ဆင်ဖြူသခင်သမီးစောထွေး ကျောက်စာ
ပုံပန်းသွင်ပြင်
- ၁၃ ...“(ငာ)
- ၁၄ အသက်ဟိသရုယ်ကာ ငာစိယ်စံ၊ ငာအသက်မဟိမူကာ ပုရှာနှိုက်လုပ်(က္လွည်)
- ၁၅ စိယ်သတေ၊ ကျွန်အလုံပုရှာနှိုက် မလုပ်က္လွည်တတ်ရုယ် မြက်နုရိယ်ကြ
- ၁၆ ည် ရှာမှီခရုယ်သာ စာနိယ်လိယ်သောလေ၊ (သင်ပုတ်ဝတ်လုရစ်ဟျ
- ၁၇ န်)ဆယ်ရစ်သသူကာ အဝစိယ်အထယ် ငြယ်ကြီလျှင် ကျက်(စိယ်သ)ေ
- ၁၈ တ၊ က္လောင်နှိုက်လှူသော လဲ၊ ဥယန်၊ စ္ဗာ၊ ခွက်၊ နွာ၊ ကျွန်၊ ဤယ်မျှ ငာ
- ၁၉ လှူခသောအလုံကိုဝ် ဖျက်ဆီထိပါရစ်သသူကာ၊ အဝစိယ် အထယ် ငြ(ယ်)
- ၂၀ လျှင် ကျက်စိယ်သတေဟု က္လောင်တာယကာ လင်မျာတကြိုက်ကိ(န်)
- ၂၁ ခတုံဧ၊ ဤယ်ငာပ္လုသော ကောင်မှုနှိုက် ပြည်စိုဝ်သောအမတ်ကြီရာ
- ၂၂ စာသင်ကြံ၊ သ္ခိင်စဝ်ချံသာ၊ သ္ခိစဝ်လှလျှင်(အစ)ရိယ်သွန်ပါသေ(တ)”
[ငါအသက်ရှိသရွေ့ကား ငါစေအံ့၊ ငါအသက်မရှိမူကား ဘုရား၌ လုပ်ကျွေးစေသတည်း။ ကျွန်အလုံးဘုရား၌ မလုပ်ကျွေးတတ်၍ မြက်နုရေကြည်ရှာမှီးခ၍သာ စား နေလေသောလည်း သင်ပုတ်ဝတ် လုရစ် ညှဉ်းဆဲရစ် သသူကား အဝီစိအထဲ ငရဲကြီးလျှင် ကျက်စေသတည်း။ ကျောင်း၌လှူသောလယ်၊ ဥယျာဉ်၊ စပါး၊ ခွက်၊ နွား၊ ကျွန် ဤမျှ ငါလှူခသောအလုံးကို ဖျက်ဆီးထိပါးရစ် သသူကား အဝီစိအထဲ ငရဲလျှင် ကျက်စေသတည်းဟု ကျောင်းဒါယကာလင်မယား တစ်ကြိုက် ကျိန်ခတုံ၏။ ဤငါပြုသောကောင်းမှု၌ ပြည်စိုးသောအမတ်ကြီး ရာဇ သင်္ကြံ၊ သခင်စောချမ်းသာ၊ သခင်စောလှလျှင် ရေသွန်းပါသတည်း။]
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |