေစင်တော် သွန်း၏။]

၁၊၂၊၁၇၃၊၃။
၂၀“ဤသိုဝ်သ ငာလှူသအက္လိုဝ်ကာ၊ ငာအဖိုဝ်က္လစွာမင်ကြီ ငာဖွာစဝ်
၂၁ မင်လှ၊ ငာသ္ခိင်မင်ကြီ၊ ငာသ္ခိင်သာတြာမင်ကြီ၊ ငာမိငာဖ၊ ငာချတ်သာ၂ယောက်၊ ငာဥရီသိင်္က
၂၂ သူ ငာမိထုယ်သုံလုလ၊ ငာအစ်မရတနာပုံ၊ ငာမောင် မိထုယ် သုံယောက် ငာငီမ ၂ယောက်၊ လွန်လိယ်သ
၂၃ အမ္လျိုဝ်ခပ်သိမ်၊ ယခုသ အမ္လျိုဝ်ခပ်သိမ်၊ က္လိယ်ကျွန်ခပ်သိမ်၊ ရှိယ်၎္တနိယ်သော အမတ်ခပ်သိမ်
၂၄ မောင်မမိသင်ခပ်သိမ်၊ အထက်က ဖဝက်တိုင်ဩာင်၊ ဩက်ကာ အဝစိယ်တိုင်ဩာင်၊ လိယ်
၂၅ မျက်နှာ အနန္တစက်ကြဝလာခပ်သိမ် ရပါစိယ်၏၊ ငာလေ ဤသိုဝ်သောကောင်မှုကိုဝ်မူရံသအ
၂၆ ဖိုဝ်ကြောင်၊ မိဖဆုယ်မ္လျိုဝ်ခပင် လွန်ခရုယ် ငာတယောက် အထီ ကြွင်ရစ်ရကာ၊ သာသနာ ၅
၂၇ ဝဝဝ လျှင် တည်ရစ်စိမ်ဟု ဤငာလှူသော ကောင်မှုကိုဝ် အရိယ်အရံယုပါသော သု၎္တတိုဝ်ကာ၊ ငာ
၂၈ ကောင်မှုအက္လိုဝ်ဖ္လင်လျှင်၊ ညောင်ဦစသော၊ သရိယ်ပစ္စ်ရာ ရှုယ် မ္လိယ်ပုံလုံမျှလျှင်ဖ္လစ်ထ
၂၉ သော ပုရှာတိုဝ်၏တင်တယ်ခြင်ကိုဝ်၊ ကြီစွာစွာသောစည်စိမ်ဖ္လင် ဖူမြင်စိယ်ကုန်သ
၃၀ တေ၊ ငာကောင်မှုကိုဝ် ဖျက်ဆီသသုကာ၊ ထိုဝ်မျှလည်ကောင်သော ပုရှာတိုဝ်ကိုဝ် မဖူရမု
၃၁ ရုယ်၊ နိယတမိစ္ဆာတိတ္တိခံခြင်လျှင် ခံစိယ်ကုန်သတေ ၊ ငာလေဤကောင်မှုအက္လိုဝ်ဖ္လ
၃၂ င်ကာ၊ ဤမှသိယ်ခလျှင် စွဲ၎္တကိုဝ်လျှင် မကုယ်မကင် ည နံနက်လျှင် ရှိခိုဝ်ရသော နတ်
၃၃ သာဖ္လစ်လိုဝ်၏၊ ငာလိုဝ်သဆု မရောက်သောကြာကာ၊ ဖုရှာလောင်တကာ ဖ္လည်ရျာ
၃၄ သော တဿပါရမီကိုဝ် ဖ္လည်ရလိုဝ်သတေ။ ။”

[ဤသို့သော ငါလှူသောအကျိုးကား ငါ့အဘိုးကျစွာ မင်းကြီး၊ ငါ့ဘွားစောမင်းလှ၊ ငါ့သခင်မင်းကြီး၊ ငါ့သခင် သားတရားမင်းကြီး၊ ငါ့မိငါ့ဖ၊ ငါ့ချစ်သားနှစ်ယောက်၊ ငါ့ဦးရီးသိင်္ဃသူ၊ ငါ့မိထွေးသုံးလူ့လ၊ ငါ့အစ်မရတနာပုံ၊ ငါ့မောင်သုံးယောက်၊ ငါ့ညီမနှစ်ယောက်၊ လွန်လေသော အမျိုးခပ်သိမ်း၊ ယခုသော အမျိုးခပ်သိမ်း၊ ကျေးကျွန် ခပ်သိမ်း၊ ရှေ့တော်နေသော အမတ်ခပ်သိမ်း၊ မောင်းမ မိဿံခပ်သိမ်း၊ အထက်ကား ဘဝဂ်တိုင်အောင်၊ အောက် ကား အဝီစိတိုင်အောင် လေးမျက်နှာ အနန္တစကြဝဠာ ခပ်သိမ်းရပါစေ၏။ ငါလည်း .. ဤသို့သောကောင်းမှုကို မူရွံ့သောအဖို့ကြောင့် မိဘဆွေမျိုးခပင်း လွန်ခ၍ ငါတစ်ယောက်အထီး ကြွင်းရစ်ရကား သာသနာ ၅ဝဝဝ လျှင် တည်ရစ်စိမ့်ဟု ဤငါလှူသောကောင်းမှ ကို အရေးအရံယူပါသော သူတော်တို့ကား ငါ့ကောင်းမှ အကျိုးဖြင့်လျှင် ညောင်ဦးစသော သီရိပစ္စရာရွေ့ မြေပုံ လုံးမျှလျှင်ဖြစ်ထသော ဘုရားတို့၏တင့်တယ်ခြင်းကို ကြီးစွာစွာသောစည်းစိမ်ဖြင့် ဖူးမြင်စေကုန်သတည်း။ ငါ့ကောင်းမူကို ဖျက်ဆီးသသူကား ထိုမျှလည်းကောင်း သော ဘုရားတို့ကိုမဖူးရမူ၍ နိယတမိစ္ဆာဒိဋ္ဌိခံခြင်းလျှင် ခံစေကုန်သတည်း။ ငါလည်း ဤကောင်းမှုအကျိုး ဖြင့်ကား ဤမှသေခလျှင် စွယ်တော်ကိုလျှင် မကွေမကင်း ည နံနက်လျှင် ရှိခိုးရသော နတ်သား ဖြစ်လို၏။ ငါလိုသောဆု မရောက်သောကြားကား ဘုရားလောင်းတကာ ဖြည့်ရာသော ဒသပါရမီကို ဖြည့်ရ လိုသတည်း။]

(တောင်ဘက်၊ မျက်နှာဘက်)
၃၄“ဤမျှသော မ္လိယ် ကျွန် နွာ။ ဥခောင်ဆင်‌ေ
၃၅ သာတန်ဆာ လည်ဆင်သောတန်ဆာ ကိုဝ်ဆင်သော တန်ဆာ။ ခာဆင်သောတန်ဆာ။ ခြိယ်ဆ
၃၆ င်သောတန်ဆာ။ သ္ခိင်သင်ခာတိုဝ်၏။ စာဆွံ ဖ္လစ်စီသောကြောင်။ ငာနိယ်သော ဤံနှင်
၃၇ ဤံရာအလုံ။ အယုတ်သဖ္လင်ကာ နီဖွယ်သည်လျှင်လေ ရတနာ ၃ပါသော၏ ဥတ်စာတေ။”

[ဤမျှသော မြေ၊ ကျွန်၊ နွား ဦးခေါင်းဆင်သော တန်ဆာ၊ လည်ဆင်သောတန်ဆာ၊ ကိုယ်ဆင်သော တန်ဆာ၊ ခါးဆင်သောတန်ဆာ၊ ခြေဆင်သောတန်ဆာ သခင် သံဃာတို့၏စဆံဖြစ်စိမ့်သောကြောင်း၊ ငါနေ သော အိမ်နှင့်အိမ်ရာအလုံး အယုတ်သဖြင့်ကား နှီးဖွဲ့ သည်လျှင်လည်း ရတနာ ၃ပါးသော၏ ဥစ္စာတည်း။]

 (တောင်ဘက်၊ ကျောဘက်)
၁၊၂၊၁၇၅၊၁။
“ငာလေ ဤယ်ကောင်မှုအက္လိုဝ်ဖ္လင်လျှင်
၁၀ လူဖ္လစ်။ နတ်ဖ္လစ်သောကာ။ ကြီစွာစွာသော စည်စီတိလျှင် စိယ်၂ ဖ္လစ်လျက်။ ယောင်ဆင်လှ
၁၁ စွာ သတင်ဟိစွာ။ သဒ္ဓါစွာ။ ဖ္လစ်ရရာလေ စာတိဿရညန်ပြည်ာနှင် ပ္လည္စုံလိုဝ်။ မိတ္တရျာပုရှာသ္ခိင်လ
၁၂ က်ထက်နှိုက်လျှင်။ အသတိသဒါန်မည်သော အလှူကြီ ကိုဝ် ပိယ်ရလိုဝ်၏။ ။ အဆုံစွန်သော ကိုဝ်အ
၁၃ ဖ္လစ်နှိုက္ကာ။ မိတ္တရျာပုရှာသ္ခိင် တင်တယ်ခြင်သိုဝ်လျှင် တင်တယ်လျက်။ လူနတ်ခပ်သိသော
၁၄ ကိုဝ်။ သင်သရာဆိုဝ်ငြယ်မှ ကယ်ပိယ်လျက်။ နိယ်ရပန်ပြည်ကြီသိုဝ်လျှင် ဆောင်ပိယ်ကု
၁၅ န်လျက်။ သဗ္ဗညုတည်န်ပုရှာဆူလျှင် ပ္လည္စုံခ္လျင်ဧအ် ၀ ”

[ငါလည်း ဤကောင်းမှုအကျိုးဖြင့်လျှင် လူဖြစ်၊ နတ် ဖြစ်သောကား ကြီးစွာစွာသော စည်းစိမ်တိလျှင် စေ့စေ့ဖြစ်လျက် ယောင်ဆင်းလှစွာ၊ သီတင်းရှိစွာ၊ သဒ္ဓါစွာ၊ ဖြစ်ရာရာလည်း ဇာတိဿရဉာဏ်ပညာ နှင့် ပြည့်စုံလို။ မေတ္တေယျဘုရားသခင်လက်ထက်၌လျှင် အသဒိသဒါနမည်သော အလှူကြီးကို ပေးရလို၏။ အဆုံးစွန်သော . ကိုယ်အဖြစ်၌ကား မေတ္တေယျဘုရား သခင် တင့်တယ်ခြင်းသို့လျှင် တင့်တယ်လျက်၊ လူ နတ် ခပ်သိမ်းသောကို သံသရာဆင်းရဲမှ ကယ်ပေ လျက်၊ နေရပန်ပြည်ကြီးသို့လျှင် ဆောင်ပေကုန်လျက် သဗ္ဗညုတဉာဏ်ဘုရားဆုလျှင် ပြည့်စုံချင်၏။]

၁၊၂၊၁၇၅၊၂။
၂၁“ဝာတွင်ကာ သတင်တိုင်လျှင်။ အထက်ပုစင် ၁။ ဩက်ရွတ်
၂၂ တထည်။ မပြတ်သော တရျာဆုလေတည်၏။ မီဖုန်။ သင်ကြန်။ စာရိယ်။ ညောင်ရိယ်သွန်။ မပြတ်
၂၃ စိယ်လျှင်တည်၏။ ငာက္လောင်တွင်နိယ်သော သ္ခိင်တိုဝ်သည် ဖျာနာသောလေ။ ဆိယ်ဝာ။ သုနာနှင်အပ်
၂၄ သောပစ္စည်ကာ ရစိယ်ကုန်သတေ။ ခန္ဓာလျှင်ပျောက်သောလေ ထင်ဖိုဝ်။ လျှာဖိုဝ်။ မကြောင်ကြစိယ်
၂၅ စွမ်တေ။ ဆွံစာသော သ္ခိင်တိုဝ်ကာ။ တုံစာမပြတ်လျှင် စာခမုကာ ၁၅ဝကိပ်ထက်လျှင်မူလေလိုဝ်၏၊ ထိုဝ်မှကြွ
၂၆ င်သောပစ္စည်ကာ ရတနာ ၃၏ တင်တယ်ခြင်လျှင် မူစိယ်သတေ။ ငာဆွံစာသောသ္ခိင်တိုဝ်ကာ။ ပရိယတ်နှ
၂၇ င်ပတိပတ်ကျင်ခြင် ပ္လည္စုံစိမ်(သောငှာ လွှတ်)တီတေ။ ဤကောင်မှုအရျာဝန်ကိုဝ် ခံပိယ်သော သဒ္ဓာသော
၂၈ အမှုစိုဝ်သ္ခိင်ကာ ငာနှင်အတူလျှင် ရပါစိယ်သတေ။ စာဆွံနှိုက် လုပ်က္လုယ်သောကျွန်တိုဝ်လေ ဖျာနာ
၂၉ အိုဝ်မင်ခသောကာ သ္ခိင်အ(ရျာတိုဝ်) သီမြန်စိယ်သတေ ဝ ”

[ဝါတွင်းကား သီတင်းတိုင်းလျှင် အထက်ပုစင် ၁၊ အောက်ရွတ်တစ်ထည် မပြတ်သော တရားဆုလည်း တည်၏။ မီးဖုန်း၊ သင်္ကြန်၊ စာရေး၊ ညောင်ရေသွန်း မပြတ်စေလျှင်တည်၏။ ငါ့ကျောင်းတွင်နေသော သခင် တို့သည် ဖျားနာသောလည်း ဆေးဝါး၊ သူနာနှင့် အပ်သော ပစ္စည်းကား ရစေကုန်သတည်း။ ခန္ဓာလျှင် ပျောက်သောလည်း ထင်းဖိုးလျာဖိုး မကြောင့်ကြစေ စံတည်း။ ဆွမ်းစားသောသခင်တို့ကား တုံစာမပြတ်လျှင် စားခမူကား ၁၅၀ကျိပ်ထက်လျှင်မူလည်းလို၏။ ထိုမှ ကြွင်းသောပစ္စည်းကား ရတနာ ၃၏ တင့်တယ်ခြင်းလျှင် မူစေသတည်း။ ငါ့ဆွမ်းစားသောသခင်တို့ကား ပရိယတ် နှင့်ပဋိပတ်ကျင့်ခြင်း ပြည့်စုံစိမ့်သောငှာ လွှတ်တိတည်း။ ဤကောင်းမှု အရိယာဝန်ကို ခံပေသော၊ သဒ္ဓါသော အမှုစိုးသခင်ကား ငါနှင့်အတူလျှင် ရပါစေသတည်း။ စဆွဲ၌ လုပ်ကျွေးသောကျွန်တို့လည်း ဖျားနာ အိုမင်း ခသောကား သခင်အရိယာတို့ သိမ်းမြန်းစေသတည်း။]
ထင်းဖိုးရှားဖိုး (?)


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။