မာတိကာသို့ ခုန်သွားရန်

ဆေးလိပ်လက်ဆောင် လေးချိုး

ဝီကီရင်းမြစ် မှ
ဆေးလိပ်လက်ဆောင်
by နန်းတွင်းသူ မယ်ခွေ
1214ဆေးလိပ်လက်ဆောင်နန်းတွင်းသူ မယ်ခွေ

မဝယ်ဘူး၊
မယ်ခူးတဲ့ဖက်စို။

မီးမကူ၊
နေပူမှာမကင်အားလို့၊
ထားရတယ် အိပ်ရာအောက်မှာ၊
မင်းသောက်ဖို့ကို။

ညှာအနား၊
ရှေ့သွားနှင့်ကိုက်လို့တို၊
မချိုတောင့်လိပ်ဆေး။

ပိုးမကူ၊
ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊
ငယ်ချစ်မောင် ရွှေဝသွားကို၊
ပါးလိုက်တဲ့လေး။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.