မာတိကာသို့ ခုန်သွားရန်

တောင်ပိမင်းစေတီကျောင်း ကျောက်စာ

ဝီကီရင်းမြစ် မှ
တောင်ပိမင်းစေတီကျောင်း ကျောက်စာ (သက္ကရာဇ် ၆၉၇)
by တောင်ပိမင်း
1409တောင်ပိမင်းစေတီကျောင်း ကျောက်စာသက္ကရာဇ် ၆၉၇တောင်ပိမင်း
  • “။ နမော တဿာတိ။ ဝ။ သကရစ် ၆၉၈ ခု နံယုန်လ္ဆန် ရရျက် စိယ္န်နိယ် တောင်ပိမင် စေ
  • တီ ကူက္လောင်ကိုဝ် လှူသောအလှူကာ။ ဥစ္စနာမင်ကိုဝ် ပန်ရုယ်ရသော ရွာတောင်အင်
  • အနောက္က်ာ ကေသရာက္လောင်ရှိယ်ရျာအစ အရှိယ်ကာနွာကူစသော ၆ ပယ်တေ၊ ၊
  • ဤ ၆ ပယ်တွင် အင်ခံက္လောင်ရှိယ် ၁ပဲကာ ကူသစ် ဆီမီ သင်ပုတ်ဝတ်တေ
  • နွာကူနာ ၁ပဲကာ က္လောင်အဖာတေ။ ၄ပဲကာ အရျာစာတေ။ စေတီဥပစာ
  • တွင် အင်ခံက္လောင်နောက် မ္လိယ်နှင်အကွ ထန် ၂၃၀။ အိုန်ပံသင်က္လောင်တောင်
  • ၃၂၀။ အပေါင် ၅၅ဝကာ စေတီကူဖုရှာအကုန်ကိုဝ် မဟာထေအရျာ
  • ဖုရှာကျွန်တိုဝ်ငီရုယ် ဖာစိယ်သတေ။ က္လောင်၎္တဝ်ဥပစာကာ အရှိယ်
  • မြေါင်ငယ်အဆုံ၊ တောင်ကာလဲစ၊ အနောက္က်ာကျင်ပန်လဲစ မြေါင်အဆုံ
  • ၁၀ မ္လစ်ကာနွာကူမြေါင်အဆုံ။ က္လောင်၎္တဝ်မ္လစ်ထန် ၁၀၀။ အရှိယ်ကန်ထက်
  • ၁၁ ၃၀၀။ အပေါင်၄ဝဝကာ က္လောင်၎္တဝ်တွင် ပျက်သမျှဖာစိယ်သတေ။
  • ၁၂ ပြီသောကာ သျင်တိုဝ်အလိုဝ်ရစိယ်သတေ၊ ကြွင်သော ၃၇၃၀ တွင် ၄၀၀။
  • ၁၃ ထေရစာတေ။ ၃၃၃ဝကာ အရျာစာတေ။ စေတီဥန် ၈။ ပိယ်၂။ သိရျ
  • ၁၄ က် ၈။ သိပြိယ် ၁။ မင်က္လည် ၄။ သမြည်စည် ၁။ တီသီ ၁။ သိဖန် ၁။ တလ
  • ၁၅ ည် ၁။ ရယ်ရိုဝ် ၁။ ကူအကုန်သောသိရျက် ၁၂။ ပိယ် ၆။ သိပြိယ် ၄။ မင်က္လ
  • ၁၆ ည် ၆။ သမြည်စည် ၁။ တီသီ ၁။ တလည် ၁။ ရယ်ရိုဝ် ၁။ ဖုရှာအလုံသော
  • ၁၇ ပုန်ညက်အကုန်။ ။ ထေရမှပိယ် ၈။ ဥန်၁၀။ သိရျက် ၁၀။ သပြိယ် ၁။ မ
  • ၁၈ င်က္လည် ၂၀။ သမြည်စည် ၁။ တီသီ ၁။ တလည်၁။ ရယ်ရိုဝ် ၁။ အရျာ
  • ၁၉ မှကာ ပိယ် ၄၇။ ဥန် ၅၀။ သိရျက် ၄။ သိပြိယ် ၃၀။ မင်က္လည် ၃၀။
  • ၂၀ သမြည်စည် ၄။ တလည် ၄။ ရယ်ရိုဝ် ၇။ နောင်လါသ သစ်
  • ၂၁ (ပ)င်အစုတ်လေ ဤနည်တေ။”

[နမော တဿာတိ။ သက္ကရာဇ် ၆၉၈ခု၊ နယုန် လဆန်း ၇ရက်၊ စနေနေ့ တောင်ပိမင်း စေတီ ဂူကျောင်း ကို လှူသောအလှူကား ဥစ္စနာမင်းကို ပန်၍ရသော ရွာတောင်အင်း အနောက်ကား ကေသရာကျောင်းရှေ့ ယာအစ၊ အရှေ့ကား နွားကူး စသော ၆ပယ်တည်း။ ဤ ၆ပယ်တွင် အင်းခံကျောင်းရှေ့ ၁ပယ်ကား ဂူသစ် ဆီမီး သင်ပုတ်ဝတ်တည်း။ နွားကူးနား ၁ပယ်ကား ကျောင်းအဖာတည်း။ ၄ပယ်ကား အရိယာစာတည်း။ စေတီဥပစာတွင် အင်းခံကျောင်းနောက် မြေနှင့်အကွ ထန်း ၂၃ဝ၊ အိုပံသင်ကျောင်းတောင် ၃၂ဝ အပေါင်း ၅၅ဝကား စေတီဂူဘုရားအကုန်ကို မဟာထေရ်အရိယာ ဘုရားကျွန်တို့ညီ၍ ဖာစေသတည်း။ ကျောင်းတော် ဥပစာကား အရှေ့မြောင်းငယ်အဆုံး၊ တောင်ကား လယ်စ၊ အနောက်ကား ကျင်ပန်လယ်စ မြောင်းအဆုံး၊ မြောက်ကား နွားကူးမြောင်းအဆုံး၊ ကျောင်းတော်မြောက် ထန်း ၁၀၀၊ အရှေ့ကန်ထက် ၃၀၀၊ အပေါင်း ၄ဝဝ ကား ကျောင်းတော်တွင် ပျက်သမျှ ဖာစေသတည်း။ ပြီးသောကား ရှင်တို့အလိုရစေသတည်း။ ကြွင်းသော ၃၇၃ဝတွင် ၄ဝဝ ထေရစာတည်း။ ၃၃၃၀ကား အရိယာ စာတည်း။ စေတီ အုန်း ၈၊ ပေ၂၊ သရက်၈၊ သပြေ ၁၊ မန်ကျည်း ၄၊ သစ်မည်စည် ၁၊ တည်သီး ၁၊ သဖန်း ၁၊ တလည်း ၁၊ ရဲယို ၁၊ ဂူအကုန်သော သရက် ၁၂၊ ပေ ၆၊ သပြေ ၄၊ မန်ကျည်း ၆၊ သစ်မည်စည် ၁၊ တည်သီး ၁၊ တလည်း ၁၊ ရဲယို ၁၊ ဘုရားအလုံးသော ပုန်းညက်အကုန် ထေရမှပေ ၈၊ အုန်း ၁ဝ၊ သရက် ၁ဝ၊ သပြေ ၁၊ မန်ကျည်း ၂၀၊ သစ်မည်စည် ၁၊ တည်သီး ၁၊ တလည်း ၁၊ ရဲယို ၁၊ အရိယာမှကား ပေ ၄၇၊ အုန်း ၅၀၊ သရက် ၄၊ သပြေ ၃၀၊ မန်ကျည်း ၃၀၊ သစ်မည်စည် ၄၊ တလည်း ၄၊ ရဲယို ၇၊ နောင်လာသော သစ်ပင်အစုတ်လည်း ဤနည်းတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.