နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သဠာယတနပစ္စယာ ဖဿော
သဠာယတနပစ္စယာ ဖေဿာ = သဠာယတနဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏၊
ဖဿ –– စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿဟု အကျဉ်းအားဖြင့် ဖဿ (၆)မျိုး ရှိ၏၊ ထိုတွင် ပဋိသန္ဓေˆဘဝင်-စုတိတို့နှင့် ယှဉ်သော ဖဿ, ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ, မနောဒွါရာဝဇ္ဇန်းတို့နှင့် ယှဉ်သော ဖဿ –– ဤဖဿအားလုံးသည် မနောသမ္ဖဿ မည်၏၊
သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကြီးများ[မှတ်စု ၁]နှင့် အညီ ဤပဋိစ္စသမုပ္ပါဒ် သုတ္တန္တဘာဇနီယ ဒေသနာတော်ကား အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်ထားသော ကံကြောင့် အကျိုးဝိပါကဝဋ် ဖြစ်ပုံကို ထင်ရှားဖော်ပြသော ဥပါဒိဏ္ဏကပဝတ္တိကထာ ဒေသနာတော် ဖြစ်၏၊ ထိုကြောင့် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သော အကြောင်းတရားနှင့် အကျိုးတရားကိုသာ ဆရာမြတ်တို့က ထင်ရှားပြတော်မူကြသည်။
မဟာဝိဟာရဝါသီ ဆရာမြတ်ကြီးတို့ကား ပဋိစ္စသမုပ္ပါဒကထာဝယ် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့၌ အကြောင်းအကျိုး နှစ်ရပ်လုံးဝယ် မိမိသန္တာန်၌ အကျုံးဝင်သော အကြောင်းအကျိုးကို ထင်ရှားပြတော်မူရာ၌ ဝိပါကဝဋ်တရားကိုသာလျှင် အလိုရှိတော်မူကြ၏၊[မှတ်စု ၂]
အဘိဓမ္မာဝိဘင်းပါဠိတော်[မှတ်စု ၃]၌ –– ဆဋ္ဌာယတနပစ္စယာ ဖေဿာ = ခြောက်ခုမြောက် အာယတန = မနာယတနဖြစ်ခြင်းကြောင့် မနောသမ္ဖဿ ဖြစ်၏ဟု ဟောကြားထားတော်မူ၏၊ ထိုပါဠိတော်ကား အရူပဘုံ၌ မနာယတနကြောင့် ဖဿ ဖြစ်ပုံ = မနောသမ္ဖဿ ဖြစ်ပုံကို ရည်ရွယ်၍ ဟောကြားထားတော်မူခြင်း ဖြစ်၏၊ ထိုကြောင့် ပဉ္စဝေါကာရဘုံ၌ သဠာယတန, အရူပဘုံ၌ ဆဋ္ဌာယတနဟု မှတ်သားပါ။
သဠာယတန ––- စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန ဟူသော အတွင်းအာယတန = အဇ္ဈတ္တိကာယတန (၆)ပါး, ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဟု အပြင်အာယတန = ဗာဟိရာယတန (၆)ပါး - နှစ်ရပ်ပေါင်း အာယတန (၁၂)ပါး လုံးကိုပင် ဤအရာ၌ သဠာယတနအရ ကောက်ယူပါ။ ဤအတွင်းအာယတန အပြင်အာယတနတို့ကား စိတ် စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သော ကိရိယာ တန်ဆာပလာများ ဖြစ်ကြသည်။ စက္ခာယတနဟူသော စက္ခုအကြည်ဓာတ်နှင့် ရူပါယတနဟူသော ရူပါရုံတို့ တွေ့ဆုံကြုံကြိုက်ရာဝယ် ယင်းရူပါရုံသည် ဣဋ္ဌာရုံဖြစ်က ပြုံး၍ ပုံကြီးချဲ့တတ်၏၊ ယင်းရူပါရုံသည် အနိဋ္ဌာရုံ ဖြစ်က မဲ့၍ ပုံကြီးချဲ့တတ်၏၊ ထိုကြောင့် ယင်းစက္ခာယတန ရူပါယတန တို့သည် ရူပါရုံကို အာရုံယူကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတည်းဟူသော စိတ် စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးတတ်သော ပုံကြီးချဲ့ကြိယာ တန်ဆာပလာတို့ ဖြစ်ကြသည်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။
ယင်းအာယတန (၁၂)ပါးတို့တွင် ဓမ္မာယတန၌ ––- (က) စေတသိက် (၅၂)ပါး, (ခ) သုခုမရုပ် (၁၆)ပါးတို့ ပါဝင်လျက် ရှိကြ၏၊ ထို့ကြောင့် ဆိုင်ရာစိတ်နှင့် ယှဉ်ဖက်စေတသိက်ဟူသမျှသည် ဓမ္မာယတန မည်၏၊ သုခုမရုပ်တို့တွင် ဟဒယဝတ္ထုရုပ်လည်း ပါဝင်နေသဖြင့် ယင်းဟဒယဝတ္ထုရုပ်သည်လည်း ဓမ္မာယတနပင် မည်ပေသည်။ ဆိုင်ရာ စိတ်နှင့် ယှဉ်ဖက်စေတသိက်များကို အထူးသဖြင့် ဆိုင်ရာ ဖဿနှင့် ယှဉ်ဖက်စေတသိက်များကို သမ္ပယုတ်ဓမ္မာယတနဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ အသိစိတ် = ဝိညာဏ်ဟူသမျှကား မနာယတနဟူသော အမည်ကို ရရှိပေသည်။
ရှုကွက်ပုံစံအချို့
ပဋိသန္ဓေမနောသမ္ဖဿ == ပဋိသန္ဓေစိတ်နှင့် ယှဉ်သော ဖဿ
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
ဟဒယဝတ္ထုဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
၂။ (ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော) ဗာဟိရာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏၊
ဗာဟိရာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
၃။ ပဋိသန္ဓေဝိညာဏ် = မနာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
ပဋိသန္ဓေဝိညာဏ် = မနာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ်ဓမ္မာယတန (= ၃၂) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
သမ္ပယုတ်ဓမ္မာယတန (= ၃၂)က အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
ပဋိသန္ဓေမနောသမ္ဖဿမှာလည်း နာမ်တရားပင် ဖြစ်၏၊ နာမ်တရားတို့၏ ဓမ္မတာအတိုင်း မှီရာဝတ္ထုရုပ် ရှိပါမှသာ (ပဉ္စဝေါကာရဘုံ၌) ဖြစ်နိုင်၏၊ တစ်ဖန် ဖဿသည် အာရုံကို တွေ့ထိတတ်သော သဘောဖြစ်ရာ တွေ့ထိစရာ အာရုံရှိပါမှ တွေ့ထိမှု ဖဿလည်း ဖြစ်နိုင်၏၊ တွေ့ထိစရာ အာရုံ မရှိပါက တွေ့ထိမှု ဖဿလည်း မဖြစ်နိုင်။ ယင်း ပဋိသန္ဓေ နာမ်တရားစု၏ အာရုံမှာ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံဖြစ်ရာ ယင်းအာရုံမှာ အာရုံ (၆)ပါး ထိုက်သလို ဖြစ်နိုင်၏၊ အကယ်၍ ကံအာရုံဖြစ်လျှင် ယင်းကံအာရုံမှာ လူသားများအတွက် ကုသိုလ်စေတနာပင် ဖြစ်၍ ယင်းကုသိုလ်စေတနာမှာ ဓမ္မာယတနပင် ဖြစ်၏၊ ယင်းဓမ္မာယတနကို ကွက်၍ ရှုလိုပါက အမှတ် (၂) အာရုံတွင် အောက်ပါအတိုင်း ပြောင်းရှုပါ ..။
၂။ ကံ-အာရုံ = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
ကံ-အာရုံ = ဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
သမ္ပယုတ်ဓမ္မာယတန – ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်ဖက်စေတသိက်များမှာ သောမနဿတိဟိတ်ပဋိသန္ဓေ ဖြစ်လျှင် (၃၃) ရှိကြ၏၊ ယင်းတို့တွင် ဖဿလည်း ပါဝင်၏၊ ပဋိသန္ဓေမနောသမ္ဖဿတည်း။ ပဋိသန္ဓေဝိညာဏ်စိတ်မှာ မနာယတနတည်း။ တစ်ဖန် စေတသိက် (၃၃)တွင် အကျိုးဖဿကို နှုတ်ပါက စေတသိက် (၃၂)တို့ ဖြစ်ကြ၏၊ ယင်းစေတသိက်တို့ကား ဓမ္မာယတနတရားစုတို့တည်း၊ သမ္ပယုတ်ဓမ္မာယတနတည်း။ အရာရာတိုင်းတွင် နည်းတူ မှတ်ပါ။ ဘဝင်မနောသမ္ဖဿ, စုတိမနောသမ္ဖဿတို့ကိုလည်း ပဋိသန္ဓေမနောသမ္ဖဿကို နည်းမှီ၍ ရှုပါလေ။
ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
ဟဒယဝတ္ထုဓမ္မာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန = ရူပါရုံ ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
ရူပါယတန = ရူပါရုံက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။
၃။ ပဉ္စဒွါရာဝဇ္ဇန်းမနာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းမနာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉) ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
သမ္ပယုတ်ဓမ္မာယတန (= ၉)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။ [မှတ်စု ၄]
ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန (= ရူပါရုံ) ...
၃။ ပဉ္စဒွါရာဝဇ္ဇန်းမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉) ...
စက္ခုသမ္ဖဿ = စက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ
၁။ စက္ခာယတန (= စက္ခုဝတ္ထု ) ...
၂။ ရူပါယတန (= ရူပါရုံ) ...
၃။ စက္ခုဝိညာဏ်မနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၆) ...
သမ္ပဋိ စ္ဆိုင်းမနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ သမ္ပဋိ စ္ဆိုင်းမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉) ...
သန္တီရဏမနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ သန္တီရဏမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉/၁၀) ...
ဝုဋ္ဌောမနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ ဝုဋ္ဌောမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၁၀) ...
ပထမဇောမနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ ပထမဇောမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၃၂) ...[မှတ်စု ၅]
ပထမတဒါရုံ မနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ တဒါရုံမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၃၂) ...[မှတ်စု ၆]
မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (ရူပါရုံလိုင်း)
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ မနောဒွါရာဝဇ္ဇန်းမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၁၀) ...[မှတ်စု ၇]
- ↑ “ဥပါဒိဏ္ဏကပဝတ္တိကထာ အယ”န္တိ သကသန္တတိပရိယာပန္နမေဝ ပစ္စယံ ပစ္စယုပ္ပန္နဉ္စ ဒီပေန္တိ။ (အဘိ၊ဋ္ဌ၊၂၊၁၆၈။ ဝိသုဒ္ဓိ၊၂၊၁၉၉၊၊)
- ↑ ယေ တာဝ အာစရိယာ မဟာဝိဟာရဝါသိနောဝ ယထာ ဝိညာဏံ ဧဝံ နာမရူပံ, သဠာယတနံ, ဖဿံ, ဝေဒနဉ္စ ပစ္စယံ ပစ္စယုပ္ပန္နဉ္စ သသန္တတိပရိယာပန္နံ ဒီပေန္တာ ဝိပါကမေဝ ဣစ္ဆန္တိ။ (မဟာဋီ၊၂၊၃၂၃။)
- ↑ (အဘိ၊၂၊၁၄၅-၁၈၇။)
- ↑ မှတ်ချက်---- စာသားကျဉ်းစေရန်အတွက် အထက်ပါ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿကို အောက်ပါအတိုင်း တစ်နည်း ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ အကျဉ်းပင်ဖြစ်သော်လည်း ရှုကွက်ကို ရှုရာ၌ အထက်ပါအတိုင်း ရှုပွားသိမ်းဆည်းပါ။ စက္ခုသမ္ဖဿ စသည်တို့၌လည်း နည်းတူ မှတ်သားပါ။
- ↑ ဒုတိယဇောစသော ကြွင်းကျန်သော ဇောတို့၌လည်းကောင်း, ကြွင်းကျန်သော ကုသိုလ်ဇောဝီထိတို့၌လည်းကောင်း, အကုသိုလ် ဇောဝီထိတို့၌လည်းကောင်း နည်းမှီ၍ ရှုပွားသိမ်းဆည်းပါ။ ဇော (၇)ကြိမ်လုံး စေ့အောင် သိမ်းဆည်းရှုပွားပါ။
- ↑ ကြွင်းကျန်သော မဟာဝိပါက်တဒါရုံ အဟိတ်ကုသလဝိပါက်တဒါရုံ, အကုသလဝိပါက်တဒါရုံတို့ ကျရာ၌လည်း ထိုက်သလို နည်းမှီ၍ ရှုပါ။ သမ္ပယုတ် ဓမ္မာယတန၌သာ စေတသိက်အရေအတွက် အပြောင်းအလဲ ရှိပေသည်။
- ↑ မှတ်ချက်---- ဤရူပါရုံလိုင်း၌ ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကုသိုလ်ဇောဝီထိ အကုသိုလ် ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ ထိုသို့ ရှုရာ၌ သန္တီရဏ ဇော တဒါရုံတို့၌ ဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း စေတသိက်အရေအတွက် အပြောင်းအလဲ ရှိသည်ဖြစ်သဖြင့် သမ္ပယုတ်ဓမ္မာယတနအရ ဖဿမှ ကြွင်းသော စေတသိက်အားလုံးကို ထိုက်သလို ကောက်ယူပါ။ သဒ္ဒါရုံကို အာရုံပြုသည့် သောတဒွါရဝီထိ မနောဒွါရဝီထိ စသည်တို့၌လည်း ရူပါယတနနေရာတွင် သဒ္ဒါယတန = သဒ္ဒါရုံ စသည်တို့သာလျှင် အပြောင်းအလဲရှိသည်။ နည်းမှီ၍ ရှုလေ။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်းတည်းဟူသော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော ဇောတို့မှာ ဝိပါကဝဋ်တွင် မပါဝင်သော်လည်း ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ဦးတည်ချက်ဖြင့်သာ ရောနှော၍ ရှုခြင်း ဖြစ်သည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ (ပဉ္စဒွါရဝီထိအတွင်း၌ တည်ရှိကြသော) တဒါရုံ ဝိပါက်နာမ်ခန္ဓာတို့မှာ ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲ ယင်းတို့ချည်းသက်သက် ဖြစ်နိုင်သည့်စွမ်းအား မရှိကြပေ။ မနောဒွါရဝီထိအတွင်း၌ တည်ရှိသော တဒါရုံ ဖြစ်လျှင်လည်း မနောဒွါရာဝဇ္ဇန်း မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ တစ်ဖန် တဒါရုံများမှာ ဇော၏နောက်၌သာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ဇော မပါဘဲ တဒါရုံကျရိုးဓမ္မတာ မရှိပေ။ ဇောမှာလည်း ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌော မပါဘဲ, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း မပါဘဲ ဖြစ်ရိုးဓမ္မတာ မရှိပေ။ ထိုကြောင့် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်နာမ်တရားတို့ ဖြစ်ပေါ်လာကြပါက အာဝဇ္ဇန်း ဝုဋ္ဌော ဇောတို့မှာ ရောနှောလျက် ပါဝင်ရိုးဓမ္မတာ ဖြစ်ကြ၏၊ ထိုကြောင့် ယင်းဝိပါက်နာမ်တရားတို့ကို ရှုသောအခါ ပရမတ္ထတရားသားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် အာဝဇ္ဇန်း ဝုဋ္ဌော ဇောတို့ကိုလည်း ရောနှော၍ ရှုပါက အပြစ်မဖြစ်နိုင်ဟုသာ မှတ်သားပါ။ ဝိပဿနာနယ်၌ ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးမှာ အထူး အရေးပါလှပေသည်။