နယုန်လဘွဲ့ လေးချိုး
ပုံပန်းသွင်ပြင်
ရိုက်ချုန်းရယ်တဲ့ စည်ပုစွန်
ငွေဝန်း စန္ဒာနှင့်
ကြယ်ဇေဋ္ဌာယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။
နွေနယုန် မေထုန်ရက်မှာလ
နဘေဘုံ ရေမှုန်တက်ပါလို့
လေဟုန်စက် ထိန့်ထိန့်လွန်
ခြိမ်ခြိမ့်သွန်ပါလို့ စွေကာသဲ။
ခါပျော်ရန်
စာတော်ပြန် သဘင်ခန်းမှာလ
ဆင်မြန်းရန် ရဝေမယ်တို့
ငွေစံပယ် ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာ ကုံးဆင်ဖို့ ရွေးကြလိမ့်
မွှေးတဲ့လပဲ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |