တော်သလင်းလဘွဲ့ သဖြန်လေးဆစ်
ပုံပန်းသွင်ပြင်
ကန်ရာသီ ချိန်တွင်းမို့
ရွှေရင်းတဲ့ မာငုံ
မြိုင်ဟေမာ သာနန်းက
သုတ်ဖြန်း လေယူဖြန့်
သင်းပျံ့ပျံ့ထုံ။
တိမ်စွမ်ဘုံ
ရောင်ဟုံလျှံပ
လမင်း သော်တာနှင့်
အဗဒ္ဓါဆို ရွှေကျီးငယ်
နီးသည့်ကာလ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |