မာတိကာသို့ ခုန်သွားရန်

ဆုတောင်းပြည့်ဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
ဆုတောင်းပြည့်ဘုရား ကျောက်စာ (သက္ကရာဇ် ၇၁၇)
by သူကောင်းငဖုန်းရသင်သား
1205ဆုတောင်းပြည့်ဘုရား ကျောက်စာသက္ကရာဇ် ၇၁၇သူကောင်းငဖုန်းရသင်သား

(မျက်နှာဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၆၃၊၁။

[ပြင်ဆင်ရန်]
  • “၊ ၀ ၊ နမော သံဗုဒ္ဓါနံ၊ ၊ နာလင်လူမျာ ဖုန်အာဖ္လစ်သ၊ ၊ သကရစ်ကာ မည်မှတ်ထင်စွာ ၅၂၀၊ ၊ အကယ်နှစ်နှစ် ခဝ်ရုယ်ဖ္လစ်
  • သ ကြတိုက်နှစ်ကာ၊ တက်သစ်အတာ ကွာသတထူ တန်ခူလကုန် ကဆုံန်လဆန် မှန်သထင်စွာ သာသနာကာ လါသစန်ဆက် တ
  • ဆယ်ငာရျက် တက်သမနှိယ် ကြာပတိအာ၊ ၊ ကံဖာ တသိန် အကိန်က္ခောထ(?) လုံမ်လအညိ ပါရမိပ္လည်ရုယ် ပ္လည်သထင်စွာ တုဿိတာနှို(က်)
  • ချံမ်သာခံစန် နတ်မျာပန်ရုယ် ဆူမွန်မပျောက် မဖောက် လှယ်ရျာ၊ လုရွာရသ က္လဿနမိတ်... တ
  • ဝ်ကြိလထွက် မ္လစ်ဖက်နောမာ စုလါဖြတ်ရုယ် လွတ်ခဲရန်ပင်... ပွင်ခာနိရုယ် မိမိပေါက်ဖက် လင်လျ
  • က်နေသ ပုတ္တဟေိယ်ပင်ဩက် ပေါက်သရောင်ထင် ရှိုယ်ပန်လင်ထက် တက်ရုယ်နေယ်က ရလေိယ်တြျာ မန်ငာပါကိုဝ် (ထွာထွာေ) မန်ငာပါ
  • ဩာင်စင် မြင်သသစ္စာ ဗြမ်မှာစသ ထိုမျှလုနတ် ပရိသတ်ကိုဝ် ခ္လွတ်ခယ်ပြိရုယ် ခရိနိတ်ပန် ဖုရှာမွန်လေ လွန်ခယ်၏
  • တေ၊ ၊ ကိုဝ်တဝ်နိတ်ပန် လွန်သနှစ်ကာ၊ ဖ္လတ်သထင်စွာသာသနာကာ၊ တထောင်သျစ်ရျာ လါသလေိယ်နှစ် ဖ္လစ်သောခာလျှင်တေ၊”

[နမော သမ္ဗုဒ္ဓါနံ။ နာလင့်လူများ၊ ဘုန်းအားဖြစ်သ၊ သက္ကရာဇ်ကား၊ မည်မှတ်ထင်စွာ၊ ၅၂ဝ ၊ []အကယ်နှစ်နှစ်၊ ခေါ်၍ဖြစ်သ၊ ကြတိုက်နှစ်ကား၊ တက်သစ်အတာ၊ ကွာသတစ်ထူး၊ တန်ခူးလကုန်၊ ကဆုန်လဆန်း၊ မှန်းသ ထင်စွာ၊ သာသနာကား၊ လာသစဉ်ဆက်၊ တစ်ဆယ့် ငါးရက်၊ တက်သမနှေး၊ ကြာ(သ)ပတေးအား၊ ကမ္ဘာ တစ်သိန်း၊ အကိန်း(ကျော်?)ထ၊ လုံ့လအညီ၊ ပါရမီ ပြည့်၍၊ ပြည့်သထင်စွာ၊ တုသိတာ၌၊ ချမ်းသာခံစန် (စဉ်)၊ နတ်များပန်၍၊ ဆုမွန်မပျောက်၊ မဖောက်လှဲရာ၊ လူ့ရွာရသ၊ ကျသနိမိတ်၊ ...၊ တောကြီးလထွက်၊ မြစ် ဘက်နော်မာ၊ စူဠာဖြတ်၍၊ လွတ်ခဲ့ရန်ပင်း၊ ၊ ပွင့်ခါ နီး၍၊ မိမိပေါက်ဖက်၊ လင့်လျက်နေသ၊ ဗုဒ္ဓဟေပင် အောက်၊ ပေါက်သရောင်ထင်၊ ရွှေပလ္လင်ထက်၊ တက်၍ နေက၊ ရလေတရား၊ မာရ်ငါးပါးကို၊ ထွားထွားအောင် စင်၊ မြင်သသစ္စာ၊ ဗြဟ္မာစသ၊ ထိုမျှလူနတ်၊ ပရိသတ်ကို၊ ချွတ်ခဲ့ပြီး၍၊ ခရီးနိဗ္ဗာန်၊ ဘုရားမွန်လည်း၊ လွန်ခဲ့၏ တည်း၊ ကိုယ်တော်နိဗ္ဗာန်၊ လွန်သနှစ်ကား၊ ဖြစ်သ ထင်စွာ၊ သာသနာကား၊ တစ်ထောင်ရှစ်ရာ၊ လာသ လေးနှစ်၊ ဖြစ်သောခါလျှင်တည်း။]

၂၊၁၊၆၃၊၂။

[ပြင်ဆင်ရန်]
  • “သကရစ် ၆၂၈ ခု ပိသျက်နှစ် တပိုဝ်ထွယ်လဆန်၊ ၈ရျက် ပုတ္တဟုနေယ်၊ ၊ သုကြွယ်အိုမ်ဖွယ်သင်၊ အိုမ်ဖွယ် သင်သာကာ
  • ၁၀ သုကြွယ်ငသံဖာသင်၊ ငသံဖာသင်သာကာ၊ သုကောင် ငဖုန်ရသင်၊ ဤသုံဆက်ပ္လုသောကောင်မှုသည် ပျက်ကုန်ခရကာ၊ မင်သုံဆက်
  • ၁၁ လေယ်မရလျှင်၊ ဆိတ်ညံခရကာ၊ မပျက်စေဟု ဆက်တုံ မရခရကာ၊ သုကောင်ငဖုန်ရသင်သာ၊ သျင်က္လောင်လေ
  • ၁၂ ယ် နေယ်၏၊ မ္လေယ်မ္လစ်ဖ္လစ်သောကြောင်ရကာ၊ ၊ သကရစ် ၇၁ရခု၊ ကဆုန်လဆန်ဆယ်ရျက် သောက်ကြာနေယ်
  • ၁၃ လျှင် ကုလါက္လောင်ကြိ လေသာဆောင်ပ္လုလျှင်၏၊ သိမ်လေတဆောင်ပ္လုလျှင်၏၊ တန်တိုင်လေယ်၊ နှေစ်ထပ်ပ္လုလျှ
  • ၁၄ င်၏၊ ကုကြိကိုဝ်လေ အက္ကင်္တိယ်က္လမ်၏၊ ကုသုံလုံတွင် ဟိသဖုရှာကိုဝ်လေ ဆေိယ်ရေ၏၊ ရေတွင်လေ ကုကြိ အရှိယ်တု၏၊
  • ၁၅ က္လောင်တောင်ပါက ဖုန်တဝ်ကာ ကိုဝ်အဆက်ဆက်က မထွင်သည်တဝ်ကြိကိုဝ်၊ ပေါင်လေါင်အသည် ကလန် သံပျင်ရောင်ရ
  • ၁၆ ကာ၊ သျင်တဝ်ကေ္လာင်ဝယ်ရ၏၊ မေ္လဖိုဝ်ကာ ငွယ်၏ ခြောက်ဆဲပေိယ်၏၊”

[သက္ကရာဇ် ၆၂၈ခု ဝိသာခါနှစ်၊ တပို့တွဲလဆန်း၈ရက်၊ ဗုဒ္ဓဟူးနေ့ သူကြွယ်အိုဖွယ်သင်၊ အိုဖွယ်သင်သားကား သူကြွယ်ငသံဖာသင်၊ ငသံဖာသင်သားကား သူကောင်း ငဖုန်းရသင်၊ ဤသုံးဆက်ပြုသော ကောင်းမှုသည် ပျက် ကုန်ခရကား မင်းသုံးဆက်လည်း မရလျှင်း ဆိတ်ညံ ခရကား မပျက်စေဟု ဆက်တုံမရခရကား သူကောင်း ငဖုန်းရသင်သား: ရှင်ကျောင်းလည်းနေ၏။ မြေးမြစ် ဖြစ်သောကြောင့်ရကား သက္ကရာဇ်၇၁၇ခု၊ ကဆုန် လဆန်းဆယ်ရက်၊ သောကြာနေ့လျှင် ကုလားကျောင်း ကြီး လေသာဆောင် ပြုလျှင်း၏။ သိမ်လည်း တစ်ဆောင် ပြုလျှင်း၏။ တံတိုင်းလည်း နှစ်ထပ်ပြုလျှင်း ၏။ ဂူကြီးကိုလည်း အင်္ဂတေကျံ၏။ ဂူသုံးလုံးတွင် ရှိသော ဘုရားကိုလည်း ဆေးရေး၏။ ရေတွင်းလည်း ဂူကြီးအရှေ့တူး၏။ ကျောင်းတောင်ပါးက ဖုန်းတော ကား ကိုယ်အဆက်ဆက်က မထွင်သည့်တောကြီးကို ပေါင်လောင်အသည် ကလန် သံပျင်ရောင်းရကား ရှင်တော်ကျောင်းဝယ်ရ၏။ မြေဖိုးကား ငွေခြောက်ဆယ် ပေး၏။]

၂၊၁၊၆၃၊၃။

[ပြင်ဆင်ရန်]
  • ၃၅“ရှိုယ်စည်ခုမ်ဖုရှာသိမ်နှိုက်လေ၊ လိယ်ထောင်သော ဤက္လောက်ဝန်ကန်လိယ်ခုလေ
  • ၃၆ ပ္လုရ၏၊ တလသော လိယ်သတင် တသတင်သော လိယ်ကွန်စာ သင်ပုတ်ဝတ်လေတည်ရ၏၊ နောင်သော ဤငတိုဝ်ေ
  • ၃၇ ကာင်မှုနှိုက် ရဟန် ပိုနာ မိမ ယောက်(ယာ) သင်ပုတ် ဆိမိ ပန်တပွင် ကွမ်တယာ သစ်သိတလုံလေ... ကာင
  • ၃၈ တိုဝ်နှင် အက္လိုဝ်ထပ်တုလျှင် ရစပါစေသတေ၊ ဝ၊”

[ရွှေစည်းခုံဘုရားသိမ်၌လည်း လေးထောင့်သော ဤ ကျောက်ဝန်းကန် လေးခုလည်း ပြုရ၏။ တစ်လသော လေးသီတင်း၊ တစ်သီတင်းသော လေးကွန်းစား သင်ပုတ်ဝတ်လည်း တည်ရ၏။ နောင်သော် ဤငါတို့ ကောင်းမှု၌ ရဟန်း၊ ပုဏ္ဏား၊ မိန်းမ၊ ယောက်ျား၊ သင်ပုတ်၊ ဆီမီး၊ ပန်းတစ်ပွင့်၊ ကွမ်းတစ်ယာ၊ သစ်သီး တစ်လုံးလည်း.. ကာ ငါတို့နှင့်အကျိုးထပ်တူလျှင် ရစ ပါစေသတည်း။]

(ကျောဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၆၄၊၁။

[ပြင်ဆင်ရန်]
  • “၊ ၊ လေယ်အသင်္ခယ် အမ္လတ်ကံဖာတသိန်ထက်၊ စောင်ထ လုံလ တာနပါရမိကိုဝ် ဖ္လည်ရုယ်ရသော တရျာတဝ်ကိုဝ် နှာလုံမုရု
  • ယ်၊ ရတနာသုံပါကိုဝ်ရည်ရုယ် နေယ်ရပန်မရောက်သော ကြာ ပတ်စည်လိယ်ပါ အထောက်အပင် ဖ္လစ်စိမ်သောငှာ၊ ကျွန်သာတိုဝ်ကိုဝ်
  • ရဟန်မုပေယ်သည်ကာ၊ အိုဝ်ကောင်ယန်သာ ငဥိလှါ ငသံပ ၂ယောက်ကိုဝ်လေ ရဟန်မုပေယ်ရုယ် ငာလ„တ်
  • ၏၊”

[လေးအသင်္ချေ အမြတ်ကမ္ဘာတစ်သိန်းထက် စောင့်ထ လုံ့လ ဒါနပါရမီကိုဖြည့်၍ရသော တရားတော်ကို နှလုံး မူ၍၊ ရတနာသုံးပါးကိုရည်၍ နေရပန်မရောက်သော ကြား ပစ္စည်းလေးပါး အထောက်အပင့် ဖြစ်စိမ့်သောငှာ ကျွန်သားတို့ကို ရဟန်းမူပေးသည်ကား အိုကောင်ယန် သား ငဦးလှ၊ ငသံပ၂ယောက်ကိုလည်း ရဟန်းမူပေး၍ ငါလွှတ်၏။]

၂၊၁၊၆၄၊၂။

[ပြင်ဆင်ရန်]
  • ၁၂“အပေါင်တကိပ်တယောက်တေ၊ ဤချင်တိုဝ်၊ ညှင်တတ် ဿသုကာ ညှ
  • ၁၃ င်၊ စည်တဿသုကာ စည်၊ ၊ ဆည်ဆုပ်တတ်ဿသုကာ ဆည်ဆုပ်၊ ပန်တျာတတ်ဿသုကာ ပန်တျာမု၊ ၊ သိခြင်တဿ
  • ၁၄ သုကာ၊ သိခြင်၊ ငကိုဝ်မယ်သော ငကောင်မှုကိုဝ် အဆိတ် အညံစေလင်၊ သင်ပုဆမိဝတ်လေယ် အပြတ်စေလင် ဟု၊”

[အပေါင်း တစ်ကျိပ်တစ်ယောက်တည်း။ ဤချင်းတို့ ငြင်းတတ်သသူကားငြင်း၊ စည်တတ်သသူကားစည်၊ စည်းစုပ်တတ်သသူကားစည်းစုပ်၊ ပန်တျာတတ်သသူ ကား ပန်တျာမူ၊ သီချင်းတတ်သသူကား သီချင်း၊ ငါ့ကိုယ်မဲ့သော ငါ့ကောင်းမှုကို အဆိတ်အညံစေလင့်၊ သင်ပုတ်ဆီမီးဝတ်လည်း အပြတ်စေလင့်ဟု။]

၂၊၁၊၆၄၊၃။

[ပြင်ဆင်ရန်]
  • ၁၈“ဤငာပ္လုသောကောင်မှုကိုဝ် ဖျက်ဆိသသူ၊ ကုလါက္လောင် ဥတ်ကိုဝ်လည်
  • ၁၉ ကောင်၊ သိမ်ဥတ်ကိုဝ်လည်ကောင်၊ တန်တိုဝ်ဥတ်ကိုဝ်လည်ကောင်၊ ဥတ်တခ္လပ်ဖျက်မိကလျှင်၊
  • ၂၀ အဝိစိဥတ်သတ်တရက် ငရယ်ကြိ၈ထပ်နှိုက်လျှင် ဥလျှင် မခိခံလိယ်စေသတေ ကျက်လိယ်စေ
  • ၂၁ သတေ၊ တရိဆန်လျှင်ဖ္လစ်သောလေ အမွယ်မယ်သော သတ္တဝါတြိဆန် တီ မျှဝ်လျှင် ဖ္လစ်လေစေသတေ
  • ၂၂ ၊ ၊ ချင်တွင်ဝ မ္လစ်ဆုမ်စသော ရှုယ်စယ်ခုမ်တိုင်ေဩာက်လျှင် မ္လေယ်ပုလုံကြိမ်ခ္လရုယ် မရေတွက်နိုင် ဖုရှာ
  • ၂၃ မျာတိုဝ်ခ္လွတ်ရုယ် အက္လွတ်စေသတေ၊ ၊ အမွယ်မဲသော တရိဆုန်တိလျှင် အဖ္လန်တလလဲ ဖ္လစ်စေသတေ၊ ၊”

[ဤငါပြုသောကောင်းမှုကိုဖျက်ဆီးသသူ၊ ကုလားကျောင်း အုတ်ကိုလည်းကောင်း၊ သိမ်အုတ်ကိုလည်းကောင်း၊ တံတိုင်းအုတ်ကိုလည်းကောင်း အုတ်တစ်ချပ်ဖျက်မိက လျှင် အဝီစိဥဿဒရက် ငရဲကြီး ၈ထပ်၌လျှင် ဦးလျှင် မချီခံလေစေသတည်း။ ကျက်လေစေသတည်း။ တိရစ္ဆာန် လျှင်ဖြစ်သောလည်း အမွေးမဲ့သော သတ္တဝါတိရစ္ဆာန် တီ၊ မျှော့လျှင် ဖြစ်လေစေသတည်း။ ချင်းတွင်းဝမြစ်ဆုံ စသော ရွှေစည်းခုံတိုင်အောင်လျှင် မြေပုံလုံးကြိမ်ချ၍ မရေတွက်နိုင် ဘုရားများတို့ချွတ်၍ အကျွတ်စေ သတည်း။ အမွေးမဲ့သော တိရစ္ဆာန်တိလျှင် အဖန် တလဲလဲ ဖြစ်စေသတည်း။]

၂၊၁၊၆၄၊၄။

[ပြင်ဆင်ရန်]
  • ၂၄“၊ ၊ ဤငတိုဝ်ပ္လူသောကောင်မှုကိုဝ် ခိပင်ပါသော အရေအရံယုပါသော သူတဝ်သာတိုဝ်ကာ၊ ငတိုဝ်နှင်အက္လိုဝ်ထ
  • ၂၅ ပ်တုလျှင် ရစပါစေသတေ၊ လုရွာနတ်ပြည်နှိုက်လေမပိတ်မပင် နတ်စည်စိမ် လုစည်စိမ် ခံစရပါ
  • ၂၆ စေကုန်သတေ၊ ၊ အဆုံမ်သောကာ ပက်စေကပုတ္ထာ အရဟတ္တာဖုရှာမ္လတ်တိုဝ် ဝင်လေယ်ရာ ငြိမ်လေယ်
  • ၂၇ ရာဖ္လစ်သော နိတ်ပန်ဆုသိုဝ် နှင်၂ ရစပါစေကုန် သတေ ၊”

[ဤငါတို့ပြုသောကောင်းမှုကို ချီးပင့်ပါသော အရေးအရံ ယူပါသော သူတော်သားတို့ကား ငါတို့နှင့်အကျိုးထပ်တူ လျှင် ရစပါစေသတည်း။ လူ့ရွာနတ်ပြည်၌လည်း မပိတ် မပင် နတ်စည်းစိမ် လူ့စည်းစိမ် ခံစားရပါစေကုန် သတည်း။ အဆုံးသောကား ပစ္စေကဗုဒ္ဓါ အရဟန္တာ ဘုရားမြတ်တို့ ဝင်လေရာ ငြိမ်းလေရာ ဖြစ်သော နိဗ္ဗာန်ဆုသို့ နှင်နှင်ရစပါစေကုန်သတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. * ၆၂ဝ ဖြစ်သင့်သည်။