တိရစ္ဆာန်လေးများကို ကြင်နာပါ
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၃၅)
တိရစ္ဆာန်လေးများကို ကြင်နာပါ
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် မြို့တွင်းသို့ ဆွမ်းခံကြွတော်မူသည်။
လမ်းတွင် မြွေကို ရိုက်နေကြသော ကလေးများကို တွေ့တော်မူသည်။
မြတ်စွာဘုရားရှင်သည် တိရစ္ဆာန်လေး များကို ကြင်နာသနားကြရန်၊ ကိုယ်ချင်းစာတရားထားကြရန် ကလေးများအား ဟောပြတော်မူသည်။
ကလေးများသည် တိရစ္ဆာန်လေးများအပေါ် ချစ်ခင်လာကြသည်။
တိရစ္ဆာန်များကို ကြင်နာပါ
[ပြင်ဆင်ရန်]တို့တစ်တွေမှာ၊ နာကျင်သလို၊ သူတို့လည်း နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ သူတို့လည်း ပျော်ရွှင်ရမယ် ...
တို့တစ်တွေမှာ၊ နာကျင်သလို၊ ငှက်ကလေး နာကျင်တတ်တယ် ...
တို့တစ်တွေမှာ၊ ပျော်ရွှင်သလို၊ ငှက်ကလေး ပျော်ရွှင်ရမယ် ...
(ကြောင်ကလေး၊ ယုန်ကလေး၊ ပါပီလေး စသည်ဖြင့် ရွတ်ဆိုနိုင်ပါသည်။)