တိမ်ခိုးငယ်ဆင် ဒွေးချိုးသဖြန်
ပုံပန်းသွင်ပြင်
တိမ်ခိုးငယ်ဆင်၊
မင်းလွင်-နွေသစ်လို့၊
ရွှေနှစ်ကယ်ကြိုင်လှိုင်ထုံတဲ့၊
ရဂုံကြော့ဦး။
ရွာဘဲနှင့်မှုန်၊
ရွှေအမ္ဗုန် ဆော်တင့်ရဲလှချည့်၊
နောင့်သဲမှာ ကြွေရည်စေလို့၊
မိုဃ်းစည်ခြိမ့်ကျူး။ ။
မှတ်ချက်
- မြဝတီမင်းကြီး ဦးစ ရေးသော (ရွှေဇီဝဇိုး) ပတ်ပျိုးကလေး မှ ...
- (ဂီတဝိသောဓနီမူ)
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |