မာတိကာသို့ ခုန်သွားရန်

ဓမ္မစရိယာနိသံသဒီပနီ

ဝီကီရင်းမြစ် မှ
မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
by မာန်လည်ဆရာတော်
၂။ ဓမ္မစရိယာနိသံသဒီပနီ
1515မဟာသုတကာရီ မဃဒေဝလင်္ကာသစ် — ၂။ ဓမ္မစရိယာနိသံသဒီပနီမာန်လည်ဆရာတော်


(၅၄၅) ခုနစ် မဟာ၊ ရတနာတိ၊ သဒ္ဓါ ပတ္တ †မြား၊ ဘိုး†များ နဂ္ဃ၊ သီလ ပုလဲး၊ မျက်ရွဲး သုတ၊ စာဂ သန္တာ၊ ပညာ စိန်ကျောက်၊ ထိန်တောက် ဝင်းညိ၊ ဟိရီ့ *ကျော့ငွေ၊ သြတ္တပ် ရွှေဟု၊ မသွေ ပြညွှန်၊ ဥစ္စာ*မွန်နှင့်၊ ဂုဏဝန်ကျော်၊ အို သူတော်တို့။။ ရှုမြော် ပညိန်၊ နှိုင်းချိန် မမေ့၊ တရား မွေ့၍့၊ စေ့စေ့ ဆင်†ခြင်၊ သိစေ†ချင်၏၊ “ကိုယ်ပင် တရား၊ အခြား မဟုတ်၊ မုချ မှန်ဘိ၊ သုတယှိက၊ သပ္ပုရိခေါ်၊ မြတ်သူတော်ကား၊ အကျော် ခုနစ်ပါး၊ ဥစ္စာ များ၍့၊ တရား ယုံလစ်၊ သီလ ချစ်လျက်၊ ခုနစ် သုစရိုက်၊ ကိုယ်နှိုက် ဖြူဆွတ်၊ အာဇီဝဌ်နှင့်၊ မချွတ် ပြည့်ငြား၊ ပြီးသောအားဖြင့်၊ မလား ပါယ်ရပ်၊ မကပ် ဝေးကွာ၊ ကျင့် သမ္မာနှင့်၊ အရိယာသူ*မွန်၊ သောတာပန်သို့၊ လမ်းမှန် ဖြောင့်စွာ၊ မထောင့်ရာသည်။။ နတ်ရွာ ရောက်ရေး၊ ကွာမဝေး။”(၁)

(၅၄၆) စုလစ် တရာ၊ ဆန်းကြယ်စွာသား၊ ရတနာဘုံထွတ်၊ ကောင်းကင် ညွတ်မျှ၊ *တမွတ် ကြက်သရေ၊ တက်သစ် နေသို့၊ ရွှေ တခဲးနက်၊ ပြိုးပြိုးပြက်တိ၊ ခွဲးဝက် ယူဇနာ၊ ကျယ်စွာ နံ-လျား၊ အစောက်အားမူ၊ နွားမင်း ရှစ်တွန်၊ နည်းညွှန် မှတ်ပြု၊ ရှစ်ဥသဘ၊ တစ်ကဏ္ဍဖြင့်၊ မြားကျ တထောင်၊ အမြင့်ဆောင်သည့်၊ ရွှေတောင် *ဖြိုးမောက်၊ နန်းမြေပေါက်နှင့်၊ မိုးအောက် ဝန်းကျင်၊ တု မမြင်အောင်၊ လူ့ခွင် စည်းစိမ်၊ စံ မွေ့သိမ်လျက်၊ ကြိမ်ကြိမ် လူ့ရွာ၊ မသက်လာဘဲး၊ ကာမာဝစရ၊ သုခ *ပြောစည်၊ မိုးမြင့်တည်သား၊ ခြောက်ပြည် နတ်ရွာ၊ နိမ္မာ ဝသ၊ စသည် ထက်-အောက်၊ ဘန် ခေါက်ခေါက်တိ၊ ဆုံးရောက် စံကာ၊ ပြန် လူးလာဖြင့်၊ ချမ်းသာအတိ၊ ဘဒ္ဒဇိဟု၊ ဘုန်းယှိ ထင်ရှား၊ သူဌေ့းသားသို့၊ အပြား ခု†နစ်၊ ဥစ္စာ†နှစ်နှင့်၊ စင်စစ် *ကုံလုံ၊ ခိုင် ပြည့်စုံက၊ လူ့ဘုံ နတ်ရွာ၊ နိဗ္ဗုတာသည်။။ မြတ်ရွာ ပေါက်ရေး၊ ကြာမနှေး။ (၂)

(ဤနှစ်ပိုဒ်ကား အချီ-အချ ပိုဒ်စုံ 'ကိုးတွင်းပြည့်'၊)

(၅၄၇) “နတ်သိကြားဂ†သျှင်၊ နတ်များ†ရှင်လည်း၊ လူ့ခွင် လူမှာ၊ လူဖြစ်ခါက၊ ရွာ မစလ၊ ထိုဂါမနှိုက်၊ မာဃမည်ငြား၊ မြတ်ယောက်ျားတည့်၊ မယား လေးယောက်၊ လက်အောက် လူစစ်၊ သုံးကျိပ်နှစ်နှင့်၊ လွန်ချစ် ကုသိုလ်၊ အလို မြတ်လှ၊ ယွင်း မခွရှင့်၊ နေ့-ည မပြတ်၊ အိမ်ရှေ့နတ်သို့၊ မြတ်မြတ်နိုး†နိုး၊ စိတ်ကို †နှိုးပြီး၊ ရှိခိုး ဦးတင်၊ ကြည်လင် ညွတ်တွား၊ ထိပ်ထက် ထားလျက်၊ ခ,စား မပျင်း၊ လုပ်ကျွေးခြင်းဖြင့်၊ မကင်း ဝီရိယ၊ ကိုယ်တိုင် ထ၍့၊ မိ-ဘ နှစ်ဆူ၊ မွေးမြူ မငြီး၊ သက်ကြီး ရိုသေ၊ ကုလေ ဇေဋ္ဌ၊ စသည့်တရား၊ ခုနစ်ပါးမြတ်၊ ပဋိပတ်ကို၊ မချွတ် ကျင့်*နေ၊ မြဲးသော့ထွေနှင့်၊ *ဗိုလ်ခြေ သွား-လာ၊ သာယာစခန်း၊ လမ်းပန်း သုတ်သင်၊ လူ-ရှင် သုံးအပ်၊ စရပ် ရေကန်၊ ပန်းမာန် ဥယျာဉ်၊ အစဉ် ပြုစု၊ ကောင်းမှု မမေ့၊ အားထုတ် လေ့၍့၊ စုတေ့သော့ခါ၊ ဝတိံသာဝယ်၊ ဣန္ဒာ ဒေဝရာဇ်၊ နတ်မင်း ဖြစ်၏၊ စင်စစ် ထို့တူ၊ ကောင်းနည်း ယူက၊ မည်သူမဆို၊ ဖြစ်ရာ ကိုယ်နှိုက်၊ ကုသိုလ်အကျိုး၊ ဘုန်း ဝေဖြိုး၍့၊ တန်ခိုး မကျော်ဘိမူကား။”(၃)

(၅၄၈) မှတ်ဘိ နားတင်၊ များ လူ-ရှင်တို့၊ ပြည်တွင် ဗာရာ၊ ပန်းမှာ မုလေး၊ အဧး သီတာ၊ ရေမှာ မိုးများ၊ ယောက်ျားတွင်ပေ၊ ပရမေသုရာ၊ မိန်းမမှာကား၊ ကညာ ပျိုစင်၊ သီးတွင် သရက်၊ သားတွင် ဝက်ဟူ၊ မြစ်မူ ဂင်္ဂါ၊ ထူးမြတ်စွာသို့၊ “သတ္တဝါတွင်၊ ဆုကြီးဆင်သား၊ ဗုဒ္ဓင်္ကူထွတ်၊ ဗောဓိသတ်ဟု၊ သူမြတ်တို့သာ၊ ဉာဏ် စိန္တာဖြင့်၊ သမ္မာဒိဋ္ဌိ၊ အသိ သန့်ရှင်း၊ အပြစ် ကင်း၏၊”*ခပင်း ထိုမျှ၊ “လူ့လောကနှိုက်၊ အန္ဓပုထုဇဉ်၊ ဉာဏ် မယှဉ်ကား၊ အစဉ် မှားလေ့၊ ထင်သရွေ့ဖြင့်၊ လျော့မေ့ သတိ၊ မယှိ ပညာ၊ သဒ္ဓါ နည်းပါး၊ အမိုက်အားဖြင့်၊ တရား မတည်၊ မကျည် *မခိုင်၊ ယိမ်းယိုင် စောင်းငဲ့၊ အယူ ယွဲ့၏၊ ဂုဏ်*မဲ့ တက္ကတွန်း၊ ရဟန်း အလဇ္ဇီ၊ ကျင့် ဒုဿီနှင့်၊ မညီ တရား၊ သူတို့အားလည်း၊ ဘုရား ရဟန္တာ၊ အရိယာဟု၊ မိစ္ဆာ စွဲးငြိ၊ မှီဝဲးမိက၊ အသိ ကျင့်ချွတ်၊ သုနက္ခတ်သို့၊ မပြတ် အောက်လျှိုး၊ ဂတိ ဆိုး၍့။။ မြန်းညှိုး မယော်ဘိမူကား။”(၄)

(၄င်း ၂-ပိုဒ်လည်း၊ ရှေး 'ကိုးတွင်းပြည့်အတူ'။)

(၅၄၉) ဘုရား ချစ်ရှင်၊ ဟော *သွန်သင်သား၊ “ကိုးအင် ဓမ္မဓာတ်၊ တရားမြတ်ကို၊ မပြတ် သင်ကြား၊ နာသူအားလျှင်၊ ငါးပါးနိသင်၊ အကျိုး ထင်၏၊ *ပုံပြင် ထုံးဟောင်း၊ ရှေးနှောင်း ခုဖြစ်၊ စင်စစ် ကောင်း-ဆိုး၊ ကြောင်း-ကျိုးစကား၊ နည်းနာများကို၊ မကြားစဖူး၊ ကြားရ ထူး၏၊ ကြားဦး ရှေးက၊ ကြားပြီးစွလည်း၊ ကြားရ တဘန်၊ ကြည်လင်ပြန်၏၊ ဉာဏ်မမှီငြား၊ ထင် ယုံမှားလည်း၊ ပယ်ရှား ဖျောက်ပ၊ ကင်းစေရ၏၊ ဝါဒ မထောင့်၊ ယူဖြောင့် စိတ်†ကြည်၊ ဤငါးမည်တိ၊ *ကျိုး†ကျည် မြဲးဘိ၊ မပျင်းရိနှင့်၊ အသိပွားမှု၊ နာကြား ရှုလျက်၊ ဖတ်ပြု ခါခါ၊ များ လေ့လာလော့၊ ဝါသနာဘာဂီ၊ ထုံ ဝသီဖြင့်၊ လောကီ လောကုတ်၊ ကျိုး မယုတ်ဘူး၊ ဗဟုဿုတ၊ နားဝ ဘန်ဘန်၊ ကျမ်းဂန် အ†ကြား၊ သိ-မြင် များက၊ ယော†က်ျား လူ*မွန်၊ သူ့ထက် လွန်၍့။။ တံခွန်မစိုက်ဘိချေကား။”(၅)

(၅၅၀) “*စုလျား သစ်လွင်၊ ကတော့တင်၍့၊ ရင်ပြင်တော်ရပ်၊ ကျောင်းကန် ကပ်လျက်၊ တင့်အပ် သိမ်မွေ့၊ သူ*မွန်လေ့ဖြင့်၊ မမေ့စေရ၊ သတိမလော့၊ ဗုဒ္ဓမာမက၊ ဗုဒ္ဓဂါရဝါ၊ ဗုဒ္ဓါနုဿတိ၊ အစယှိသား၊ အပရိဟာနီ၊ မြတ်စာရီလည်း၊ ထုံမှီ ဝမ်းထဲး၊ ခါးဝတ် မြဲးသို့၊ မှတ်စွဲးကုန်ကြ၊”သီဟဠဝယ်၊ တိဿမာဏဝ၊ သုမနကုမာ၊ တူ နှစ်ဖြာသို့၊ “ရတနာသုံးပါး၊ အမြတ်အားလျှင်၊ ဦးဖျား လက်ချီ၊ အ ဉ္ဇလီဖြင့်၊ ထို-ဤကိစ္စ၊ ဟူသမျှနှိုက်၊ စိတ်က မပျက်၊ ဆောင် လေ့ကျက်တည့်၊ ခွေး-ဝက် ကျွဲး-နွား၊ မြည်းလား သိုး-ဆိတ်၊ အဟိတ်မျိုးတန်၊ တိရစ္ဆာန်နှင့်၊ ဘောက်ပြန် ယူဆန်း၊ မြတ်မှန်း မသိ၊ ဒိဋ္ဌိ မကိုင်း၊ လူ့အရိုင်းသို့၊ ခိုင်း-ထိုင်း ကျားတား၊ ကားရား ကိုးရိုး၊ မြင် မဆိုးအောင်၊ မြတ်နိုး တွေ့ရာ၊ ပြုနိုင်စွာက၊ နတ်ရွာ မိုးစွန်၊ ကောင်းခြီး တွန်၍့။။ သံ*ဝှန် မဆိုက်ဘိချေကား။”(၆)

(၅၅၁) ရှုမော မြင့်ခေါင်၊ လေးသွယ်ရောင်နှင့်၊ ရွှေတောင်ကနက်၊ မြင်းမိုရ်ထက်နှိုက်၊ ချင့်တွက် ယူဇနာ၊ ရာ ခုနစ်ပြန်၊ မြင့်ဖြိုး*သွန်သား၊ ဝေယံဘုံထွတ်၊ နန်းပြာသာဒ်ဝယ်၊ “နတ်မြတ် မဟာ၊ ဒေဝိန္ဒာလျှင်၊ သူဇာ ဓမ္မာ၊ နန္ဒာ စိတ္တ၊ စသည့် နောက်-ရှေ့၊ နှစ်ကုဋေ့ငါးသန်း၊ နတ်ရွေပြန်းတို့၊ ထက်ဝန်း ပတ်ခြံ၊ သောင်းသောင်းရံလည်း၊ ဗြဟ္မစရိယ၊ စာရိတဖြင့်၊ တလ ရှစ်ကြိမ်၊ ကျင့် မွေ့သိမ်လျက်၊ စည်းစိမ် မခံ၊ ခြွေရံ ခွါရှင်း၊ ကိုယ်ရှောင် ကင်း၍့၊ *သီတင်း မယုတ်၊ ဥပုသ် မမေ့၊ စောင့်ဓလေ့၏၊ မရွေ့ စဉ်စီ၊ လစဉ် မှီလျက်၊ အဋ္ဌင်္ဂိက၊ မြတ်သီလနှင့်၊ ဒသနိယံ၊ ကျင့်မြဲးမြံက၊ သုဇမ္ပတိ၊ ဘုန်းယှိ မြတ်စွာ၊ နတ်ဣန္ဒာသို့၊ ကာမာဝစရ၊ ဗြဟ္မာ စသား၊ ဘဝ ညာဆန်၊ တက်မည် မှန်သည်။။ နိဗ္ဗာန် မ*တိုးတည်လိမ့်ကား။”(၇)

(၅၅၂) မုနော တင့်ဆောင်၊ နန်း *ရွှေတောင်ထက်၊ “*မြားမြောင် သေနင်၊ ထက်ဝန်းကျင်နှိုက်၊ တွင်း-ပြင် ထပ်ထပ်၊ မြဲးကြပ်ကြပ်ဖြင့်၊ စပ်မျှ မကွာ၊ ခြံရံကာလျက်၊ မနာပါလို၊ မအိုပါစေ၊ မသေပါရ၊ ပါယ် မ†ကျအောင်၊ တ†ကြ တကြောင့်၊ လုံ့လ စောင့်လည်း၊ ၄င်း ထို့ကိုယ်၊ နာ-အို-သေ†ခြင်း၊ ဘောက်ပြန်†ခြင်းက၊ လွတ်†ခြင်း မယှိ၊”စောင့်ဘိ သီလ၊ စာရိတ္တမှ၊ ကင်းထ အလိုက်၊ “ဒုစ္စရိုက်နှင့်၊ စိတ်ကြိုက် မွေ့လျော်၊ မေ့ကျူး ပျော်သည့်၊ မသူတော်ဆိုး၊ ထိုလူမျိုးတို့၊ စောက်ထိုး ပါယ်တွင်း၊ ကျရောက်ခြင်းမှ၊ လွတ်ကင်းစိမ့်ငှါ၊ မတက်ရာတည့်၊” “သမ္မာ မကြိုက်၊ စရိုက် ယုတ်မာ၊ လူမိုက်စွာမူ၊ ရံခါ ကုသိုလ်၊ မပြုလိုဘူး၊ ကိုယ်ကို မြတ်နိုး၊ အမျိုး မြတ်စွာ၊ သူတို့မှာကား၊ သမ္မာဒိဋ္ဌိ၊ အသိမြင် သန်၊ မဘောက်ပြန်သည်။။ ဓိဋ္ဌာန် မ*ကျိုးကျည်လိမ့်သား။”(၈)

(၄င်း ၂-ပိုဒ်လည်း ရှေးအတူ အစတလုံးချန်။)

(၅၅၃) ဗြဟ္မာ့ခန်းဝါ၊ ဘုံသုဒ္ဓါဝယ်၊ အနာဂါမ်မြတ်၊ ခီဏာနတ်တိ၊ “သမာပတ် ရှစ်စဉ်၊ ခြောက် ဘိညာဏ်နှင့်၊ စျာန်ယာဉ်ပျံ စီး၊ ဗြဟ္မာကြီးတို့၊ မီး ခုနစ်ကြိမ်၊ ရေ တကြိမ်နှင့်၊ ရှစ်ကြိမ်မြောက်ခါ၊ ရေမလာဘဲး၊ လေသာ ဖျက်*နေး၊ ခြောက်ဆဲ့လေးဟု၊ တွက်ရေး သင်္ချာ၊ အစဉ်လာသား၊ ကမ္ဘာပျက်နည်း၊ *နိဿရည်းတိုင်း၊ *လိပ်လည်း မယှိ၊ ဤသို့တိတွင်၊ လောင်ညိ ထိန်ညီး၊ မီး ဒုတီယ၊ သတ္တက၏၊ ပထမအဂ္ဂိ၊ ကြိမ် အာဒိဟု၊ ကေစိ အချို့၊ ယူတုံမျှို့သား၊ “ငါတို့တစု၊ နေတည်ပြုသည့်၊ ဤခုကမ္ဘာ၊ ပေါ်ဦးခါနှိုက်၊ သုညာသုည၊ ကမ္ဘာ့ဓမ္မတာ၊ လက္ခဏာကို၊ ရွှေကြာနိမိတ်၊ ဖတ်မြဲးဟိတ်ဖြင့်၊ အကနိဋ္ဌ၊ ဗြဟ္မာ့ရပ်သာ၊ ဘုံက လာ၍့၊ လက်ျာကျွန်းစစ်၊ မဇ္ဈေခေတ်တွင်၊ ရှေးဖြစ် နှောင်းပျက်၊ ဇမ္ဗူ့ချက်ဟု၊ အောင်*နက်သန်စုံ၊ လယ်ခုံ ဓိပတိ၊ အောင်ကိန်းယှိသား၊ ဗောဓိရာ*ရိုက်၊ အောင်မြေတိုက်ဝယ်၊ အောင်သိုက်သြဘာ၊ ငါးပွင့် ကြာနှင့်၊ မင်္ဂလာ ဥက္ကဌ်၊ လွန်ထူးမြတ်ကြောင့်၊ မိုးနတ် ဝိသုဒ်၊ ဗြဟ္မာ့နှုတ်ဖြင့်၊ မိန့်ထုတ် ပညတ်၊ ဘဒ္ဒကပ်ဟု၊ သျှရဗ္ဗဇညော်၊ ငါးဆူ ပေါ်သား၊ အကျော် သညာ၊ ဤကမ္ဘာထက်၊ များစွာ *ပြောထူ၊ နတ်နှင့် လူတွင်၊ ဇမ္ဗူကျွန်းဘွား၊ သောင်းရပ်သားအား၊ တရားစည်ကြီး၊ ငါးကြိမ် တီး၍့၊ ပွဲးသီး အောင်သံ၊ ငါးကြိမ်ခံရှင့်၊ ဓမ္မုဿဝ၊ ဗုဒ္ဓ သြဝါ၊ သာသနာတိ၊ မဟာသမ†ယ၊ ဒုလ္လဘနှိုက်၊ အ†ရကြုံချက်၊ ပုညစက်နှင့်၊ မပျက် မှန်ဘိ၊ လူ့ဇာတိတို့၊ ပဏိဓိဂုဏ်၊ *ယွင်း မ*သုန်ဘဲး၊ စက်ဟုန် မဆိုင်း၊ လိုရာ စိုင်းက၊ နတ်တိုင်း ကာမာ၊ ထက်ဗြဟ္မာနှင့်၊ နိဗ္ဗုတာရုံ၊ ဘေး*မဲ့ လုံသည်၊ ရွှေဘုံ ပြာသာဒ်၊ ပြည်ရိမဒ်သို့၊ မချွတ် ရောက်နိုင်၊ အခေါင်တိုင်၍့၊ သုံးဆိုင် ဘုံလေ့၊ ဝဋ်မီးငွေ့ဖြင့်၊ စုတေ့ ပဋိသန်၊ အဘန်ဘန်လျှင်၊ ဖြစ်ပြန် ပျက်ခြင်း၊ ဒုက္ခ ကင်းလျက်၊ သေမင်း မမြင်၊ ငြိမ်းရာ ဝင်သည်။။ ကယ်လျှင် မဆိတ်ကြသော်ကား။”(၉)

(၅၅၄) ကမ္ဘာ့တန်းဆာ၊ ဓမ္မတာဖြင့်၊ ဗြဟ္မာသမုတ်၊ စတု †ယုဂ်တွင်၊ မ†ယုတ် ခန့်ကိန်း၊ လေးသိန်းသုံးသောင်း၊ နှစ်ထောင် ဆောင်းသား၊ နှစ်ပေါင်း ရေတွက်၊ ကလိသက်ရှင့်၊ ပွားတက် နှစ်ဆ၊ ဒွါပရမှန်၊ သုံးပြန် တြေတာ၊ လေးဖြာ ကတ၊ ဟူစွ *၄င်း၊ လေးရပ် ပေါင်း၍့၊ သိကြောင်း တွက်ဆန့်၊ ဂဏာန်း ဖြန့်သော်၊ တသန့်းခုနစ်သိန်း၊ ရေကိန်း အဖြောင့်၊ နှစ်သောင့်းရှစ်ထောင်၊ *မြားမြောင် အကယ်၊ ထိုနှစ်ကျယ်ဖြင့်၊ ခေါက်လှယ် ခေါက်လှယ်၊ ကပ်ဆုံး ကွယ်အောင်၊ လူဝယ် ရှည်လျား၊ ယုဂ် လေးပါးတို့၊ လှည့်ငြား ဘန်ဘန်၊ အပြန်ပြန်တည့်၊ လေးတန် ယုဂ၊ ထိုလောက်မျှတွင်၊ ကတ နှစ်တွင်း၊ လူ*ခပင်းတို့၊ မကြွင်း *ဥဿုံ၊ လုံးစုံ သမ္မာ၊ မှန်သစ္စာ၏၊ တြေတာတုံ၊ လေးပုံ ပုံငြား၊ သုံးပုံအားဖြင့်၊ တရား တည်ကြ၊ တပုံ ပ,၏၊ ဒွါပရစက်၊ ထိုယုဂ်သက်နှိုက်၊ ထက်ဝက် ကောင်း-ဆိုး၊ နှစ်မျိုးညီတိ၊ ယုဂ် ကလိကား၊ အသိ အယူ၊ အမူ ကောင်းစွာ၊ သတ္တဝါ နည်းလှ၊ တဘို့မျှဖြင့်၊ သုံးဆ ချွတ်ယွင်း၊ တရား ကင်း၏၊ ယင်း ကလိယုဂ်၊ သမုတ် လူ့ဘောင်၊ နှစ် *ယခေါင်တွင်၊ နှစ်ထောင်ကျော်ထ၊ ငါးရာ့ခုနစ်ဆယ်၊ ပြည့်*ကယ်တုံလျက်၊ ဆန်းလွန်တက်မှ၊ “ရာသက်ကာလ၊ ဟာယနနှိုက်၊ သကျသီဟ၊ ဂေါတမဟု၊ လောကထွတ်ထား၊ မြတ်ဘုရားလျှင်၊ ထင်ရှား လူ့ရွာ၊ ဖြစ်ပွင့်လာ၍့၊ သတ္တဝါ *ဗိုလ်လူ၊ ဟိန္ဒဂူကို၊ ကယ်ယူသော့အား၊ တရားစည်ကြီး၊ ခြိမ့်မျှ တီးလျက်၊ နှစ်သီး ငါးထောင်၊ စေ့အောင် ပျမ်းချိ၊ ထောင်စီ ညှိ၍့၊ ပဋိသမ္ဘိဒါ၊ ဆဠာဘိည၊ တေဝိဇ္ဇာနှင့်၊ သုက္ခဝိပဿက၊ နာဂါမ် စသား၊ အရိယဂိုဏ်း၊ မြတ်ခေတ်ပိုင်းဖြင့်၊ ပြန့်လှိုင်း အဟုတ်၊ စဉ် မယုတ်အောင်၊ လောကုတ်သဘင်၊ မဂ်ပွဲး *ရင်သည်။။ ပါယ်ခွင် မပိတ်ကြသော်ကား။”(၁၀)

(၄င်း နှစ်ပိုဒ်လည်း ရှေးအတူ အချီ-အချ ပိုဒ်စုံ 'ကိုးတွင်ပြည့်'၊)

ဓမ္မစရိယာနိသံသဒီပနီ (၁၀)ပိုဒ် ပြီး၏၊