မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝိညာဏပစ္စယာ နာမရူပံ

ဝီကီရင်းမြစ် မှ

ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်၏၊

ဤ၌ နာမ်ရုပ်၏ အကြောင်းရင်းဖြစ်သော ဝိညာဏ်သည် –
(၁) ဝိပါကဝိညာဏ်, (၂) အဝိပါကဝိညာဏ် - ဟု နှစ်မျိုး ရှိ၏၊[မှတ်စု ၁]

ထိုတွင် - ပဋိသန္ဓေ ဘဝင် စုတိ ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံဝိညာဏ်တို့ကား ဝိပါကဝိညာဏ်တို့တည်း။ ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်, ကြိယာဝိညာဏ်တို့ကား အဝိပါကဝိညာဏ်တို့တည်း။ ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်တို့ကို ဘဝသစ်ကို အထူးထူး အထွေထွေ ပြုစီမံတတ်သောကြောင့် အဘိသင်္ခါရဝိညာဏ်ဟု ခေါ်ဆို၏၊ ကမ္မဝိညာဏ်ဟုလည်း ခေါ်ဆို၏၊[မှတ်စု ၂]

တစ်နည်း ––- ယင်း ဝိပါကဝိညာဏ် အဝိပါကဝိညာဏ်တို့ကို ကမ္မဝိညာဏ်, သဟဇာတဝိညာဏ်, ပစ္ဆာဇာတဝိညာဏ်ဟုလည်း ခေါ်ဆို၏၊[မှတ်စု ၃]

အတိတ်ဘဝသံသရာက ပြုစုပျိုးထောင်ခဲ့သော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရ အမည် ရသော ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်တို့သည် ကမ္မဝိညာဏ် မည်၏၊ ပဋိသန္ဓေမှစ၍ ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေသော, စေတသိက်နာမ်နှင့် စိတ္တဇရုပ်ကို ဖြစ်စေနိုင်သော, အကျိုးနာမ်ရုပ်နှင့် အတူ ဥပါဒ်သော = ပြိုင်တူ ဖြစ်သော ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်, ဝိပါက်ဝိညာဏ်, ကြိယာဝိညာဏ်တို့သည် အကြောင်းတရားနှင့် အကျိုးတရားတို့ နှစ်မျိုးလုံး ပြိုင်တူ ဖြစ်သောကြောင့် သဟဇာတဝိညာဏ် မည်၏၊ ထိုတွင် ဒွေပဉ္စဝိညာဏ်တို့ကား စေတသိက်နာမ်ကိုသာ ဖြစ်စေနိုင်၍ စိတ္တဇရုပ်ကို မဖြစ်စေနိုင်သော သဟဇာတဝိညာဏ် များတည်း။ ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်သော = ပြိုင်တူဖြစ်သော ရုပ်တရားတို့ကို သက်တမ်း ကုန်ဆုံးသည့်တိုင်အောင် အရှည်ခိုင်ခံ့ တည်တံ့အောင် အားပေးထောက်ပံ့တတ်သော = ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်သော (ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာ) စိတ်ဝိညာဏ် ဟူသမျှသည် ပစ္ဆာဇာတဝိညာဏ် မည်၏၊ ကမ္မဝိညာဏ်နှင့် ပစ္ဆာဇာတဝိညာဏ်ကို အကြောင်းနှင့် အကျိုးတို့ ပြိုင်တူ မဖြစ်ကြသောကြောင့် အသဟဇာတဝိညာဏ်ဟုလည်း ခေါ်ဆို၏၊ ထိုတွင် ကမ္မဝိညာဏ် ရှုကွက်ကား သင်္ခါရနှင့် ကွင်းဆက်ဖြစ်နေသဖြင့် ယင်းကမ္မဝိညာဏ် ရှုကွက်ကို ရှေ့ဦးစွာ တင်ပြအပ်ပါသည်။

ကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ် –– အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သင်္ခါရကံတို့နှင့် ယှဉ်တွဲနေသော (ကုသိုလ်-အကုသိုလ်) ဝိညာဏ်သည် ကမ္မဝိညာဏ် မည်၏၊ အထူးသဖြင့် အထက်တွင် ဖော်ပြထားသော –သင်္ခါရပစ္စယာ ဝိညာဏံ – ၌ ပါဝင်သော အကြောင်းသင်္ခါရတရားစု (၃၄)တို့၌ အကျုံးဝင်သော အသိစိတ် ဝိညာဏ်သည်လည်း ကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ်ပင် မည်ပေသည်။ ဤအပိုင်း၌ ယင်းကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ်ကို အထူးဦးစားပေး၍ ရှုရန် ဖြစ်သည်။

အနာဂတ်ဘဝတစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော ပစ္စုပ္ပန် သင်္ခါရကံတို့နှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေသော (ကုသိုလ်-အကုသိုလ်) ဝိညာဏ်သည်လည်း ကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ်ပင်ဖြစ်သည်။

အတိတ်ကမ္မဝိညာဏ်ကြောင့် ပစ္စုပ္ပန်တွင် ပဋိသန္ဓေနာမ်+ရုပ်စသော ဝိပါက်နာမ်ရုပ် = ဝိပါက် စိတ်+စေတသိက်+ ကမ္မဇရုပ်များ ဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန်ကမ္မဝိညာဏ်ကြောင့် နောင်အနာဂတ်တွင် ဥပပတ္တိဘဝ အမည်ရသော = ဇာတိအမည်ရသော ပဋိသန္ဓေနာမ်ရုပ်စသော ဝိပါက်နာမ်ရုပ် = ဝိပါက် စိတ်+စေတသိက်+ကမ္မဇရုပ်များ ဖြစ်ပုံကို လည်းကောင်း ပစ္စက္ခဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းအကျိုး သိမ်းဆည်းနိုင်သည်၊ ဝိပဿနာ ရှုနိုင်သည်။ သို့သော်လည်း ဤအပိုင်းကား အတိတ်ကမ္မဝိညာဏ်ကြောင့် ပစ္စုပ္ပန်ဝိပါက်နာမ်ရုပ်များ ဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်ပေသည်။

နာမ် - ရုပ် – အထက်ပါအတိုင်း အကြောင်းတရားဘက်၌ ကမ္မဝိညာဏ်ကိုသာ ဝိညာဏ်အရ ကောက်ယူခဲ့သော် အကျိုးနာမ်ရုပ်ဘက်တွင် နာမ်တရားအရ စေတသိက်နာမ်တရားစုကိုသာမက ဆိုင်ရာ ဝိပါက်ဝိညာဏ်ကိုပါ ထည့်သွင်း၍ ကောက်ယူပါ။ အကြောင်းဝိညာဏ်အရ အတိတ် ကမ္မဝိညာဏ်ကိုသာ ကောက်ယူထားသောကြောင့်လည်းကောင်း, ယင်းဝိပါက်ဝိညာဏ်မှာလည်း ယင်းအတိတ်ကမ္မဝိညာဏ်ကြောင့်ပင် ထင်ရှားဖြစ်ပေါ်လာရသောကြောင့်လည်းကောင်း ဖြစ်သည်။ တစ်ဖန် ရုပ်တရားအရတွင်မူ ကမ္မဇရုပ်ကိုသာ တိုက်ရိုက်ကောက်ယူရ၏၊ သို့သော် မကင်းစကောင်းသော အဝိနာဘာဝနည်းအရ ကမ္မဇရုပ်ကို ရှုပါက ရောနှော၍ မြင်နိုင်သော ကျန် စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်များကိုပါ ရောနှော၍ ဝိပဿနာရှုပါက အပြစ် မဖြစ်ပါ။ အကြောင်းအကျိုး သိမ်းဆည်းရာ၌သာ ကမ္မဇရုပ်နှင့် အကြောင်း အကျိုးစပ်၍ သိမ်းဆည်းပါ။ ဤရှင်းလင်းချက်များအရ ရှုကွက်မှာ ဤသို့ ဖြစ်၏၊ ––

ရှုကွက်ပုံစံအချို့

၁။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ ပဋိသန္ဓေ နာမ်ရုပ်က အကျိုးတရား။
၂။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ဘဝင် နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ ဘဝင် နာမ်ရုပ်က အကျိုးတရား။
၃။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် စုတိ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ စုတိ နာမ်ရုပ်က အကျိုးတရား။

စက္ခုဒွါရဝီထိ - ဝိပါက်နာမ်ရုပ်

၁။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် နာမ်ရုပ်က အကျိုးတရား။
၂။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း နာမ်ရုပ်က အကျိုးတရား။
၃။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် သန္တီရဏ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ သန္တီရဏ နာမ်ရုပ်က အကျိုးတရား။
၄။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် တဒါရုံ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ တဒါရုံ နာမ်ရုပ်က အကျိုးတရား။ [မှတ်စု ၄][မှတ်စု ၅]

သဟဇာတဝိညာဏ်ကြောင့် သဟဇာတနာမ်ရုပ်ဖြစ်ပုံ

၁။ ပဋိသန္ဓေဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ နာမ်ရုပ် ဖြစ်၏၊
ပဋိသန္ဓေဝိညာဏ်က အကြောင်းတရား၊ ပဋိသန္ဓေ နာမ်ရုပ်က အကျိုးတရား။
နာမ် = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်ဖက် စေတသိက် (၃၃)။
ရုပ် = ကမ္မဇရုပ် (၃၀)။
၂။ ဘဝင်ဝိညာဏ် ဖြစ်ခြင်းကြောင့် ဘဝင် နာမ်ရုပ် ဖြစ်၏၊
ဘဝင်ဝိညာဏ်က အကြောင်းတရား၊ ဘဝင် နာမ်ရုပ်က အကျိုးတရား။ [မှတ်စု ၆]၃။ စုတိဝိညာဏ် ဖြစ်ခြင်းကြောင့် စုတိ နာမ်(+ရုပ်) ဖြစ်၏၊
စုတိဝိညာဏ်က အကြောင်းတရား စုတိ နာမ်(+ရုပ်)က အကျိုးတရား။
* ပဉ္စဒွါရာဝဇ္ဇန်းဝိညာဏ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း နာမ်+ရုပ် ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းဝိညာဏ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း နာမ်+ရုပ်က အကျိုးတရား။
၄။ စက္ခုဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် နာမ် ဖြစ်၏၊
စက္ခုဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် နာမ်က အကျိုးတရား။
နာမ် = ယှဉ်ဖက်စေတသိက် (၇)လုံးတည်း။
တစ်နည်း –
စက္ခုဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် နာမ်+ရုပ် ဖြစ်၏၊
စက္ခုဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် နာမ်+ရုပ်က အကျိုးတရား။ [မှတ်စု ၇]၅။ သမ္ပဋိ စ္ဆိုင်းဝိညာဏ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း နာမ်+ရုပ် ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းဝိညာဏ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း နာမ်+ရုပ်က အကျိုးတရား။ [မှတ်စု ၈]၆။ သန္တီရဏဝိညာဏ် ဖြစ်ခြင်းကြောင့် သန္တီရဏ နာမ်+ရုပ် ဖြစ်၏၊
သန္တီရဏဝိညာဏ်က အကြောင်းတရား၊ သန္တီရဏ နာမ်+ရုပ်က အကျိုးတရား။
* ဝုဋ္ဌောဝိညာဏ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော နာမ်+ရုပ် ဖြစ်၏၊
ဝုဋ္ဌောဝိညာဏ်က အကြောင်းတရား၊ ဝုဋ္ဌော နာမ်+ရုပ်က အကျိုးတရား။
* ပထမဇောဝိညာဏ် ဖြစ်ခြင်းကြောင့် ပထမဇော နာမ်+ရုပ် ဖြစ်၏၊
ပထမဇောဝိညာဏ်က အကြောင်းတရား၊ ပထမဇော နာမ်+ရုပ်က အကျိုးတရား။
ပ။
သတ္တမဇောဝိညာဏ် ဖြစ်ခြင်းကြောင့် သတ္တမဇော နာမ်+ရုပ် ဖြစ်၏၊
သတ္တမဇောဝိညာဏ်က အကြောင်းတရား၊ သတ္တမဇော နာမ်+ရုပ်က အကျိုးတရား။
၇။ ပထမတဒါရုံဝိညာဏ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ နာမ်+ရုပ် ဖြစ်၏၊
ပထမတဒါရုံဝိညာဏ်က အကြောင်းတရား၊ ပထမတဒါရုံ နာမ်+ရုပ်က အကျိုးတရား။
ဒုတိယဒါရုံဝိညာဏ် ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ နာမ်+ရုပ် ဖြစ်၏၊
ဒုတိယတဒါရုံဝိညာဏ်က အကြောင်းတရား၊ ဒုတိယတဒါရုံ နာမ်+ရုပ်က အကျိုးတရား။
* မနောဒွါရာဝဇ္ဇန်းဝိညာဏ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း နာမ်+ရုပ် ဖြစ်၏၊
မနောဒွါရာဝဇ္ဇန်းဝိညာဏ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း နာမ်+ရုပ်က အကျိုးတရား။

ဇော, တဒါရုံတို့၌လည်း နည်းတူသဘောပေါက်ပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့် စိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် သိမ်းဆည်း ရှုပွားပါ။ ဤရှုကွက်များနှင့် ပတ်သက်၍ ထောက်ထားရန် ကျမ်းဂန် အဆိုအမိန့်များမှာ သမ္မောဟဝိနောဒနီအဋ္ဌကထာ မူလဋီကာနှင့် အနုဋီကာ[မှတ်စု ၉]တို့ ဖြစ်ကြ၏၊

  1. ယဥှိ နာမရူပဿ ဟေတု ဝိညာဏံ၊ တံ ဝိပါကာဝိပါကဘေဒတော ဒွိဓာ မတံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၄။)
  2. (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၅။ မဟာဋီ၊၂၊၃၁၉။)
  3. (မူလဋီ၊၂၊၁၁၅။)
  4. မှတ်ချက်--- သောတဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက် နာမ်ရုပ်စသည်တို့ ဖြစ်ပုံကို နည်းမှီ၍ ရှုပါ။ ဝိပဿနာရှုရာ၌ အာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော- တို့ကို ရောနှော၍ ရှုသော်လည်း အပြစ်မဖြစ်ပါ။ အကြောင်း အကျိုး သိမ်းဆည်းရာ၌သာလျှင် အတိတ် ကမ္မဝိညာဏ်နှင့် ဝိပါက်နာမ်ရုပ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းပါ။ (၆)လိုင်းလုံး ကုန်စင်အောင် ရှုပါ။ တစ်လိုင်းတစ်လိုင်း၌လည်း နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် အတန်းတိုင်း၌ရှိသော ဝိပါက်နာမ်ရုပ်တို့ကို ကုန်စင်အောင် ရှုပါ။
  5. သင်္ခါရနှင့် ကမ္မဘဝ = ကံ ခွဲခြားသတ်မှတ်ချက်ကို ရှေး (စာမျက်နှာ၊၄၇၄)တွင် ပြန်ကြည့်ပါ။ ၇၁၄
  6. မှတ်ချက်---- နာမ်တရားအရ ဆိုင်ရာ ဘဝင်ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်ဖက်ဖြစ်သည့် စေတသိက် နာမ်ကိုသာ ကောက်ယူပါ။ ရုပ်တရားအရ ယင်းဘဝင်ဝိညာဏ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကို ပဓာနထား၍ ကောက်ယူပါ၊ ရှုပါ။ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ယင်းစိတ္တဇရုပ်တို့နှင့် အတူပြိုင်၍ ဖြစ်နေကြသော ဖြစ်ဆဲ တည်ဆဲ ဖြစ်ကြ ကုန်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ရောနှော၍ ဝိပဿနာရှုပါက အပြစ်မဖြစ်ပါ။ အကြောင်းအကျိုး သိမ်းဆည်းရာ၌ကား ဆိုင်ရာဝိညာဏ်နှင့် စိတ္တဇရုပ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဝီထိစိတ်များ၌လည်း နည်းတူ မှတ်ပါ။ ဝီထိစိတ်တို့၌ ဝိပါက်ဝိညာဏ်ဟုဆိုလျှင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဝိပါက်ဝိညာဏ်တို့ကိုသာ ဆိုလို၏၊ သဟဇာတဝိညာဏ်ဟု ဆိုလျှင် ဝိပါက်ဝိညာဏ်များသာမက ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇောဟူသော ကိရိယာဝိညာဏ် ဇောဝိညာဏ်တို့လည်း သဟဇာတ ဝိညာဏ်၌ ပါဝင်ကြသည်ဟု မှတ်ပါ။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင်- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့မှာ သုတ္တန်ဒေသနာတော်နည်းအရ ဝိပါက်တရားတို့သာ ဖြစ်ကြ၏၊ (မဟာဋီ၊၂၊၃၂၃။) သို့သော် ယင်းဝိပါက်တရားတို့တွင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏတို့သည် ပဉ္စဒွါရာဝဇ္ဇန်းမပါဘဲ, တဒါရုံတို့သည် ဇောမပါဘဲ ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြ။ သို့အတွက် ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇောတို့ကို ရောနှော၍ အကြောင်း-အကျိုး သိမ်းဆည်းရာ၌လည်း ရောနှော သိမ်းဆည်းပါက အပြစ်မဖြစ်ပါ။ ဝိပါကဝဋ္ဋကထာပိုင်းတွင် မပါဟု သဘောပေါက်နေပါက အပြစ်မဖြစ်နိုင်ပါ။ စုတိစိတ်က စိတ္တဇရုပ်ကို ဖြစ်စေမှု မဖြစ်စေမှုနှင့် ဆက်စပ်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက်ပင် ရှိသည်။
  7. သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်တို့၌လည်း နည်းတူပင် ရှုပါ။ နာမ်မှာ ယှဉ်ဖက်စေတသိက် (၇)လုံးပင် ဖြစ်သည်။ ရုပ်-မှာ စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်တို့သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ကြသဖြင့် ယင်းစက္ခုဝိညာဏ် စသည့် ပဉ္စဝိညာဏ်အခိုက်ဝယ် ဖြစ်နေသော ကမ္မဇရုပ်ကို ရုပ်-အရ ကောက်ယူပါ။ ယင်းကမ္မဇရုပ်ကို အာရုံယူ၍ ပဓာနပြု၍ ရှုပါ။ ထိုအချိန်အခါ၌ ဥပါဒ်ဆဲဖြစ်ကြကုန်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်းကောင်း, ရှေးရှေးစိတ်တို့ကြောင့် ဖြစ်ကြကုန်သော ဌီကာလသို့ ရောက်ဆဲ စိတ္တဇရုပ်တို့ကိုလည်းကောင်း ရောနှော၍ ဝိပဿနာရှုပါက အပြစ်မဖြစ်ပါ။ အရာရာတိုင်း၌ နည်းတူ မှတ်ပါ။
  8. နာမ်မှာ သမ္ပဋိ စ္ဆိုင်းစိတ်နှင့် ယှဉ်ဖက်စေတသိက် (၁၀)လုံး ဖြစ်၏၊ ရုပ်မှာ သမ္ပဋိ စ္ဆိုင်းစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ဖြစ်၏၊ ထိုသမ္ပဋိ စ္ဆိုင်းစိတ်၏ ခဏတ္တယ = ခဏသုံးပါးအခိုက်၌ ဖြစ်ပေါ်နေကြသော ကမ္မဇ ဥတုဇ အာဟာရဇရုပ်တို့ကိုပါ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ရောနှော၍ ဝိပဿနာရှုလျှင်လည်း အပြစ်မဖြစ်ပါ။ သန္တီရဏစသော နောက်ဝီထိစိတ်တို့၌လည်း နာမ်အရ ယှဉ်ဖက်စေတသိက် နာမ်တရားများကို ထိုက်သလို ကောက်ယူပါ။ ရုပ်အရ ကောက်ယူပုံမှာ နည်းတူပင် မှတ်ပါ။
  9. နာမရူပဿ ယံ ဟေတု၊ ဝိညာဏံ တံ ဒွိဓာ မတံ။
    ဝိပါကမဝိပါကဉ္စ၊ ယုတ္တမေဝ ယတော ဣဒံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။)
    သဟဇာတဝိညာဏပစ္စယာ နာမရူပံ၊ ကမ္မဝိညာဏပစ္စယာ စ နာမရူပဉ္စ ယထာသမ္ဘဝံ ယောဇေတဗ္ဗံ။ (မူလဋီ၊၂၊၁၁၅ )
    ကမ္မဝိညာဏပ္ပစ္စယာ ဝိပါကစိတ္တပ္ပဝတ္တိကာလေ ဝိပါကနာမဿ ကမ္မသမုဋ္ဌာနရူပဿ စ ဝသေန။ သဟဇာတဝိညာဏပစ္စယာ ပန ဣတရစိတ္တပ္ပဝတ္တိကာလေပိ ဝိပါကော ဝိပါကနာမဝသေန, စိတ္တသမုဋ္ဌာနရူပဝသေန စ နာမရူပဿ သမ္ဘဝေါ ဒေဿတဗ္ဗောတိ အာဟ “သဟဇာတ။ ပ။ ယောဇေတဗ္ဗ”န္တိ။ (အနုဋီ၊၂၊၁၂၈။)