မာတိကာသို့ ခုန်သွားရန်

တျာဘွဲ့သီချင်း

ဝီကီရင်းမြစ် မှ
တျာဘွဲ့သီချင်း (သက္ကရာဇ် ၆၇၄)
by အမည်မသိစာဆို
1430တျာဘွဲ့သီချင်းသက္ကရာဇ် ၆၇၄အမည်မသိစာဆို

“ခါးပတ်တော်မှာရွှေချည်စုံ၊ မှိုင်းလုံးရွှေဝတ်လုံ၊ မလုံသာ ချမ်းအေးမြ။ မိုးသောက်ထရောင်ဖြူလာငယ်ကို၊ ထိပ် ပန်းပန်ငယ် မြင်းခင်းကြွပါလို့လေး။ အလှငယ်လာမည့် လမ်းငယ်ကို၊ မျှော်ယောင်တမ်းလို့လေး။ ယမန်ယမန် လယ်တွင်၊ မြင်ပါလိုက်ငဲ့မယ့်ထိပ်တင်၊ မြင်းတည့် မြင်းဖြူရှင်။ သျှောင်တွင်လေတင့်ဆုံး၊ နားမှာသာ ပန်း ကြက်ရုန်းငယ်နှင့်လေး။ သျှောင်လုံးနားတွင် အပြည့်သာ ဆင်၊ မြင်ပင်မြင်ပင်လိုက်ပါစလေး။ မြင်ပင်မြင်လိုက် ပါစလေး။ ရွှေနန်းငွေနန်းသူ၊ ငယ်မူငယ်ရာသားနှင့်၊ သနားချစ်စရာ။”

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။