မာတိကာသို့ ခုန်သွားရန်

ဓမ္မရာဇကဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
ဓမ္မရာဇကဘုရားကျောက်စာ[] (သက္ကရာဇ် ၅၅၈)
by ဇေယျသူရ
1536ဓမ္မရာဇကဘုရားကျောက်စာ[]သက္ကရာဇ် ၅၅၈ဇေယျသူရ (စည်သူမင်းကြီး)

(မျက်နှာဘက်)

၁၊၂၊၂၃၊၁။
၁ “။ ဝ ။ နမော တဿ ဘဂဝတော အရဟတော။ ဝ ။”

[နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။]

၁၊၂၊၂၃၊၂။
၅ “။ ဝ ။ သကရစ် ၅၅၈ ခု အာသတ်နှစ် သန္တူလ္ဆန်
၁၄ ရျက် ၁နွေိယ်နေိယ်အာ။ အရိမဒ္ဒနပူရမည်
၆ သောပြည်ကိုဝ်လေ အစိုဝ်ရထသော။ နိုင်ငံက္လျယ်ခြင် အရာကာ။ အရှေသိုဝ်လါသောနိုင်ငံကာ။ သလွ
၇ င် မ္လစ်အရှေဘက်အတိုင်။ တောင်ကာ ထဝယ်။ ဝ(ညွ)တ်။ သင်..။ တနင်သာရိ။ တဂံရွာ။ သလင်
၈ ကြေ။ မစ္ဆကရိ။ တွ . ရိ။ .. ။ လန္ဒကတိုဝ္အ်။ အနောက္က်ာ မစ္ဆကရိ။ ဝ(ရာ)တောင်။ ... တောင်။
၉ ပတိက္ကရာ။ တိက္ကစရ။ မ္လေစ်ဩက္က်ာ တကောင်။ ငဆောင်ချံ။ ဥဆောတ်စာ။ ငတယည် ပ္လင်နှင်
၁၀ ညောင်ပင်။ ဆင်စာ။ မြင်ခုံမ်တိုင်။ (ပြည်မ)။ ရန်အတာ ဓာသောသုရယ်ကာ ...၀၀၀။
၁၁ စစ်သွာသောသုရယ်ကာ သြေင်ခြင်ဝင်လျက်။ ၁၅၀၀၀၀၀။ ဤသိုဝ်သော နိုင်ငံရန်ခ
၁၂ ပ်သိမ်ကိုဝ် နှိပ်နင်နိုင်ထသော။ ဇမ္ဗုဒိပ်ထက်နှိုက် ဖုန်တန်ခိုဝ်ဖ္လင် ကိုဝ်တိုင် က္လျောဝ်
၁၃ စောဝ်နိုင်ထသော။ သြိတြိဘုဝနာဒိတျာပဝရပဏ္ဍိတ ဓမ္မရာဇာနရပတိပု(ရှာရှင်ဧအ်)
၁၄ သာ။ ဇေယျသူရမည်သော မင်ကြီသည်တေည်။ အရိမဒ္ဒန ပူရမည်သောပုကံပြည်...”

[သက္ကရာဇ် ၅၅၈ခု အာသဠှီနှစ်၊ သန်တူလဆန်း ၁၄ ရက်၊ ၁ နွေနေ့အား အရိမဒ္ဒနပူရမည်သောပြည်ကိုလည်း အစိုးရထသော နိုင်ငံကျယ်ခြင်းအရာကား အရှေ့သို့ လားသော နိုင်ငံကားသံလွင်မြစ်အရှေ့ဘက်အတိုင်း၊ တောင်ကားထားဝယ်၊ ဝ(ညွ)တ်၊ သင်..၊ တနင်္သာရီ၊ တဂံရွာ၊ သလင်ကြေ၊ မစ္ဆဂီရိ၊ တွ. ရိ၊ လန္ဒ၊ ကတို့၊ အနောက်ကား မစ္ဆဂီရိ၊ ဝရာတောင်၊ .. တောင်၊ ပဋိက္ကရား၊ တိက္ကစရ၊ မြောက်ကား တကောင်း၊ ငဆောင်ချမ်း၊ ဥဆစ်စာ၊ ငတယည်ပြင် နှင့် ညောင်ပင်၊ ဆင်စာ၊ မြင်းခုံတိုင်၊ (ပြည်မ)၊ ရန်အတားထားသော သူရဲကား ...ဝဝဝ၊ စစ်သွား သောသူရဲကား အောင်ခြင်းဝင်လျက် ၁၅ဝဝဝဝဝ။ ဤသို့သော နိုင်ငံရန်ခပ်သိမ်းကို နှိပ်နင်းနိုင်ထသော၊ ဇမ္ဗူဒိပ်ထက်၌ ဘုန်းတန်ခိုးဖြင့် ကိုယ်တိုင် ကျော်စော နိုင်ထသော၊ ခြီတြိဘုဝနာဒိတျပဝရပဏ္ဍိတဓမ္မရာဇာ နရပတိ ဘု(ရားရှင်၏ )သား ဇေယျသူရမည်သော မင်းကြီးသည်တည်း အရိမဒ္ဒနပူရမည်သော ပုဂံပြည်...]

၁၊၂၊၂၃၊၃။
၁၅ “စာတီ၄္တကိုဝ်တည်အံသော ပုညခေတ္တလေဖ္လစ်ဓသော စုမ္ဗလက္ခန[] (ဟိသောမ္လိယ်)
၁၆ ကိုဝ် ကြည်ရာလတ်သောတေည်။ ဓန်လုံမ်လေါက်အတိုင် (အရှဲ)ဟိသော။ ဖွေဖွေ ၅ မ္လျောင္အ်
၁၇ ၅ မ္လျက်နှာဟိသောကိုဝ် မြင်သောဟုတ္တေ။”

[စေတီတော်ကိုတည်အံ့သော၊ ပုညခေတ္တလည်း ဖြစ်ထ သော စုမ္ဗလက္ခဏာ(ရှိသောမြေ)ကို ကြည့်ရာလတ် သတည်း။ ထန်းလုံးလောက် အတိုင်းအရှည်ရှိသော ဖွေးဖွေး ၅ မြှောင့် ၅ မျက်နှာရှိသောကို မြင်သော ဟုတ်တည်း။]

(ကျောဘက်)
၁၊၂၊၂၈၊၁။
၁ “။ ။ ပ္လည်မနာရွာခွင် ညောင်ပင်ကြီ မ္လေိယ်တံ ၁၄၁+။ ကျွန်တံ ၈၅ ယောက် နွာတံ ၁၀၀။ ။ သင်တောင်ရွာ
၂ ခွင် ပေါင်လောင်အရှိယ်မ္လစ်ထောင် သင်ထွယ်မြောင် အရှိယ်မ္လစ်ထောင်
အရှိယ် ဘတ်လဝရွာနောက်ဟိသော လဲတံတရပ်ကာ
၃ ၈၀”

[ပြည်မနာရွာခွင် ညောင်ပင်ကြီး မြေတံ ၁၄၁၁/၄၊ ကျွန်တံ ၈၅ ယောက်၊ နွားတံ ၁၀၀၊ သင်တောင်ရွာခွင် ပေါင်းလောင်းအရှေ့မြောက်ထောင့် သင်းတွဲမြောင်း အရှေ့ ဘတ်လဝရွာနောက်ရှိသော လယ်တံတစ်ရပ်ကား ၈၀။]

၁၊၂၊၂၈၊၂။
၂၇ “ဤကာ ဓမ္မရာဇကဖုရာအလိုဝ်ရစေသော ဟုတ္တေ။”

[ဤကား ဓမ္မရာဇကဘုရားအလို ရစေသော ဟုတ်တည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. * မူလထိုးကျောက်စာဟုသတ်မှတ်ရန်သံသယဖြစ်ဖွယ်ရှိသည်။
  2. * အနက်မသိသာ။