တောသားရုပ် ဒုံးချင်း
ပုံပန်းသွင်ပြင်
ဇာတိချက်ကြွေ၊ တည်နေရင်းက၊
ချင်းတွင်းမြစ်စ၊ ညာအခေါင်။
ဘေးဘိုးစီစဉ်၊ ဘီကလျှောက်လို့၊
ရွှေမြို့ဆို အလွန်ကြောက်
ကျုပ်တစ်ယောက်သာ ကံကောင်းကြုံလို့၊
ရွှေနန်းရွှေဘုံ မြင်ပေရ၊
ပြောပနိုင်အောင်။
ငါတို့ရွာ မင်းသံရောက်က၊
မောက်တိုကြိမ်နှင့် လက်ျာတောင်၊
မှူးကြီးမတ်ခေါင် တကယ်မှတ်လို့၊
သည်မြို့သည်ရပ် ရောက်မှပင်၊
လွှတ်ရုံးလုလင် အမှန်သိ၊
ဇာတိမင်းနေ ပျော်ပိုက်ချင်၊
မင်စစ်ပြင် မပ်ကြောင်ထိုး၊
မိရိုးဖလာ သည်ထားမကို၊
မချရက်လို့ ခုထက်တိုင်၊
ပေါ်လာလျှင် ချိုင်ရော့မယ်၊
သံနိုင်သူ ဦးသာဧ
ဆေးလိုက်သည့် လက်ဟောင်း။
တောင်ယာပြင် ကျော်ဟိုးမှာ၊
ကိုးဆယ်ပြည့် နှစ်ပေါင်း။
- မှာပုံတော်ဝတ္ထု အတွဲ (၁) - သခင်ကိုယ်တော်မှိုင်း မှ
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |