ဆွမ်းလောင်းလှူကြမယ်
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၂၅)
ဆွမ်းလောင်းလှူကြမယ်
[ပြင်ဆင်ရန်]တုံ တုံ တုံ တုံ တုံ တုံ တောက်၊
ရွာဦးကျောင်းက အုန်းမောင်းခေါက်။
အုန်းမောင်းခေါက်ပြီး အရုဏ်လာ၊
ဆွမ်းတန်းကြွလို့လာ။
ကြေးစည်သံသာ ငါတို့ကြား၊
ဆွမ်းလောင်းသွားစို့လား။
ရပ်တော်မူပါ ဘုရား၊
ရပ်တော်မူပါ ဘုရား။ ။
မောင်ဖိုးစီ
[ပြင်ဆင်ရန်]ရှေးအခါက မောင်ဖိုးစီ ဟုခေါ်သည့် ဆင်းရဲသား လေးတစ်ယောက် ရှိသည်။ သူသည် သူဌေးကြီးအိမ်တွင် အလုပ်လုပ်၏။
တစ်နေ့တွင် မောင်ဖိုးစီ အလုပ်သွားစဉ် ဆွမ်းခံကြွလာသော သံဃာတော်လေးပါးကို တွေ့မြင်လိုက်၏။ သံဃာတော်များအား လှူဒါန်းမည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူ၏နံနက်စာအဖြစ် ယူလာသော မုန့်လေးခုကို ရိုသေစွာ လှူဒါန်းခဲ့သည်။ ထိုကောင်းမှုကြောင့် နောက်ဘဝတွင် အသိဉာဏ် ပညာကြွယ်ဝသော ဘုရင်ကြီးတစ်ပါး ဖြစ်သွားခဲ့လေသည်။