မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရုပ်နာမ်ကို ပူးတွဲ သိမ်းဆည်းပါ

ဝီကီရင်းမြစ် မှ
1716နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းရုပ်နာမ်ကို ပူးတွဲ သိမ်းဆည်းပါ = ရူပါရူပပရိဂ္ဂဟလုပ်ငန်းဖားအောက်တောရဆရာတော်

ရုပ်နာမ်ကို ပူးတွဲ သိမ်းဆည်းပါ = ရူပါရူပပရိ ဂ္ဂဟလုပ်ငန်း

အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၁] မူလဋီကာ[မှတ်စု ၂] အနုဋီကာ[မှတ်စု ၃]တို့၏ ညွှန်ကြားချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်နာမ်ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကို ပြုလုပ်ရဦးမည်သာ ဖြစ်သည်။ သို့သော် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်သိမ်းဆည်းပုံအပိုင်းကို လက္ခဏာဒိစတုက္ကပိုင်း ဟူသော အမည်ဖြင့် သီးသန့်ဖော်ပြမည် ဖြစ်ပေသည်။ ယခု ဤအပိုင်းတွင်ကား ရုပ်နာမ် ပရမတ်တို့၏ သဘာဝလက္ခဏာကိုပင် ဦးစားပေး၍ သိမ်းဆည်းထားနှင့်ပါဦး။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရ အလိုက် သိမ်းဆည်းထားသဖြင့် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းရာ = ရုပ်နာမ်ခွဲရာ၌လည်း အာယတနဒွါရအလိုက် သိမ်းဆည်းခြင်းက ပို၍ ဆီလျော်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ ဇယားများတွင် မှီရာဝတ္ထုရုပ်များကို ဖော်ပြထားသည့် အတိုင်း ရုပ်အစစ်တို့ကို ပဓာနထား၍ ရုပ်အတုတို့ကိုပါ ရောနှောသိမ်းဆည်းလျက် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ ဇယားများ၌ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ဝိပဿနာရှုကောင်းသော ရုပ်အစစ်တို့ကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ပုံစံထုတ်၍ ဆိုရသော် စက္ခုဒွါရဝီထိဝယ် –

၁။ ပဉ္စဒွါရာဝဇ္ဇန်း၌– ဟဒယ၌ရှိသော မှီရာဝတ္ထုရုပ် (၆၃)မျိုးနှင့် ရူပါရုံက ရုပ်တရား, စိတ်စေတသိက် (၁၁)လုံးက နာမ်တရား –
၂။ စက္ခုဝိညာဏ်၌– စက္ခု၌ရှိသော မှီရာဝတ္ထုရုပ် (၆၃)မျိုးနှင့် ရူပါရုံက ရုပ်တရား, စိတ်စေတသိက် (၈)လုံးက နာမ်တရား –

ဤသို့ စသည်ဖြင့် ဝီထိစိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ နည်းတူပင် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ အတန်းတိုင်း၌ သိမ်းဆည်းပါ။ (ဇယားတွင် ကြည့်ပါ။)

  1. ရူပါရူပံ ပန ပရိဂ္ဂဏှန္တော ... (အဘိ၊ဋ္ဌ၊၁၊၂၆၀။)
  2. ရူပါရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော။ (မူလဋီ၊၁၊၁၁၂။)
  3. ပရိ စ္ဆိန္ဒိတွာ ဂဟဏံ ပရိဇာနနံ။ (အနုဋီ၊၁၊၁၁၉။)