မာတိကာသို့ ခုန်သွားရန်

တောင်တွင်းရွှေပြည်

ဝီကီရင်းမြစ် မှ
တောင်တွင်းရွှေပြည်
by ရှင်မဟာသီလဝံသ
1408တောင်တွင်းရွှေပြည်ရှင်မဟာသီလဝံသ

အချာပဝရ ဌာနအောင်ချက် ဘူမိနက်၌ နှိုင်းဖက်တုကင်း ထောင်ပြုခြင်းဝယ် တောင်တွင်းခေါ်မည် တို့ရွှေပြည်မူ ယဉ်ကြည်နက်ဆုံး ကျုံးလည်းသီတာ လှပကြာနှင့် သန္တာအတိ စီ၏ဘိသို့ မြို့နှင့်တန်ဆောင်း ရဲလောင်းရင်တား တံခါးလေးသွယ် ဖိုင်ဖိုင်ကျယ်၏ ခြောက်ဆယ်ထုပ်ဝါ နန်းတော်မှာလည်း လယ်ချာမှန်ကင်း မင်းလည်းဆွေစုံ သီလထုံလျက် မွေပုံခြောက်ရောင် အင်းတောင် စည်းခုံ ထူပါရုံက စသည် မုဋ္ဌော ကျော်ဇောဘုရား ရေသော် များ၏ တရား သံဃာ ရတနာတည့် ပည်းမျှရှိသား ဇာတိခေါင်တည် သာမျိုးစည်သည် နတ်ပြည် တူသမျှလှည့်သော

နရာပထမ တည်သောစက ဌာနသေဌ်မြေ ချက်မြှုပ်နေ၍ ဝေးမြေရပ်ထူး မရောက်ဖူးသည် ရွယ်လူးခင်ညို သွေးကြည်းဆိုသော် သံချိုခင်ဦး ပျံ့ပျူးသာယာ ပြန်ပိမ့်နာလော့ ပမာထုံးစံ ကြောင်းဝေးလံစွ ငှက်ပျံခေါင်းလောင်း ရေကြောင်းရှာသွား ယောက်ျားလားသို့ ကြက်ကားတတွေး ဒေါင်းတငေးမျှ မဝေးကြဘူး မြေခေါင်ကျူးသား ရပ်ထူးစွန်နား တပါးပြည်ရွာ သျှင်တို့မှာသို့ လိုက်လာစေကြောင်း မသွေးကောင်းခဲ့ ရှေးနှောင်းနေတည် ဆက်စဉ်ရှည်သည် မှတ်ရည် ယူမဆလှည့်သော

အခါသမယ ရောက်လကလည်း ဌာနဘုရား ကျောင်းကန်သွားသော် ဝတ်စားဆင်ယင် ထမ်းစင်သန်လျင်း စီးနင်းတသွယ် အံ့ဖွယ်ရိပ်စက် ကျိုင်းချင်းယှက်မျှ စဉ်ဆက်ဘေးဘိုး ဘောင်ရိုးကုန်ကြွယ် မိဖဝယ်လည်း လိုမယ်မတ ပြည့်စုံလှလျက် ပြည်ပပြည်တွင်း အချင်းခပ်သိမ်း သူစိမ်းသူကျက် ဆံသက်နီးဝေး အိမ်ဈေးသဘင် စုံအင်ရှစ်မည် မယ်၌တည်လျက် မြရည်ကျိုင်းထွား ရွှေဝသားလျှင် သနားတကိုယ် တူပျော်လိုဟု တွေးချိုမဆ မြင်ကာမျှကို မိဖအုပ်ချုပ် ကျွန်ုပ်ဘယ်မှာ သျှင့်နောက်ပါအံ့ မေတ္တာမြဲချည် သီလတည်သည် ညွတ်ကြည် ချူမရလှည့်သော

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.