မာတိကာသို့ ခုန်သွားရန်

တိုင်းချွတ်ဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
တိုင်းချွတ်ဘုရားကျောက်စာ (သက္ကရာဇ် ၅၄၁)
by သင်ကြီးအဘိနန္တသူ
1350တိုင်းချွတ်ဘုရားကျောက်စာသက္ကရာဇ် ၅၄၁သင်ကြီးအဘိနန္တသူ

၁ “ ။ ဝ ။ သကရစ် ၅၄၁ ခု မာဃသံဝစ္ဆိုရ်နှစ်။ မ္လျွယ်တာလ
၂ ပ္လည် ဗုဒ္ဓဟူနိအာ။ တိုင်ခေတ်ပုရ္ဟာသ္ခိင် ကိုဝ်တာဝ် ခပ်ပါ
၃ င်လေ ရ္ဟုယ်ရာည် ရိယ်ဧအ်။ ရ္ဟုယ်ထီလေ ဆောင်ဧအ် ရ္ဟု
၄ ယ်ပန်လင်လေ ပ္လုဧအ်။ သ္ခိင်သာရိပုတ္တြလေ ရ္ဟူယ် ရာည်
၅ ရိယ်ဧအ်။ သ္ခင်မောက္ကလာန်လေ ရ္ဟုယ်ရာည်ရိယ်ဧအ်။ သ္ခိ
၆ င်ဂဝံပတိ နှစ်ခုသောလေ ရ္ဟုယ်ရာည် ရိယ်ဧအ်။ ဓမ္မစ
၇ က္ကြာတြျာတဝ်လေဆောင်ဧအ်။ ပဋိစ္စသမုပ္ပတ်တြျာတ
၈ ဝ်လေဆောင်ဧအ်။ သာင်ကန် ၁၅ ဆူလေ ပိယ်ဧအ်။ သင်္ဃ
၉ (၁၀၀)သောလေ စာပိယ်ဧအ်။ သင်ကြီတိုင်ခေတ်လေ ထမင်
၁၀ ဝတ်ပိယ်ဧအ်”။

သက္ကရာဇ် ၅၄၁ခု မာဃသံဝတ္ဆိုရ်နှစ်၊ နွယ်တာလပြည့်၊ ဗုဒ္ဓဟူးနေ့အား တိုင်းချွတ်ဘုရားသခင် ကိုယ်တော် ခပင်းလည်း ရွှေရည်ရေး၏။ ရွှေထီးလည်း ဆောင်း၏။ ရွှေပလ္လင်လည်း ပြု၏။ သခင်သာရိပုတ္တရာလည်း ရွှေရည်ရေး၏။ သခင်မောဂ္ဂလ္လာန်လည်း ရွှေရည် ရေး၏။ သခင်ဂဝံပတိ နှစ်ခုသောလည်း ရွှေရည်ရေး၏။ ဓမ္မစကြာတရားတော်လည်း ဆောင်၏။ ပဋိစ္စသမုပ္ပာဒ် တရားတော်လည်း ဆောင်၏။ သင်္ကန်း ၁၅ဆူလည်း ပေး၏။ သံဃာ ၁ဝဝ သောလည်း စာပေး၏။ သင်ကြီး တိုင်းချွတ်လည်း ထမင်းဝတ်ပေး၏။

၁၁ “သင်ကြိအာဘီနန္တသူ။ အာမာ
၁၂ ည်ကာငာကြီ ကိုဝ်လေ လှူဧအ်။ သင်ကြိပါန်ရာင်သာ သာင်
၁၃ လျင်သမီ မီယာကိုဝ်လေ လှူဧအ် သမီကြီကီုဝ်လေ လှူဧအ်
၁၄ သမိငာယ်မောင်မကိုဝ်လေ လှူဧအ်။ ကိုဝ် မီယာ သာ နှစ်‌ေ
၁၅ ယာက် အာပေါင်၄ယောက် ပုရ္ဟာလှူရှုယ္အ် က္လောက်စာ ရိယ်ဧအ်။”

သင်ကြီးအဘိနန္တသူ အမည်ကားငကြီး ကိုယ်လည်း လှူ၏။ သင်ကြီးပန်ရင်းသား သင်လျင်သမီး၊ မယားကိုယ်လည်း လှူ၏။ သမီးကြီးကိုယ်လည်း လှူ၏။ သမီးငယ်မောင်းမကိုယ်လည်း လှူ၏။ ကိုယ် မယား သားနှစ်ယောက် အပေါင်း ၄ ယောက် ဘုရားလှူ၍ ကျောက်စာရေး၏ ။


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.